Articles Breaking News Knowledge Lifestyle News ဟာသရယ်စရာ

ဆံပင်ညှပ်ခြင်းနှင့် အလှပြင်ခမှာ ယွမ် ၂.၅သန်း အကြွေးတင်နေသည်ကို သိရှိသွားသော ခင်ပွန်းမှ စိတ်ဆိုးကာ ဇနီးဖြစ်သူအားကွာရှင်းပစ်ခဲ့ ??

ဆံပင်ညှပ်ခြင်းနှင့် အလှပြင်ခမှာ ယွမ် ၂.၅သန်း အကြွေးတင်နေသည်ကို သိရှိသွားသော ခင်ပွန်းမှ စိတ်ဆိုးကာ ဇနီးဖြစ်သူအားကွာရှင်းပစ်ခဲ့ ??

 

 

 

 

 

 

မိန်းကလေးများသည် အသက်ကြီး အသက်ငယ် မရွေးပဲ အိမ်ထောင်သည် အပျိုလေး မခွဲခြားပဲ အလှအပနှင့် ပက်သက်ပြီး မက်မောကြသည်။

 

 

 

 

 

 

ယခုအခါတွင်လည်း တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှိ Hangzhouမြို့တွင် နေထိုင်သော မိန်းကလေးသည် အိမ်ထောင်သည်ဖြစ်ပြီးသော်လည်း လှချင်သေး၍ အိမ်ဘေးရှိ ဆံပင်ညှပ်ဆိုင်တွင် မကြာခဏ ဆံပင်လေးညှပ်လိုက် အလှလေးပြင်လိုက် skinကဲလိုက်နှင့် လုပ်ဆောင်လေ့ရှိသည်။

 

 

 

 

 

 

မိန်းကလေးသည် ချမ်းသာသော အသိုင်းအဝန်းကမဟုတ်သော်လည်း ထိုဆိုင်တွင် ၁၀နှစ်နီးပါး ပြင်ခဲ့ရင်း VIPကဒ်ရရှိကာ အထူးလျှော့ဈေးများလည်း ရရှိထား၍ အလှပြုပြင်ခမှာ ပေးတလှည့် မပေးတလှည့်နှင့် အကြွေးတင်လာတော့သည်။

 

 

 

 

 

ထို့နောက် ဆံပင်ညှပ်ဆိုင်မှလည်း များနေပြီဖြစ်၍ အကြွေးအားပြန်ဆပ်ရန် ပြောဆိုသောအခါ ပေးချေမှုမှတ်တမ်းအား ပြန်ကြည့်ခဲ့ရာ ယွမ် ၂.၅သန်း ကျန်နေသေးသည်။

 

 

 

 

 

 

ထို့ကြောင့် မိန်းကလေးလည်း ခင်ပွန်းဖြစ်သူစုဆောင်းထားသော ငွေများနှင့် အကြွေးဆပ်ခဲ့ရာ ခင်ပွန်းသည် သိရှိပြီးနောက် အလွန်စိတ်ဆိုး ဒေါသထွက်ပြီးနောက် နေ့တိုင်းနီးပါး ရန်ဖြစ်စကားများပြီး ကွာရှင်းရန် ပြောဆိုခဲ့သည်။