Articles Knowledge Lifestyle News ထူးခြားဆန်းပြား ဟာသရယ်စရာ

မင်္ဂလာပွဲတွင် သတို့သမီးချွေးမလောင်းလေးက သမီးအရင်းဖြစ်နေကြောင်း သိခဲ့ရသော မိခင် ??

မင်္ဂလာပွဲတွင် သတို့သမီးချွေးမလောင်းလေးက သမီးအရင်းဖြစ်နေကြောင်း သိခဲ့ရသော မိခင် ??

 

 

 

 

 

လောကကြီးတွင် မိဘနှင့်သားသမီး ကွဲကွာသွားရသည့်အဖြစ်က အဆိုးဆုံးဖြစ်၍ သေသွားလျှင်လည်း ရင်ထဲမှာ အမြဲရှိနေကာ သတိရခြင်းများစွာနဲ့ ဝမ်းနည်းရုံမှတစ်ပါး မတတ်နိုင်ပါ။

 

 

 

 

 

သို့သော်လည်း သေဆုံးခြင်းမျိုးမဟုတ်ပဲ ရှင်ကွဲကွဲရမည်ဆိုပါက တစ်ချိန်ချိန် ပြန်ဆုံတွေ့နိုင်ရန် မျှော်လင့်ချက်နှင့်စောင့်မျှော်နေတတ်ပြီး ဝမ်းနည်းပူဆွေးရခြင်းကတော့ တူတူပင်ဖြစ်သည်။

 

 

 

 

 

 

ယခုအခါမှာတော့ တရုတ်နိုင်ငံ Jiangsu ပြည်နယ်မှ မင်္ဂလာပွဲတစ်ခုတွင် ကံကောင်းစွာဖြင့် နှစ်ပေါင်း ၂၀ကျော်ကြာ ဝေးကွာခဲ့ပြီးမှ ပြန်ဆုံတွေ့ရသည့် သားအမိနှစ်ယောက်ဧ။် ကံကြမ္မာသည်လည်း အံ့အားသင့်စရာ ကောင်းလှသည်။

 

 

 

 

 

 

ရှီ အမည်ရှိသော အမျိုးသမီးကြီးတွင် သားတစ်ယောက်ရှိရာ အရွယ်ရောက်၍ ထုံးစံတိုင်း ချစ်သောသူနှင့်တွေ့ပြီး လက်ထပ်မည့်ချိန်တွင် သတို့သမီးလောင်းလေးကို ယောက္ခမဖြစ်သူမှ မြင်မြင်ချင်း ချစ်ခင်ခဲ့သည်။

 

 

 

 

 

 

အကြောင်းမှာ သူမဧ။်နှစ်၂၀ကြာ ပျောက်ဆုံးသွားသော သမီးလေးနှင့် ဆင်နေ၍ သတိထားမိကာ မိန်းကလေးဧ။် မိသားစုဝင်မိဘများထံ မေးမြန်းစုံစမ်းခဲ့ရာမှ အမှန်တရားအား သိရှိသွားခဲ့သည်။

 

 

 

 

 

ထို့ကြောင့် အတည်ပြုရန် မွေးရာပါအမှတ်အသားအား အလျင်မြန်ကြည်ခဲ့ရာ ချွေးမလောင်းလေးက သမီးအရင်းဖြစ်နေခဲ့၍ ဝမ်းသာမဆုံးဖြစ်ခဲ့ရသည်။

 

 

 

 

 

 

 

အဖြစ်အပျက်အရ သတို့သမီးလောင်းက သမီးအရင်းဖြစ်နေ၍ မင်္ဂလာဆောင်ရန် မသင့်တော်ပူးဟု ဆိုကြရာ သားဖြစ်သူကိုက မွေးစားထားခြင်းဖြစ်၍ အဆင်ပြေပြေ မင်္ဂလာပွဲအား ကျင်းပနိုင်ခဲ့သည်။