celebrity news Celebrity

သူမကိုလူလည်ခေါင်မှာ လင်ပစ်မ၊ယောက်ကျားနဲ့ကွဲနေတာ၊ကလေးအမေဆိုပြီး ကဲ့ရဲ့နှိမ်ချပြောဆိုတာခံရကြောင်းမျက်ရည်တွေနဲ့ပြောပြလာတဲ့ မေနွယ်ထွန်း

သရုပ်‌ဆောင် မေနွယ်ထွန်း ဟာ MNTV ကထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အိမ်မက်များမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ Single Mother တွေဆိုတာ ကဲ့ရဲ့စရာ၊နှိမ်စရာလူတန်းစားတွေ မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်နော်။

 

သူမကိုယ်တိုင် Single Mom ဖြစ်ပြီး ၁၁ နှစ်အရွယ် သားလေးတစ်ယောက်ကို မျက်နှာမငယ်အောင် စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ တစ်ဦးတည်းသောသားလေး အတွက်ပဲ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး စိတ်ဓာတ်ကိုလဲ ခိုင်မာအောင် ထားပါတယ်တဲ့။

 

ကလေးက မိစုံဖစုံမရှိတော့ အားငယ်မယ်ထင်ထားပေမယ့် ကျောင်းဆင်းပွဲမှာဆို အခြားကလေးတွေက မိဘတေနဲ့ပျော်နေချိန် ဓာတ်ပုံတွေရိုက်နေကြချိန်မှာ ကလေးဟာမျက်နှာတောင်မပျက်ဖူး။ မိခင်ကအရမ်း Strong ဖြစ်အောင်နေတော့ သားလေးကလဲ Smart ဖြစ်တယ်၊ဒါကြောင့် သူ့ရှေ့မှာတော့ မငိုဖူး ဒါပေမယ့် ကလေးအတွက် မိစုံဖစုံပွဲမတတ်နိုင်တာတော့ စိတ်မကောင်းတော့ ဖြစ်တယ်။

 

 

သရုပ်ဆောင် မေနွယ်ထွန်း ဟာ သူ့မရဲ့ ဘဝကိုကွယ်ဝိုက်ထားတာ ဘာမှမရှိပါဘူးတဲ့။ သူမဟာ ၂၂နှစ်မှာ အိမ်ထောင်ကျတယ်၊သဘော ထားမတိုက်ဆိုင်လို့သာ ကွဲသွားတာပါ။ သားကိုတော့ အဖေနဲ့တွေ့ခွင့်ပေးထားတယ်၊သူ့အဖေကလဲ ထောက်ပံ့ပေးပါတယ်။

 

 

အချို့တွေကပြောတယ် သရုပ်ဆောင်လုပ်တာကို ” နင့်ပုံစံနဲ့များရိုက်ချင်နေသေးတယ် ကလေးအမေကြီးကို ဘယ်သူကများခေါ်ရိုက်တာလဲ” ဆိုပြီး စော်ကားကြတယ်။။ အရင်ဘဝက သူများအသိုက်အမြုံကို ခွဲမိလို့ ဝဋ်ကြွေးရှိလို့ ဒီဘဝမှာဆပ်ရတာလို့ပဲ ဖြေလိုက်ပါတယ်။ လူတွေက လင်ပစ်မ၊ယောက်ကျားနဲ့ကွဲနေတာ၊ကလေးအမေဆိုပြီး နှိမ်ကြတယ်။

 

အင်တာဗျူးတွေမှာတော့ မငိုဖူးအချို့က မျက်ရည်ချူတယ်ပြောမှာစိုးလို့။ သရုပ်ဆောင် မေနွယ်ထွန်း ရဲ့ သားလေးဟာ အရမ်းသိတတ်လွန်းပြီး လိမ္မာပါတယ်တဲ့။ သားလေးကတော့ မိခင်ဖြစ်သူ အနုပညာရှင်ဖြစ် တာကို အရမ်းဂုဏ်ယူတာပါ။ ဇာတ်ကားတစ်ကားရဲ့ ဘယ်နေရာကပဲပါပါ သားကအရမ်းပျော်တာတဲ့။ အိမ်မက်တွေနဲ့မိုးထားတဲ့အိမ် ဇာတ်ကား တီဗီမှာလာတော့ ကလေးကကြည့်ပြီး ပျော်လွန်းလို့ ငိုတယ်။

ကလေးကို ကျောင်းကြီးကြီးမှာထားချင်တယ် အင်္ဂလိပ်စာလဲအရမ်းကောင်းတယ်။သရုပ်ဆောင် မေနွယ်ထွန်း ဟာ Single Mom တွေဆိုတာ နှိမ်စရာမဟုတ်ဖူး ဒီလိုဘဝကို ဘယ်ရောက်ချင်ပါ့မလဲ ပြီးတော့ စော်ကားခံရမဲ့ အတန်းအစားထဲက အမျိုးသမီးတွေလဲမဟုတ်ပါဘူး။

ယောက်ကျားတွေမပြောနဲ့ မိန်းမသားချင်းတောင် ရှုပ်ချတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်၊အချို့တွေဆို စကားနဲ့ရိုင်းစိုင်းကြတယ်။ မချီးကျူးရင်နေ မကဲ့ရဲ့ပါနဲ့ သိကြားသာသနာဆိုတော့ သူများကွဲတာကို ပြောရင် ချက်ချင်းဝဋ်လည်တတ်တယ်။ Single Mom တွေကိုပြောချင်တာကတော့ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ ပုံမှန်လေးကြိုးစားပြီး ရပ်တည်ကြပါ၊အားငယ်နေရင် ထွက်ပေါက်မရှာပါနဲ့ လူကောင်းကိုသေချာရွေးပါ သားသမီးအတွက်ကြည့်ပါလို့ ပြောချင်ပါတယ်။ လက်ရှိမှာ သူမမှာ ချစ်သူရှိတယ် သူကမားမား မတ်မတ်ရပ်တည်ပေးပါတယ်။ ဒါကြောင့် ဘယ်သူကမှ မစော်ကားရဲဖူး။