Articles Cele News Celebrity

အမှတ်သည်း‌‌ခြေမရှိတဲ့ လူတစ်ချို့ကြောင့် ရင်လေးတယ်လို့ ဒဲ့ ပြောလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

အမှတ်သည်း‌‌ခြေမရှိတဲ့ လူတစ်ချို့ကြောင့် ရင်လေးတယ်လို့ ဒဲ့ ပြောလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

 

 

ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။

 

 

 

 

အခုဆိုရင်တော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ တောထဲမှာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ ဒါရိုက်တာ ကိုပေါက် ဟာ အမှတ်သည်းခြေမရှိတဲ့ လူတစ်ချို့ကြောင့် ရင်လေးတယ်လို့ ပြောလိုက်ပါတယ်။

 

 

 

 

ဒါရိုက်တာ ကိုပေါက် ပြောထားတာကတော့ ” တော်လှန်ရေးမှာပုံမှန်ပြန်ဖြစ်နေပြီလို့ ယူဆချင်သူတွေ ဖာသိဖာသာ ပြန်ဖြစ်နေသူတွေ ကိုယ့်အကျ်ိုးစီးပွါးရေး ပျက်မှာကြောက်သူတွေ များလာရင်…. Online ပေါ်ကပဲ တော်လှန်ရေးအောင်ချင်သူတွေ များလာရင်… အမှတ်သည်းခြေနည်းရင် ဒီတော်လှန်ရေးအတွက် ရင်လေးတယ်။

 

 

 

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါ။တော်လှန်ရေးကို ငါ တကယ်အောင်ချင်တဲ့သူ ဟုတ်မဟုတ် ဆိုတာ” လို့ ဒါရိုက်တာ ကိုပေါက် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

 

 

 

ကဲ…စာဖတ်ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ဟာ တော်လှန်ရေးအတွက် သွေးအေးနေတဲ့ လူတစ်ချို့ကြောင့် ရင်လေးနေတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။