Cele News

စားစရာမရှိလို့ သားအရင်းဆီက အတိုးနဲ့ချေးကာ လုပ်ကိုင်စားသောက်နေရတဲ့ အမေအို တစ်ဦးအတွက် လစဥ်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ မေပန်းချီ

စားစရာမရှိလို့ သားအရင်းဆီက အတိုးနဲ့ချေးကာ လုပ်ကိုင်စားသောက်နေရတဲ့ အမေအို တစ်ဦးအတွက် လစဥ်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ မေပန်းချီ

(Unicodeဖြင့် ဖတ်ရန်)

ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီကတော့ မိခင်ဆုံးရှုံးထားတဲ့သမီးတစ်ယောက် ဖြစ်တဲ့အတွက် သူမရဲ့ရင်ထဲမှာ အမေအရွယ်တွေ ဒုက္ခရောက်တာ တွေ့ရင် တတ်နိုင်သ၍ ကူညီထောက်ပံ့ ပေးတတ်သူပါ။

 

 

သူမရဲ့မိခင်ရှိနေစဥ်ကလည်း မေပန်းချီဟာ ကိုယ်တိုင်ဝင်ငွေရှာပြီး ကိုယ်တိုင် ပြုစုပေးခဲ့တဲ့ တာဝန်ကျေတဲ့ သမီးတစ်ဦးဖြစ်ပါတယ် မိခင်ကြီးအတွက် ရည်ရွယ်ပြီး

ဆောက်လုပ်နေတဲ့ သုံးထပ်တိုက်အသစ်လေးမှာ သူမရဲ့ မိခင်ကြီး မနေသွားရတဲ့ အတွက်လည်း စိတ်ထိခိုက် ကြေကွဲကာ စိတ်မကောင်းဖြစ်နေခဲ့ ရတဲ့ သူလည်း ဖြစ်ပါတယ်နော်။

 

ယနေ့မှာတော့ မေပန်းချီက သားအရင်းဆီက အတိုးနဲ့ချေးယူစားသောက်နေရတဲ့ အမေတစ်ဦးအကြောင်းကို အွန်လိုင်းမှာ တွေ့ရှိသွားပြီး ကူညီပေးချင် တာကြောင့် သွားရောက် တွေ့ဆုံခဲ့စဥ် အခုလိုပဲပြောကြား ခဲ့ပါတယ်။

“အမေက အရမ်းအလုပ်လုပ်ပြီး အပင်ပန်းခံရှာကျွေးခဲ့ပေမဲ့ သားသမီးကံမကောင်းဘူး။ သားသမီးတွေ အကြောင်းကြားရတော့ ရက်စက်လိုက်တာလို့ တွေးပြီးလုံးဝစိတ်မကောင်းဘူး၊

 

ဒီအမေအတွက် သမီးကောင်းတစ်ယောက် လိုအပ်နေတာမို့ ကူညီပြီး လုပ်ပေးချင်တယ် ။လစဉ် တတ်နိုင်သလောက်လှူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရင်ကတော့ မိဘကို လုပ်​ကျွေးရပါလို၏ ဆုတောင်းခဲ့တာ၊

အခုတော့ ပေးကမ်းစွန့်ကြဲ ရပါလို၏လို့ ဆုတောင်း ဖြစ်တယ်” ဆိုပြီး ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ မေပန်းချီရဲ့ ယခုအလှူလေးကတော့တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ချီးကျူး လေးစားဖွယ်ရာ အလှူလေးပါပဲနော်။

 

မေပန်းချီတစ်ယောက် အခုလို အမြဲလှူနိုင်စေဖို့ လုပ်သမျှ ကိုင်သမျှ စီးပွားရေး လူမှု့ရေး ကိစ္စ အဝဝအဆင်ပြေ ချောမွေ့ကာ အနုပညာပိုင်းမှာလည်း အားပေးဝန်းရံသူများနှင့် ယခုထက် ပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်းပေး ခဲ့ကြပါအုံးနော်။

ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးတို့လည်းစိတ်သွားတိုင်း ကိုယ်ပါ လှူနိုင်ကူနိုင်သူများ ဖြစ်ပြီး လိုလားတောင့်တသော နေ့ရက်များ အမြန်ဆုံး ပိုင်ဆိုင်ရောက်ရှိ နိုင်ကြပါစေကြောင်း မေတ္တာလောင်း၍ ဆုတောင်းပေး အပ်ပါသည်နော်။

 

(Zawgyiဖြင့် ဖတ်ရန်)

စားစရာမရှိလို့ သားအရင်းဆီက အတိုးနဲ့ချေးကာ လုပ်ကိုင်စားသောက်နေရတဲ့ အမေအို တစ်ဉီးအတွက် လစဉ်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ မေပန်းချီ


 

သူမရဲ့မိခင်ရှိနေစဉ်ကလည်း မေပန်းချီဟာ ကိုယ်တိုင်ဝင်ငွေရှာပြီး ကိုယ်တိုင် ပြုစုပေးခဲ့တဲ့ တာဝန်ကျေတဲ့ သမီးတစ်ဉီးဖြစ်ပါတယ် မိခင်ကြီးအတွက် ရည်ရွယ်ပြီး


 

ယနေ့မှာတော့ မေပန်းချီက သားအရင်းဆီက အတိုးနဲ့ချေးယူစားသောက်နေရတဲ့ အမေတစ်ဉီးအကြောင်းကို အွန်လိုင်းမှာ တွေ့ရှိသွားပြီး ကူညီပေးချင် တာကြောင့် သွားရောက် တွေ့ဆုံခဲ့စဉ် အခုလိုပဲပြောကြား ခဲ့ပါတယ်။


 



 

 

 



 
