မိမိမှာ စကစ အားပေးသူဖြစ်သော်လည်း သားသမီးတွေက Gen Z ဖြစ်နေတာကြောင့် အိမ်ပေါ်က နှင်ချခံရတော့မယ့် ငြိမ်းချမ်း
နိုင်ငံကျော် လူရွှင်တော်ငြိမ်းချမ်းကတော့ တစ်ခေတ်တစ်ခါက ကျော်ကြားအောင်မြင်ခဲ့သလို ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်တစ်ယောက်အဖြစစ် ပေါက်ရောက်ခဲ့သူတစ်ယောက်ပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာအရင်လို အနုပညာအလုပ်တွေမလုပ်ကိုင်နိုင်တော့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စကစကကျင်းပတဲ့ အငြိမ့်ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တာကြောင့်ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသေးတ ာဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းခံရသလို မိသားစုထဲမှာလည်း အဆင်မပြေမှုတွေနဲ့ကြုံနေရတဲ့ငြိမ်းချမ်းဟာ “ကြောင်အိုတော့ကြွက်မလေး လူအိုတော့လူမလေး ဆိုရိုးစကားရှိခဲ့တယ် ငါ့မိသားစုထဲမှာငါဆိုတဲ့လူကြီးက အရာမဝင်တော့ပါလား ငါပြောသမျှ ဟုတ်ကဲ့ လို့
နားထောင်တာမရှိတော့ဘူး သူတို့ပြောတာ လုပ်ချင်တာဘဲငါ ကလိုက်လျောနေရတာ တော်တော်ကြာနေပီ ငါ့ကိုယ်ငါနားလည်ရတော့မှာပါလား” ဆိုပြီး
သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ လူရွှင်တော်ငြိမ်းချမ်းကတော့ မိသားစုထဲမှာ အသက်အရွယ်ကြီးလာခဲ့တာကြောင့် သားသမီးတွေက
ပြောစကားနားမထောင်တော့တဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပြီး ရပ်တည်ချက်တွေ မတူတဲ့အပေါ်လည်း စိတ်ပျက်နေပီး အိမ်ပေါ်က နှင်ချခံရတော့မယ်နဲ့ တူပါတယ် ဆိုပြီး ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ပြောစကားနားမထောင်တော့တဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပြီး သူ့ကိုယ်သူလည်း စိတ်ပျက်နေရတဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ ခရက်ဒစ်