မကြာခင် ထွက်ရှိလာမည့် မြန်မာပြည်ရဲ့ အဖြစ်မှန်ကို ရိုက်ကူး
ထားတဲ့ ဇာတ်ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ဒါရိုက်တာ
ကိုပေါက်
ပရိတ်သတ်ကြီးရေ အခက်အခဲ တွေကြားကပဲ မြန်မာပြည်ရဲ့
အခြေအနေ တွေကို အဃြေံတဲ့ နိုင်ငံပျောက်သူ ဆိုတဲ့ဇာတ်ကား
ကြီးကို မေလ ၃၀ ရက်နေ့မှာ တင်ဆက် သွားမှာ ဖြစ်တယ်လို့
ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့လူမှုကွန်ယ က်မှာ အခုလိုပဲ ဖော်ပြခဲ့
ပါတယ် ။ ကျနော် သူ့လို အခုချိန်ထိ မလုပ်နိုင်သေးဘူး။
သူလုပ်နိုင်ခဲ့တယ်။ စိတ်ကူးတွေ ရှိပေမယ့် ကျနော်လက်တွေ့
အကောင် အထည် မဖော်နိုင်ခဲ့ဘူး။ ကျနော် သူ့ကို လေးစား
တယ်။ သူဆိုတာ ဒါရိုက်တာ ဏကြီး ပါ။ ကျွန်တော် စစ်မတိုက်
တတ်ဘူး။ fund raising တွေလည်း မလုပ်တတ်ဘူး။
ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့ သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါ
တယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။ နိုင်ငံ
ပျောက်သူ short film ကို ပဒေသာပင်ကနေ မေ ၃၀ မှာ
တင်ပါမယ်။ Pa Day Thar Pin YouTube
Channel ကို Subscribe လုပ်ထားလို့ရပါတယ်။
https://tinyurl.com/PDTPCH
ကျားပေါက်ကို အထူးကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့်
သူတွေကတော့ များပါတယ်။ ကိုမိုး၊ မသဇင်၊ ဉာဏ်လင်း၊ မယ်
ကူး၊ ဆရာဟဲ၊ ကိုနေဘုန်းလတ်၊ ဆရာမ၊ ကိုမင်းမင်းနဲ့ အခြား
ဝိုင်းဝန်းကူညီ သူတွေလည်း အများကြီးပါ။ နာမည် ထုတ်ပြောလို့
မရတဲ့သူတွေ (သူတို့လုံခြုံရေးအတွက်)လည်း ပါပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါင်း၊ ပိုင်ဖြိုးသု written
& directed by ဏကြီး music composed by
ကျားပေါက် director of Photography မိုးသွန်း
assistant Camera ဘုန်းမောင် အရင်က ကျွန်တော်နဲ့
အတူ လက်တွဲပြီး ရုပ်ရှင်တွေရိုက်ခဲ့ကြတဲ့ Team & Crew
လုပ်ဖော်ကိုင်ဖက်အားလုံးကိုလည်း သတိတရ ရှိနေပါတယ်။
ပရိတ်သတ်ကြီးအနေနဲ့လဲထွက်ရှိလာမည့်ဇာတ်ကားသစ်ကြီး
အပေါ်အားပေးကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။crd