Celebrity

သရုပ်ဆောင် ရဲတိုက် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခံရ

သရုပ်ဆောင် ရဲတိုက် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်

ဒ ဏ် ချမှတ်ခံရ

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ

စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့်

အာဏာ သိမ်းစစ်ကောင်စီ ၏ အနောက်ပိုင်းခ ရိုင်တရားရုံးက

အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်

ချမှတ်လိုက်သည်။ “အနောက်ပိုင်း ခရိုင် တရားရုံးက ဒီနေ့ အမိန့်

ချတာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်။အယူခံဝင်သွားမယ်။

“ဟု ဆာတိုရီထုတ် လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သရုပ်ဆောင် ရဲတိုက်သည် ကျန်းမာရေးအ ခြေအနေ ကောင်းမွန်

သော်လည်း ယနေ့ ရုံးချိန်း၌ စိတ်လှုပ်ရှားနေ သောကြောင့် သုံးခါ

အန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ

၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်း

ဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူး ယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်

ဟုဆိုကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေ‌သောဆေးဝါး

များဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရား

စွဲဆိုခဲ့သည်။ ထို့နောက်ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပြစ်မှု

ဟောင်းကို ထပ်မံကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၂၃ ဖြင့် အနေ

ာက် ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ရဲတိုက်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူပါဝင်ခဲ့

သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ်

၃နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ သရုပ်ဆောင်ရဲတိုက် အမြင့်ဆုံး

ပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ စုစုပေါင်း

ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ။ crd