Cele News

အိမ်ကိုလွမ်းနေတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်

ဥပါတံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတေ့ာ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အောင်မြင့်မြတ် ကတော့ နားလည်မှု့ရှိတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ‌

သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ် ကတော့ အိမ်ကိုလွမ်းနေတယ်လို့ သူ့ရဲ့ဖေ့ဘွတ်မှာ ‌ရင်ဖွင့်ရေးသားထားပါတယ်။

ရိုးသားကြိုးစားတဲ့ သဘာဝမင်းသားတစ်ယောက်ဖြစ်တဲ့ အောင်မြင့်မြတ် ကတော့

” အိမ်ရယ် အိပ်ယာရယ်သံယောဇဉ်များရယ် ချစ်သောသူရယ် ပူပင်ပေမယ့်ခဏခွဲခဲ့ရပြန်ဆုံကြတော့ပိုလို့နွေးမယ်။” လို့ သူရဲ့ဖေ့ဘွတ်မှာ ချစ်သူလေးရယ် အိမ်ရယ်ကို လွမ်းနေတယ်လို့ ရေးသားထားပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ တောထဲမှာတော်လှန်ရေးတိုက်ပွဲအတွက် နေထိုင်ကြသူအားလုံးလည်း လေးစားစရာကောင်းလွန်းပါတယ်။

အောင်မြင်‌မှု့တွေရရှိ‌နေပြီဖြစ်တဲ့ တက်သစ်စမင်းသားလေးဟာ နှောင်ကြိုး‌တွေဖြတ်ကာ လွတ်မြောက်နယ်မြေမှာ အခက်အခဲ‌တွေကြားကနေ ရုန်းကန်ရင်း စိတ်အား တက်ကြွစွာနဲ့ ကြိုးစားနေတာတွေရပါတယ်…..။

ပရိသတ်တွေနဲ့ တစ်သွေးထည်းတစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင်တွေအားလုံး ‌ဂုဏ်ယူစရာကောင်းပါတယ်။ အောင်မြင့်မြတ်အတွက် အားပေးစကားလေးတွေ ပြောခဲ့ကြပါအုန်းနော်။

အိမ္ကိုလြမ္းေနတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္

ဥပါတံမ်ဥ္႐ုပ္႐ုပ္ဇာတ္ကားထဲက သိန္းစိုးဇာတ္႐ုပ္နဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကိုစတင္ေရာက္ရွိခဲ့တဲ့ ေအာင္ျမင့္ျမတ္ ကေတ့ာ ပရိတ္သတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈ႕ကို အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

ေအာင္ျမင့္ျမတ္ ကေတာ့ နားလည္မႈ႕ရွိတဲ့ Relationship တစ္ခုကိုပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ ‌

သူကေတာ့ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္ကေန ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတာပဲျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ ေအာင္ျမင့္ျမတ္ ကေတာ့ အိမ္ကိုလြမ္းေနတယ္လို႔ သူ႔ရဲ႕ေဖ့ဘြတ္မွာ ‌ရင္ဖြင့္ေရးသားထားပါတယ္။

႐ိုးသားႀကိဳးစားတဲ့ သဘာဝမင္းသားတစ္ေယာက္ျဖစ္တဲ့ ေအာင္ျမင့္ျမတ္ ကေတာ့

” အိမ္ရယ္ အိပ္ယာရယ္သံေယာဇဥ္မ်ားရယ္ ခ်စ္ေသာသူရယ္ ပူပင္ေပမယ့္ခဏခြဲခဲ့ရျပန္ဆုံၾကေတာ့ပိုလို႔ေႏြးမယ္။” လို႔ သူရဲ႕ေဖ့ဘြတ္မွာ ခ်စ္သူေလးရယ္ အိမ္ရယ္ကို လြမ္းေနတယ္လို႔ ေရးသားထားပါတယ္။

ခက္ခဲၾကမ္းတမ္းတဲ့ ေတာထဲမွာေတာ္လွန္ေရးတိုက္ပြဲအတြက္ ေနထိုင္ၾကသူအားလုံးလည္း ေလးစားစရာေကာင္းလြန္းပါတယ္။

ေအာင္ျမင္‌မႈ႕ေတြရရွိ‌ေနၿပီျဖစ္တဲ့ တက္သစ္စမင္းသားေလးဟာ ေႏွာင္ႀကိဳး‌ေတြျဖတ္ကာ လြတ္ေျမာက္နယ္ေျမမွာ အခက္အခဲ‌ေတြၾကားကေန ႐ုန္းကန္ရင္း စိတ္အား တက္ႂကြစြာနဲ႔ ႀကိဳးစားေနတာေတြရပါတယ္…..။

ပရိသတ္ေတြနဲ႔ တစ္ေသြးထည္းတစ္သားတည္းရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြအားလုံး ‌ဂုဏ္ယူစရာေကာင္းပါတယ္။ ေအာင္ျမင့္ျမတ္အတြက္ အားေပးစကားေလးေတြ ေျပာခဲ့ၾကပါအုန္းေနာ္။