celebrity news

အရင်နှစ်တွေက ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရပုံရိပ်အချို့ကို သတိရနေတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်

ဇာတ်သဘင်လောက ရဲ့ အငြိမ့်ဇာတ်ခုံပေါ်မှာ ဟာသပျက်လုံးတွေကို ပြောင်မြောက်အောင် ပရိသတ်ကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့သရုပ်ဖော်တင်ဆက်နိုင်သူတစ်ဦးဖြစ်တဲ့အပြင်

ဗီဒီယိုနဲ့ရုပ်ရှင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင် ကိုတော့ အားလုံးပဲ ချစ်ခင်နေကြမှာပါ။

ခင်လှိုင် ဟာ အနုပညာလှုပ်ရှားမူ့တွေကို ရပ်နားခဲ့ပြီး ပြည်သူတွေနဲ့အတူတူ တတ်တတ်ကြွကြွနဲ့ ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့ပေမယ့်လဲ နောက်ပိုင်းမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု့တွေမရှိတော့ပါဘူး ။

လက်ရှိမှာ စီးပွားရေးအနေနဲ့ မန္တလေးမှာဖွင့်လှစ်ထားတဲ့ “အညာသူ” ကဖေးနဲ့စားဖွယ်စုံဆိုင်လေးကို ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းပေါ်မှာလဲ Live Sale လေးတွေ ရောင်းချနေတာကိုလဲ တွေ့ရပါတယ်။

ခင်လှိုင် ကတော့ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို သတိရနေတဲ့အကြောင်းကို “လွန်ခဲ့သောနှစ်များမှကျွန်တော်” ဆိုတဲ့ စာသားလေးနဲ့အတူ အရင်နှစ်ကဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပြီး လွမ်းဆွတ်နေတာကို တွေ့ရပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။






