Cele News

ပြင်ဦးလွင် ၂၁ မိုင်မှာ သမ္မာအာဇီဝကျကျ ပဲစိမ်းကြော် ကြော်ရောင်းနေတဲ့ အဆိုတော် သားငယ်

ပရိသတ်ကြီးရေ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယျဥ်ပြိုင်ရင်း နာမည်ကြီးလာခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် သားငယ် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။

ရော့ခ်ဂီတကိုချစ်မြတ်နိုးပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ သားငယ် ဟာအကြော်ရောင်းတဲ့ဘဝကနေ Myanmar Idol ဝင်ပြိုင်ရင်း Winner ဖြစ်ခဲ့တာကြောင့် ဘဝတစ်ကွေ့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော် သားငယ် ဟာ ချစ်တဲ့ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ပြောလိုက်ပါတယ်။

အဆိုတော် သားငယ် ဟာ ရခိုင်သားအဆိုတော်တစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာ ချစ်ဇနီးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအရ သားငယ် ဟာ ဂီတအနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမူ့တွေကို မတွေ့ရတော့ဘဲ စီးပွားရေးအနေနဲ့ အကြော်ကြော်ရောင်းနေတာကို တွေ့ရပါတယ်။

သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေတဲ့ သားငယ် ကိုတော့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာလဲ ဖြစ်ပါတယ်။

အဆိုတော် သားငယ် ရဲ့ ပဲစိမ်းကြော်ဆိုင်လေးကတော့ ပြင်ဦးလွင် ၂၁ မိုင်မှာတည်ရှိပြီး ဝင်ရောက်စားသုံးဖို့ ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။

” ပဲစိမ်းကြော် ရောင်းတဲ့ သားငယ်ပါ ပြင်ဦးလွင် ၂၁ မိုင် ရောက်ယင် ဝင်ခဲ့နော်ဖိတ်ပါတယ်” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ကဲ…ပရိသတ်ကြီးရေ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေတဲ့ သားငယ် ရဲ့ဆိုင်လေးကို လမ်းကြုံရင် ဝင်ရောက်အား‌ပေးလိုက်ကြပါအုန်းနော်။









