celebrity news

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို ကွာရှင်းပြီးနောက်မှာ ဘယ်သူကပိုပြီး ခံစားခဲ့ရတာလဲ

တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို စုံတွဲလေးဟာ ပရိသတ်တွေ အရမ်းကို အားပေးပြီး သဘောတူကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။

သူတို့နှစ်ဦးက Seoul Family တရားရုံးမှာ ကွာရှင်းပျက်ဆဲခဲ့ကြတာဖြစ်ပြီး ကွာရှင်းခဲ့ချိန်မှ စပြီး အခုအချိန်အထိ အခြား ဘယ်သူနဲ့မှ တွဲနေခြင်း မရှိဘဲ ကင်းကင်းရှင်းရှင်းနေနေကြတာဖြစ်ပါတယ်။

ကွာရှင်းပျက်စဲဖို့အတွက်လျှောက်ထားခဲ့စဉ်က နှစ်ဦးသား အကြောင်းပြချက်တစ်စုံတစ်ရာ မရှိဘဲ သဘောတူ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

နှစ်ဦးသား ကွာရှင်းခဲ့ကြတဲ့ အချိန်ကလည်း အရမ်းကြီး မကြာဘဲ တစ်လလောက်သာ ကြာခဲ့တယ်လို့ သိရပါတယ်။

ကွာရှင်းပျက်ဆဲကြတာက နှစ်ယောက်စလုံးအတွက် နာကျင်စရာ ကိစ္စကြီးဖြစ်ပေမယ့် အဲဒီထဲကမှ ဘယ်သူက ပိုပြီး နာကျင်ရမယ်လို့ ထင်လဲဆိုတာကို ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ကွာရှင်းပြီးနောက်မှာ ဆောင်းဂျွန်ကီရဲ့ အလုပ်ပရောဂျက်တွေ ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် ဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ Arthdal Chronicles ဇာတ်လမ်းတွဲကလည်း မကောင်းတဲ့ မှတ်ချက်တွေ ရရှိခဲ့ပါတယ်။

ဆောင်းဂျွန်ကီက ကွာရှင်းပြီးနောက်မှာ ခံစားနိုင်ကောင်း ခံစားရပေမယ့် သူ့ရဲ့ ခံစားချက်တွေကို ပေါ်တင် ထုတ်မပြဘဲ တိတ်ဆိတ်စွာနေခဲ့ပါတယ်။

ဆောင်းဟေကိုက တော့ ကွာရှင်းပြီးနောက်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ အနုပညာလှုပ်ရှားမှုတွေဆီကနေ အနားယူသွားခဲ့ပါတယ်။

သူမဟာ ကွာရှင်းပြီးနောက်မှာ သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

မဟုတ်မမှန် သတင်းလွှင့်နေသူတွေကိုလည်း တရားစွဲဖို့အထိ လုပ်ဆောင်ခဲ့ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး အထိခိုက်မခံနိုင်လောက်အောင် အရမ်းနာကြင်ခဲ့ရတဲ့ ဆောင်းဟေကိုဟာ နာကြင်မှုတွေကို အားယူပြီး သင်ခန်းစာတစ်ခုအဖြစ် တိုက်ယူနေတုန်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းဂျွန်ကီက နာကြင်မှုတွေကို မထုတ်ပြခဲ့လို့လားတော့ မသိပေမယ့် ကွာရှင်းပြီးတဲ့နောက်မှာ ဆောင်းဟေကို ရဲ့ နာကြင်မှုက ပိုပြီး ဆိုးရွားခဲ့တယ်လို့ လူတော်တော်များများ မှတ်ယူခဲ့ကြပါတယ်။

ကဲ .. ပရိသတ်ကြီး ရော .. ဘယ်လိုထင်လဲ..ဆောင်းဆောင်းစုံတွဲထဲမှာ ဘယ်သူရဲ့ နာကြင်မှုက ပိုပြီးနာကြင်ရတယ်လို့ ထင်လဲ ဖြေသွားခဲ့ကြပါဦးနော်။

ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကို ကြာရွင္းၿပီးေနာက္မွာ ဘယ္သူကပိုၿပီး ခံစားခဲ့ရတာလဲ

ေတာင္ကိုရီးယား နာမည္ႀကီး အႏုပညာရွင္စုံတြဲျဖစ္တဲ့ ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကို စုံတြဲေလးဟာ ပရိသတ္ေတြ အရမ္းကို အားေပးၿပီး သေဘာတူၾကတဲ့ စုံတြဲေလးျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးက Seoul Family တရား႐ုံးမွာ ကြာရွင္းပ်က္ဆဲခဲ့ၾကတာျဖစ္ၿပီး ကြာရွင္းခဲ့ခ်ိန္မွ စၿပီး အခုအခ်ိန္အထိ အျခား ဘယ္သူနဲ႔မွ တြဲေနျခင္း မရွိဘဲ ကင္းကင္းရွင္းရွင္းေနေနၾကတာျဖစ္ပါတယ္။

ကြာရွင္းပ်က္စဲဖို႔အတြက္ေလွ်ာက္ထားခဲ့စဥ္က ႏွစ္ဦးသား အေၾကာင္းျပခ်က္တစ္စုံတစ္ရာ မရွိဘဲ သေဘာတူ ကြာရွင္းခဲ့ၾကတာျဖစ္ပါတယ္။

ႏွစ္ဦးသား ကြာရွင္းခဲ့ၾကတဲ့ အခ်ိန္ကလည္း အရမ္းႀကီး မၾကာဘဲ တစ္လေလာက္သာ ၾကာခဲ့တယ္လို႔ သိရပါတယ္။

ကြာရွင္းပ်က္ဆဲၾကတာက ႏွစ္ေယာက္စလုံးအတြက္ နာက်င္စရာ ကိစၥႀကီးျဖစ္ေပမယ့္ အဲဒီထဲကမွ ဘယ္သူက ပိုၿပီး နာက်င္ရမယ္လို႔ ထင္လဲဆိုတာကို ပရိသတ္ေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ကြာရွင္းၿပီးေနာက္မွာ ေဆာင္းဂြၽန္ကီရဲ႕ အလုပ္ပေရာဂ်က္ေတြ ပ်က္စီးသြားခဲ့ရပါတယ္။

ဒါ့အျပင္ ေဆာင္းဂြၽန္ကီ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Arthdal Chronicles ဇာတ္လမ္းတြဲကလည္း မေကာင္းတဲ့ မွတ္ခ်က္ေတြ ရရွိခဲ့ပါတယ္။

ေဆာင္းဂြၽန္ကီက ကြာရွင္းၿပီးေနာက္မွာ ခံစားႏိုင္ေကာင္း ခံစားရေပမယ့္ သူ႔ရဲ႕ ခံစားခ်က္ေတြကို ေပၚတင္ ထုတ္မျပဘဲ တိတ္ဆိတ္စြာေနခဲ့ပါတယ္။

ေဆာင္းေဟကိုက ေတာ့ ကြာရွင္းၿပီးေနာက္မွာ အခ်ိန္အတိုင္းအတာ တစ္ခုအထိ အႏုပညာလႈပ္ရွားမႈေတြဆီကေန အနားယူသြားခဲ့ပါတယ္။

သူမဟာ ကြာရွင္းၿပီးေနာက္မွာ သိသိသာသာ ကိုယ္အေလးခ်ိန္ က်ဆင္းခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြနဲ ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။

မဟုတ္မမွန္ သတင္းလႊင့္ေနသူေတြကိုလည္း တရားစြဲဖို႔အထိ လုပ္ေဆာင္ခဲ့ပါတယ္။

အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး အထိခိုက္မခံႏိုင္ေလာက္ေအာင္ အရမ္းနာၾကင္ခဲ့ရတဲ့ ေဆာင္းေဟကိုဟာ နာၾကင္မႈေတြကို အားယူၿပီး သင္ခန္းစာတစ္ခုအျဖစ္ တိုက္ယူေနတုန္းပဲ ျဖစ္တယ္လို႔ သိရပါတယ္။

ေဆာင္းဂြၽန္ကီက နာၾကင္မႈေတြကို မထုတ္ျပခဲ့လို႔လားေတာ့ မသိေပမယ့္ ကြာရွင္းၿပီးတဲ့ေနာက္မွာ ေဆာင္းေဟကို ရဲ႕ နာၾကင္မႈက ပိုၿပီး ဆိုး႐ြားခဲ့တယ္လို႔ လူေတာ္ေတာ္မ်ားမ်ား မွတ္ယူခဲ့ၾကပါတယ္။

ကဲ .. ပရိသတ္ႀကီး ေရာ .. ဘယ္လိုထင္လဲ..ေဆာင္းေဆာင္းစုံတြဲထဲမွာ ဘယ္သူရဲ႕ နာၾကင္မႈက ပိုၿပီးနာၾကင္ရတယ္လို႔ ထင္လဲ ေျဖသြားခဲ့ၾကပါဦးေနာ္။