celebrity news

မြန်မာပြည်ကို ပြန်လာတော့မည်လို့ ဆိုလာတဲ့ မင်းသား မင်းမော်ကွန်း

ပြန်လာဖို့ဆိုတာ တောထဲမှာနေဖို့ကြီးမဟုတ်ပါဘူး။ကိုကျော်ကိုယ်တိုင်ပြန်လာမယ် ပြန်လာပြီးတော့ ကိုကျော့်ရဲဘော်တွေနဲ့ နေပြီး ရသလောက်ကူညီပြီး အား‌ပေးပြီး ဒီဘက်ကို ပြန်လာမှာပေါ့။

ဒီဘက်မှာနေရတာနဲ့တောထဲမှာ နေရတာက မတူဘူးဗျ စိတ်ခံစားချက်အရလဲမတူပါဘူး။ကို့နိုင်ငံမှာပဲနေချင်တာပါ့ လုပ်စရာတွေလုပ်ရမှာမို့ သာ လာခဲ့တာ။

ကိုကျော်တို့ ဟိုးအရင်ကတည်းက ဘယ်နိုင်ငံသွားအခြေချချ ကောင်းကောင်းမွန်မွန်နဲ့အခြေချလို့ရတာပဲ လေ။ တခြားနိုင်ငံမှာ အခြေချနေထိုင်ဖို့တခါမှ မစဉ်းစားဘူးဘူးအခုလဲ သူများနိုင်ငံ‌မှာနေရတာမပျော်ဘူး ကို့နိုင်ငံအမြဲပြန်လာချင်တာပေါ့။

ဒီအာဏာရူး ကောင်တွေက ၅၀၅ က နဲ့အမှု့ဖွင့်ထားပြီးထောင်ထဲကလွဲပြီး ပြည်တွင်းဘယ်မှာမှနေမရအောင်လုပ်ထားပေမဲ့ ကိုကျော်ရတဲ့နည်း ကိုကျော် ကို့မြန်မာပြည်အစွန်ဖျားလေးမှာ ရသလောက်ကုတ်ကပ်ပြီး နေတာပဲ အခုလဲရသလောက်လာနေမယ်အဲ့သဘောပါပဲ။

ဒုတိယအချက်က တောထဲမှာနေရင် ကို့ရဲ့ ရဲဘော်ရဲ က်တွေနဲ့ခွန်အားပေးခွန်အားယူလို့ရတယ် ကိုကျော်စိတ်ဓာတ်ကျနေရင် သူတို့စီက‌နေခွန်အား‌တွေ အများကြီးရတယ် ။

သူတို့တွေစိတ်ဓာတ်ကျ အားငယ်နေရင်လည်း ကိုကျော် သူတို့ကိုခွန်အားပေး ‌ကူညီလို့ရတယ် အဲ့တာကြောင့် ကိုကျော်ပြန်လာချင်တာ ပြီးတော့ လိုအပ်တာတွေလုပ်ဖို့အတွက် ပြန်လာလိုက် ပြန်သွားလိုက်လုပ်နေမှာပါဟု ဖြေကြားထားပါသည်။






