ချစ်သူလမ်းကြား၊ဒီဆောင်းတစ်ည၊စိတ်ညှို့ရှင်၊ငိုမနေနဲ့ အပိုပဲ စတဲ့သီချင်းတွေဟာ လူငယ်တွေရဲ့ပါးစပ်ဖျားမှာ စွဲထင်ကျန်ရစ်နေဆဲ ဦးထီး(ဦးစိုင်းထီးဆိုင်)ရဲ့သီချင်းတွေပဲဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာဆိုရင် နာမည်ကျော်အဆိုတော်ကြီးတွေရဲ့သီချင်းတွေကို Cover Song အဖြစ်ပြန်လည်သီဆိုတာတွေ ခေတ်စားနေပြီး ဦးစိုင်းထီးဆိုင်ရဲ့သမီးဖြစ်သူ
အဆိုတော်ဆိုင်စံက Cover Song တွေပြန်လည်သီဆိုတာနဲ့ပတ်သက်လို့ သူမရဲ့အတွေးခံစားချက်ကို အင်တာဗျူးတစ်ခုကနေ ပြန်လည်မျှဝေပြောပြခဲ့ပါတယ်။
ဦးထီးရဲ့သမီးဖြစ်သူ ဆိုင်စံက “အခုနောက်ပိုင်း Cover Song သဘောမျိုးတွေပြန်ဆိုကြတယ် အဓိကက တစ်ချို့တွေက အသိမပေးပဲ လုပ်ကြတယ် အသိမပေးတဲ့အတွက်
နစ်နာသူတွေရှိတယ် သူကျတော့ ဝယ်ဆိုပြီး သူကတော့ဝယ်မဆိုဘူးဆိုပြီး မညီမျှတော့ဘူး ပရိသတ်တွေက သူတို့လည်းဆိုချင်တာပေါ့ ပြောတယ် ဆိုပါ
အကုန်လုံးကိုတားမြစ်တာမဟုတ်ပါဘူး ဒီ Mainstream ထဲမှာရှိနေတဲ့သူတွေ အနုပညာလမ်းကြောင်းပေါ်လျှောက်ဖို့ကြိုးစားနေတဲ့သူတွေ Professional ဖြစ်ဖို့ဆိုရင် Professional လိုလုပ်ရမယ်လေ အဲ့ဒါပါပဲ “
“ဝါသနာရှင်တွေ၊အပျော်သဘောတွေ၊အပျော်တမ်းဆိုတာတွေကို တားမြစ်တာမဟုတ်ပါဘူး အခုချိန်ထိကို ပေချ့်မှာ လာရေးနေကြတုန်းပဲ နင့်သီချင်းမှမဟုတ်တာ နင့်အဖေရေးတာလေဆိုပြီး ဒါတွေကို မောင်ပိုင်စီးချင်လို့ပြောတာလည်းမဟုတ်ရပါဘူး
ဖေ့ဘွတ်ခ်မှာဒါတွေခေတ်စားနေတဲ့အချိန်ဖြစ်လို့ အရင်ဆုံးလုပ်ခဲ့တဲ့သူဆိုတာ အရမ်းခက်ခဲပါတယ် ဒီတန်ဖိုးကိုနားလည်ရမယ် ဖေကြီးတို့ဆိုလည်း ခက်ခဲခဲ့တယ်
သီချင်းလေးတစ်ပုဒ်ထွက်ဖို့ ပေါ့ပေါ့ပါးပါးလေး တီးလိုက်ဆိုလိုက် အခုခေတ်လိုမဟုတ်ပါဘူး အရင်တုန်းက ပိုခက်ခဲတယ် “
“ဥပမာ ဖေကြီးဆိုထားတဲ့သီချင်းသုံးမယ် ချစ်သူလမ်းကြားပဲထားပါတော့ ဆရာစိုင်းခမ်းလိတ်ရေးထားတယ် ဖေကြီးကဆိုထားတယ်
The Wild Ones က တီးထားတယ် အဲ့ဒီသီချင်းကိုသုံးချင်တယ်ဆိုရင် ဘယ်မှာပဲသုံးသုံး ဒါလေးတော့သုံးချင်ပါတယ်လို့ အကြောင်းကြားရမယ် စီးပွားဖြစ်သုံးမယ်ဆိုရင်လည်း
သီချင်းရဲ့အနုပညာကြေးအတိုင်းပေးရမယ် နည်းနည်းတော့ Step တွေများတယ် နောက်ဆုံး The Wild Ones က အစပြောရပါတယ်”လို့သူမရဲ့ခံစားချက်ကိုမျှဝေပြောပြခဲ့တာပဲဖြစ်ပါတယ်။
အဆိုတော်ဆိုင်စံဟာ ဖခင်ဖြစ်သူလိုပဲ ဂီတအနုပညာကိုဝါသနာပါပြီး သီချင်းကောင်းများစွာဖန်တီးသီဆိုထားတဲ့အဆိုတော်တစ်ယောက်ပါ။
ပရိသတ်ကြီးရော အဆိုတော်ဆိုင်စံရဲ့သီချင်းလေးတွေကိုနားထောင်ဖူးလား?ကြိုက်နှစ်သက်တယ်ဆိုရင် Comment လေးမှာ ဝေမျှပေးခဲ့ပါဦးနော်
ေဖႀကီးသီခ်င္းေတြကို ေမာင္ပိုင္စီးခ်င္တာမဟုတ္ပါဘူးဆိုတဲ့ ဦးထီးရဲ႕သမီး ဆိုင္စံ
ခ်စ္သူလမ္းၾကား၊ဒီေဆာင္းတစ္ည၊စိတ္ညႇိဳ႕ရွင္၊ငိုမေနနဲ႔ အပိုပဲ စတဲ့သီခ်င္းေတြဟာ လူငယ္ေတြရဲ႕ပါးစပ္ဖ်ားမွာ စြဲထင္က်န္ရစ္ေနဆဲ ဦးထီး(ဦးစိုင္းထီးဆိုင္)ရဲ႕သီခ်င္းေတြပဲျဖစ္ပါတယ္။
အခုေနာက္ပိုင္းမွာဆိုရင္ နာမည္ေက်ာ္အဆိုေတာ္ႀကီးေတြရဲ႕သီခ်င္းေတြကို Cover Song အျဖစ္ျပန္လည္သီဆိုတာေတြ ေခတ္စားေနၿပီး ဦးစိုင္းထီးဆိုင္ရဲ႕သမီးျဖစ္သူ
အဆိုေတာ္ဆိုင္စံက Cover Song ေတြျပန္လည္သီဆိုတာနဲ႔ပတ္သက္လို႔ သူမရဲ႕အေတြးခံစားခ်က္ကို အင္တာဗ်ဴးတစ္ခုကေန ျပန္လည္မွ်ေဝေျပာျပခဲ့ပါတယ္။
ဦးထီးရဲ႕သမီးျဖစ္သူ ဆိုင္စံက “အခုေနာက္ပိုင္း Cover Song သေဘာမ်ိဳးေတြျပန္ဆိုၾကတယ္ အဓိကက တစ္ခ်ိဳ႕ေတြက အသိမေပးပဲ လုပ္ၾကတယ္ အသိမေပးတဲ့အတြက္
နစ္နာသူေတြရွိတယ္ သူက်ေတာ့ ဝယ္ဆိုၿပီး သူကေတာ့ဝယ္မဆိုဘူးဆိုၿပီး မညီမွ်ေတာ့ဘူး ပရိသတ္ေတြက သူတို႔လည္းဆိုခ်င္တာေပါ့ ေျပာတယ္ ဆိုပါ
အကုန္လုံးကိုတားျမစ္တာမဟုတ္ပါဘူး ဒီ Mainstream ထဲမွာရွိေနတဲ့သူေတြ အႏုပညာလမ္းေၾကာင္းေပၚေလွ်ာက္ဖို႔ႀကိဳးစားေနတဲ့သူေတြ Professional ျဖစ္ဖို႔ဆိုရင္ Professional လိုလုပ္ရမယ္ေလ အဲ့ဒါပါပဲ “
“ဝါသနာရွင္ေတြ၊အေပ်ာ္သေဘာေတြ၊အေပ်ာ္တမ္းဆိုတာေတြကို တားျမစ္တာမဟုတ္ပါဘူး အခုခ်ိန္ထိကို ေပခ်႕္မွာ လာေရးေနၾကတုန္းပဲ နင့္သီခ်င္းမွမဟုတ္တာ နင့္အေဖေရးတာေလဆိုၿပီး ဒါေတြကို ေမာင္ပိုင္စီးခ်င္လို႔ေျပာတာလည္းမဟုတ္ရပါဘူး
ေဖ့ဘြတ္ခ္မွာဒါေတြေခတ္စားေနတဲ့အခ်ိန္ျဖစ္လို႔ အရင္ဆုံးလုပ္ခဲ့တဲ့သူဆိုတာ အရမ္းခက္ခဲပါတယ္ ဒီတန္ဖိုးကိုနားလည္ရမယ္ ေဖႀကီးတို႔ဆိုလည္း ခက္ခဲခဲ့တယ္
သီခ်င္းေလးတစ္ပုဒ္ထြက္ဖို႔ ေပါ့ေပါ့ပါးပါးေလး တီးလိုက္ဆိုလိုက္ အခုေခတ္လိုမဟုတ္ပါဘူး အရင္တုန္းက ပိုခက္ခဲတယ္ “
“ဥပမာ ေဖႀကီးဆိုထားတဲ့သီခ်င္းသုံးမယ္ ခ်စ္သူလမ္းၾကားပဲထားပါေတာ့ ဆရာစိုင္းခမ္းလိတ္ေရးထားတယ္ ေဖႀကီးကဆိုထားတယ္
The Wild Ones က တီးထားတယ္ အဲ့ဒီသီခ်င္းကိုသုံးခ်င္တယ္ဆိုရင္ ဘယ္မွာပဲသုံးသုံး ဒါေလးေတာ့သုံးခ်င္ပါတယ္လို႔ အေၾကာင္းၾကားရမယ္ စီးပြားျဖစ္သုံးမယ္ဆိုရင္လည္း
သီခ်င္းရဲ႕အႏုပညာေၾကးအတိုင္းေပးရမယ္ နည္းနည္းေတာ့ Step ေတြမ်ားတယ္ ေနာက္ဆုံး The Wild Ones က အစေျပာရပါတယ္”လို႔သူမရဲ႕ခံစားခ်က္ကိုမွ်ေဝေျပာျပခဲ့တာပဲျဖစ္ပါတယ္။
အဆိုေတာ္ဆိုင္စံဟာ ဖခင္ျဖစ္သူလိုပဲ ဂီတအႏုပညာကိုဝါသနာပါၿပီး သီခ်င္းေကာင္းမ်ားစြာဖန္တီးသီဆိုထားတဲ့အဆိုေတာ္တစ္ေယာက္ပါ။
ပရိသတ္ႀကီးေရာ အဆိုေတာ္ဆိုင္စံရဲ႕သီခ်င္းေလးေတြကိုနားေထာင္ဖူးလား?ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ Comment ေလးမွာ ေဝမွ်ေပးခဲ့ပါဦးေနာ္