celebrity news

ပိုပိုရဲ့အိမ်လွမ်းနာသီချင်းမှာ စိတ်ဒဏ်ရာတွေနဲ့ သရုပ်ဆောင်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင် ဆင်မ

အဆိုတော် ပိုပို ကတော့ သီချင်းချိုချိုအေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။

သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြရပြန်ပါတယ်။

ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းဟာ နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

သူမ ဟာ သီချင်းဆိုရာမှာတော်လွန်းရုံမက အမှန်တရားအတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။

ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် လက်ရှိအချိန်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။

အကျဥ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူမရဲ့ပထမဆုံးသီချင်းလေးအဖြစ် အိမ်လွမ်းနာ ဆိုတဲ့ သီချင်းလေးမကြာခင်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

အဆိုတော် ပိုပို ကတော့ သူမရဲ့အိမ်လွမ်းနာသီချင်းထဲမှာ သရုပ်ဆောင် ဦးဆင်မလဲ ပါဝင်ကူညီပေးခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို အခုလိုပဲ အသိပေးလိုက်ပါတယ်။

” ပို့ရဲ့ အိမ်လွမ်းနာ သီချင်းလေးထဲမှာ ဦးဆင်မ လဲ ဘယ်လိုဝင်ကူညီထားသလဲဆိုတာ …….အိမ်လွမ်းနာ …coming Soon … ” လို့ ဦးဆင်မရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့လူမှု့န်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုတော် ပိုပို ရဲ့ သီချင်းလေးထွက်ရှိလာရင်လဲ အားပေးဖို့မမေ့ကြနဲ့အုန်းနော်။









