celebrity news

သားကို အနုပညာလောကထဲမဝင်စေချင်လို့ ထမင်းမငတ်စေမယ့် သက်မွေးပညာတစ်ခု သင်ပေးခဲ့တဲ့ လူကြမ်း ဂျစ်သား

နှုတ်ခမ်းမွှေးထူထူနဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျစ်သားကြီးကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။

လက်ရှိကာလမှာ သူကတော့ တစ်လမှာ တစ်ခါနှစ်ခါလောက် ဇာတ်ကားရိုက်ကူးမူ့လေးတွေမှာပါဝင်ပြီး အခြားစီးပွားရေးကိုပဲ လုပ်ကိုင်နေတာပါ။

အသက်ပိုင်းကလဲကြီးရင့်လာတာတဲ့အပြင် အရင်ကဖိုက်တင်ထိုးခဲ့တဲ့ ဒဏ်တွေကြောင့် ခန္ဓာကိုယ်ဟာ ငယ်စဥ်ကလို ဖိုက်တင်းတွေမထိုးနိုင်တော့ပါဖူး။

ရုပ်ရှင်တစ်ကားဖြစ်မြောက်ဖို့အတွက် လူကြမ်းတွေ၊စက်အဖွဲ့တွေရယ်၊ကင်မရာမန်းတွေ အားလုံးကနောက်ကွယ်ကနေ အရမ်းကြိုးစားခဲ့တာပါ။

ပရိသတ်တွေက ရုပ်ရှင်မင်းသားမင်းသမီးတွေကိုပဲ ချစ်ကြပေမယ့် လူကြမ်းတွေကိုတော့ နာမည်နဲ့လူနဲ့မတွဲမိလောက်အောင် သတိထားမိသူနည်းပါးလှပါတယ်။

ဒါအပြင် အနုပညာကြေးကလဲ ထိုက်ထိုက်တန်တန်မရရှိတာကြောင့် လူကြမ်းသရုပ်ဆောင် ၊ ဇာတ်ပို့ဇာတ်ရန်တွေဟာ စီးပွားရေးတွေ ခက်ခဲကြရပြန်ပါတယ်။

ဒါကြောင့်လဲ လူကြမ်းသရုပ်ဆောင် ဂျစ်သား ဟာ သူ့ရဲ့သားဖြစ်သူကိုအသက်မွေးဝမ်းကျောင်းပညာတစ်ခုလဲဖြစ် ထမင်းစားလက်မှတ်တစ်ခုလဲဖြစ်တဲ့ ဆံပင်ညှပ်ပညာကို သင်ပေးခဲ့တာပါ။

အခုဆိုရင် လူကြမ်းသရုပ်ဆောင် ဂျစ်သားရဲ့ သားလေးဟာ သက်မွေးပညာဖြစ်တဲ့ ဆံပင်ညှပ်တဲ့ပညာကို ကောင်းမွန်စွာ တတ်ကျွမ်းနေပြီပဲ ဖြစ်ပါတယ်။








