ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် Ah Boy ကတော့ မနေ့က ဇူလိုင်လ (၂၉)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကြက်ဥတွေကိုလှူဒါန်းပေးခဲ့တဲ့ အာဟာရဒါနကုသိုလ်အလှူလေးပဲဖြစ်ပါတယ်။
Ah Boy က သူ့ရဲ့အကိုလိုခင်ရတဲ့ မိတ်ဆွေတစ်ယောက်နဲ့အတူ ကြက်ဥလှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Ah Boy ကတော့ ကိုဗစ်ကာလမှာမနားမနေ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးနေတဲ့ ပရဟိတညီအကိုများ အဟာရဒါနသုံးစွဲရန် နာရေးကူညီမှုအသင်းအတွက် ကြက်ဥ အလုံး (၁၀၀၀)၊ ရှေ့တန်းမှာ ကယ်ဆယ်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်နေသောသူများ အဟာရဒါနသုံးစွဲရန် မြောက်ဥက္ကလာဆေးရုံကြီးအတွက် ကြက်ဥ အလုံး (၁၀၀၀)၊သက်ကြီးအဘိုးအဘွားများ အဟာရဒါနသုံးစွဲရန် နှင်းဆီကုန်း ဘိုးဘွားရိပ်သာအတွက် ကြက်ဥ အလုံး (၁၀၀၀)၊

ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေသော ကျန်းမျာရေးဝန်ထမ်းများနှင့် ကိုဗစ်လူနာများ အဟာရဒါနသုံးစွဲရန်အလို့ငှါ Inya Center အတွက် ကြက်ဥ အလုံး (၁၀၀၀) စုစုပေါင်း ကြက်ဥ အလုံး (၄၀၀၀) အား သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ Ah Boy တို့ရဲ့ ကာလဒါနကြက်ဥလှူဒါန်းတဲ့ အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ah Boy
-Zawgyi Font ဖြင့်ဖတ်ရန်-
အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေအတွက် ကြက်ဥတွေအလုံး (၄၀၀၀) လှူဒါန်းပေးခဲ့တဲ့ Ah Boy
Source – Ah Boy
Crd-CZ