Local News

အောက်ခြေစစ်သားများ ဆေးကုသခွင့်မရ

စစ်ကောင်စီ လက်အောက်ခံ အရာရှိငယ်တွေနဲ့ အောက်ခြေရဲဘော် မိသားစုဝင်တွေ စစ်ဆေးရုံတွေမှာ တက်ရောက်ဆေး


ကုသခွင့် မရရှိတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ တပ်ရင်း၊ တပ်ဖွဲ့ အများစုက ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတွေ အပါအဝင် အောက်ခြေ ရဲဘော်တွေနဲ့

မိသားစုဝင်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပေမယ့် ဆေးကုသခွင့် မရရှိတဲ့အပြင် တပ်အချို့ကို အဝင်အထွက်


(Lock down) ကန့်သတ်မှုတွေ ပြုလုပ်ထားတာကြောင့် ပြင်ပက မိဘ၊ ဆွေမျိုးတွေကို ကူညီစောင့်ရှောက်မှု လုပ်ပေးနိုင်ခွင့်ပါ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး၊ ရောဂါအပြင်းအထန် ခံစားနေရပေမယ့်


စစ်ဆေးရုံတွေမှာ တက်ရောက်ဆေးကုသခွင့်မရခဲ့တာကြောင့်သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ် ကြီးဟောင်း၊

ဗိုလ်မှူးကြီးဟောင်း စတဲ့ (အငြိမ်းစား အရာရှိ) တွေရဲ့ မိသားစုဝင်တွေ၊ လက်ရှိ ရောဂါခံစားနေရတဲ့ အရာရှိဟောင်း


ကြီးတွေ ကလည်း စစ်ကောင်စီ ခေါင်းဆောင်တွေအပေါ် စိတ်ဆိုးဒေါသထွက်မှုတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့ ဇနီး၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော် သိန်း၏ ဇနီးနဲ့


သားတို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက် ရောက်ဆေးကုသမှု ခံယူနေရပါတယ်။

ဒါ့အပြင် ပြည်လမ်း၊ ၈ မိုင် ခုံးတံတားအဆင်းရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အင်းစိန် မှုခင်းရဲတပ်ဖွဲ့ သင် တန်းကျောင်း၊


ပဲခူးတိုင်း၊ အင်းတကော်မြို့ အခြေစိုက် အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၊ မွန်ပြည်နယ်အ ခြေစိုက် အရှေ့တောင်

တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ဌာနချုပ် စစ်တိုင်း ၈ ခုခန့်က အရာရှိ၊ စစ်သည်၊


မိသားစုဝင် အားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ်လို့ သိရ ပါတယ်။

ဒါ့အပြင် စစ်အခြေခံ သင်တန်းကျောင်း၊ လက်နက်ငယ်၊ လက်နက်ကြီးပစ်သင် သင်တန်းကျောင်း၊ စစ် လက်နက်ပစ္စည်း


ထုတ်လုပ်ရေးစက်ရုံ၊ တပ်မတော် အထည်ချုပ် စက်ရုံတွေမှာလည်း ရောဂါပိုး ကူးစက် မှုတွေ ပြင်းထန်နေတာကြောင့်


အချို့ စက်ရုံတွေနဲ့ သင်တန်းကျောင်းတွေကို ပိတ်သိမ်းမှုတွေ ပြုလုပ် ထားရတယ်လို့ သိရပါတယ်။
Zawgyi
စစ္ေကာင္စီ လက္ေအာက္ခံ အရာရွိငယ္ေတြနဲ႕ ေအာက္ေျခရဲေဘာ္ မိသားစုဝင္ေတြ စစ္ေဆး႐ုံေတြမွာ တက္ေရာက္ေဆး


ကုသခြင့္ မရရွိတာေၾကာင့္ အခက္အခဲေတြ ျဖစ္ေပၚေနတယ္လို႔ တပ္တြင္းသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

လက္ရွိမွာ တပ္ရင္း၊ တပ္ဖြဲ႕ အမ်ားစုက ဗိုလ္မႉး၊ ဗိုလ္ႀကီး အဆင့္ရွိ အရာရွိေတြ အပါအဝင္ ေအာက္ေျခ ရဲေဘာ္ေတြနဲ႕

မိသားစုဝင္ေတြမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံေနရေပမယ့္ ေဆးကုသခြင့္ မရရွိတဲ့အျပင္ တပ္အခ်ိဳ႕ကို အဝင္အထြက္


(Lock down) ကန႔္သတ္မႈေတြ ျပဳလုပ္ထားတာေၾကာင့္ ျပင္ပက မိဘ၊ ေဆြမ်ိဳးေတြကို ကူညီေစာင့္ေရွာက္မႈ လုပ္ေပးနိုင္ခြင့္ပါ ဆုံးရႈံးေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရၿပီး၊ ေရာဂါအျပင္းအထန္ ခံစားေနရေပမယ့္


စစ္ေဆး႐ုံေတြမွာ တက္ေရာက္ေဆးကုသခြင့္မရခဲ့တာေၾကာင့္ေသဆုံးခဲ့ရတဲ့ဗိုလ္ခ်ဳပ္ ႀကီးေဟာင္း၊

ဗိုလ္မႉးႀကီးေဟာင္း စတဲ့ (အၿငိမ္းစား အရာရွိ) ေတြရဲ႕ မိသားစုဝင္ေတြ၊ လက္ရွိ ေရာဂါခံစားေနရတဲ့ အရာရွိေဟာင္း


ႀကီးေတြ ကလည္း စစ္ေကာင္စီ ေခါင္းေဆာင္ေတြအေပၚ စိတ္ဆိုးေဒါသထြက္မႈေတြ ျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ျပည္ထဲေရးဒုဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီးသန္းလွိုင္နဲ႕ ဇနီး၊ စစ္ေရးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္ သိန္း၏ ဇနီးနဲ႕


သားတို႔ဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရမႈေၾကာင့္ ေနျပည္ေတာ္ စစ္ေဆး႐ုံမွာ တက္ ေရာက္ေဆးကုသမႈ ခံယူေနရပါတယ္။

ဒါ့အျပင္ ျပည္လမ္း၊ ၈ မိုင္ ခုံးတံတားအဆင္းရွိ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ အင္းစိန္ မႈခင္းရဲတပ္ဖြဲ႕ သင္ တန္းေက်ာင္း၊


ပဲခူးတိုင္း၊ အင္းတေကာ္ၿမိဳ႕ အေျခစိုက္ အမွတ္(၁) ခဲယမ္းမီးေက်ာက္တပ္၊ မြန္ျပည္နယ္အ ေျခစိုက္ အေရွ႕ေတာင္

တိုင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ အပါအဝင္ စစ္ဌာနခ်ဳပ္ စစ္တိုင္း ၈ ခုခန႔္က အရာရွိ၊ စစ္သည္၊


မိသားစုဝင္ အားလုံးနီးပါး ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရတယ္လို႔ သိရ ပါတယ္။

ဒါ့အျပင္ စစ္အေျခခံ သင္တန္းေက်ာင္း၊ လက္နက္ငယ္၊ လက္နက္ႀကီးပစ္သင္ သင္တန္းေက်ာင္း၊ စစ္ လက္နက္ပစၥည္း


ထုတ္လုပ္ေရးစက္႐ုံ၊ တပ္မေတာ္ အထည္ခ်ဳပ္ စက္႐ုံေတြမွာလည္း ေရာဂါပိုး ကူးစက္ မႈေတြ ျပင္းထန္ေနတာေၾကာင့္


အခ်ိဳ႕ စက္႐ုံေတြနဲ႕ သင္တန္းေက်ာင္းေတြကို ပိတ္သိမ္းမႈေတြ ျပဳလုပ္ ထားရတယ္လို႔ သိရပါတယ္။