Local News

စစ်ကောင်စီတပ်တိုက်လေယာဉ်မှူး ၁၀ ဦး ပါကစ္စတန်မှာ တိုက်လေယာဉ်မောင်းသင်တန်းတက်နေ

မြန်မာ့လေတပ်မှ တိုက်လေယာဉ်မှူး ၁၀ ဦးသည် ပါကစ္စတန်နိုင်ငံတွင် ခြောက်လတာ တိုက်လေယာဉ်မောင်း သင်တန်းတက်ရောက်နေကြောင်း ယုံစိတ်ချရသော စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်အပြောအရသိရသည်။





တောင်ငူအခြေစိုက် လေတပ် ဒုတိယဗိုလ်မှူးကြီး အောင်မင်းဦးကွပ်ကဲမှုအောက်ရှိ လေတပ်အရာရှိ ၁၀ ဦးသည် ပါကစ္စတန်နိုင်ငံတွင် JF 17 တိုက်လေယာဉ်များမောင်းနှင်ခြင်းသင်တန်းကို ဇွန် ၂၁ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်အထိသင်ယူနေခြင်းဖြစ်သည်။





တစ်စင်း ဒေါ်လာ ၁၆ သန်းတန်သည့် တရုတ်-ပါကစ္စတန်ပူးတွဲထုတ်လုပ်သော JF-17 Thunder FC-1 လေယာဉ် ၁၆ စီးကို မြန်မာက ဝယ်ယူဖို့ ၂၀၁၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့သည်။

———–

စစ္ေကာင္စီတပ္တိုက္ေလယာဥ္မႉး ၁၀ ဦး ပါကစၥတန္မွာ တိုက္ေလယာဥ္ေမာင္းသင္တန္းတက္ေန





စစ္ေကာင္စီေလတပ္မွ တိုက္ေလယာဥ္မႉး ၁၀ ဦးသည္ ပါကစၥတန္ႏိုင္ငံတြင္ ေျခာက္လတာ တိုက္ေလယာဥ္ေမာင္း သင္တန္းတက္ေရာက္ေနေၾကာင္း ယုံစိတ္ခ်ရေသာ စစ္ဘက္ဆိုင္ရာသတင္းရင္းျမစ္အေျပာအရသိရသည္။

ေတာင္ငူအေျခစိုက္ ေလတပ္ ဒုတိယဗိုလ္မႉးႀကီး ေအာင္မင္းဦးကြပ္ကဲမႈေအာက္ရွိ ေလတပ္အရာရွိ ၁၀ ဦးသည္ ပါကစၥတန္ႏိုင္ငံတြင္ JF 17 တိုက္ေလယာဥ္မ်ားေမာင္းႏွင္ျခင္းသင္တန္းကို ဇြန္ ၂၁ ရက္ေန႔မွ ဇန္နဝါရီ ၂၂ ရက္၊ ၂၀၂၂ ခုႏွစ္အထိသင္ယူေနျခင္းျဖစ္သည္။




တစ္စင္း ေဒၚလာ ၁၆ သန္းတန္သည့္ တ႐ုတ္-ပါကစၥတန္ပူးတြဲထုတ္လုပ္ေသာ JF-17 Thunder FC-1 ေလယာဥ္ ၁၆ စီးကို ျမန္မာက ဝယ္ယူဖို႔ ၂၀၁၆ ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။