Local News

ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီက ၾကားဝင္ရန္ အေၾကာင္းမရွိဟု ႐ုရွားက ေဝဖန္

ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံအေရး အလြတ္သေဘာေဆြးေႏြးပြဲက်င္းပျခင္းကို ဆန႔္က်င္ေၾကာင္း ကုလသမဂၢဆိုင္ရာ




႐ုရွားအၿမဲတမ္းကိုယ္စားလွယ္က ေျပာၾကားသည္ဟု ႐ုရွားသတင္းေအဂ်င္စီတစ္ခုျဖစ္ေသာ TASS က ယမန္ေန႔ (ဇူလိုင္ ၂၉) တြင္ ေရးသားသည္။

ကုလလုံၿခဳံေရးေကာင္စီ၏ ၾကားဝင္ေဆာင္႐ြက္မႈက ျမန္မာႏိုင္ငံတြင္းက အေျခအေနကို တိုးတက္ေစမည္မဟုတ္ေၾကာင္း ႐ုရွားအၿမဲတမ္းကိုယ္စားလွယ္ Dmitry Polyansky က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္ဟု ဆိုသည္။




“ဒီအေျခအေနမွာ ၾကားဝင္သင့္တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ (႐ုရွား) အေနျဖင့္ ဒီေန႔က်င္းပတဲ့ အလြတ္သေဘာေဆြးေႏြးပြဲအပါအဝင္ စိုးရိမ္ဖြယ္ရာ ဘယ္လိုေဆာင္႐ြက္ခ်က္မ်ိဳးမဆို၊

ဘယ္လိုရန္စမႈမ်ိဳးမဆို ကြၽန္ေတာ္တို႔ ဆန႔္က်င္ပါတယ္။ ဒီအလြတ္သေဘာေဆြးေႏြးပြဲဟာ သိသာထင္ရွားတဲ့ ရန္စမႈလို႔ ကြၽန္ေတာ္ထင္ပါတယ္” ၎က ေျပာသည္။




ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းၿပီး ေျခာက္လျပည့္လုခ်ိန္တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ အလြတ္သေဘာေဆြးေႏြးပြဲကို ၿဗိတိန္ႏိုင္ငံက ဦးေဆာင္က်င္းပခဲ့ၿပီး၊ ထိုေဆြးေႏြးပြဲတြင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားလည္း ပါဝင္ေဆြးေႏြးခဲ့သည္။

ဒီမိုကေရစီရရွိေရး ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားကို သတ္ျဖတ္သည့္ အာဏာသိမ္းစစ္ေကာင္စီကို အေမရိကန္ဦးေဆာင္ေသာ အေနာက္အင္အားႀကီးႏိုင္ငံမ်ားက ခ်မွတ္ခဲ့သည့္




ဒဏ္ခတ္အေရးယူမႈမ်ားကို ဆန႔္က်င္ေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ျခင္းက ပဋိပကၡကို ႀကီးထြားေစမည္သာျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံက ဧၿပီလအတြင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္လအတြင္း ကုလအေထြေထြညီလာခံတြင္ ျမန္မာႏိုင္ငံသို႔ စစ္လက္နက္ပစၥည္မ်ား စီးဝင္ျခင္းကို တားျမစ္သည့္ ဆုံးျဖတ္ခ်က္ကို မဲခြဲဆုံးျဖတ္ခဲ့ရာတြင္ ႐ုရွားႏိုင္ငံက ၾကားေနမဲေပးခဲ့ၿပီး၊




ထိုဆုံးျဖတ္ခ်က္ထြက္ေပၚလာၿပီးေနာက္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႐ုရွားသို႔ တစ္ပတ္ၾကာ သြားေရာက္ခဲ့သည္။

ႏိုင္ငံတကာအသိုင္းအဝိုင္းက အျပင္းအထန္ဖိအားေပးေနေသာ္လည္း ႐ုရွားႏိုင္ငံက ျမန္မာစစ္အုပ္စုကို ေထာက္ခံအားေပးေနသည့္အျပင္ စစ္လက္နက္ပစၥည္းမ်ားဆက္လက္ေရာင္းခ်ကာ အျမတ္ထုတ္လ်က္ရွိေၾကာင္း လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူမ်ားက ေဝဖန္ထားသည္။




ယမန္ေန႔က က်င္းပခဲ့သည့္ ကုလလုံၿခဳံေရးေကာင္စီ၏ ျမန္မာ့အေရး အလြတ္သေဘာေဆြးေႏြးပြဲတြင္ ကုလဦးေဆာင္သည့္ ေစာင့္ၾကည့္ေရးအဖြဲ႕ (UN-led monitoring mechanism) တည္ေဆာက္ဖြဲ႕စည္းေပးရန္ ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုခဲ့သည္။

ခရက္ဒစ္ – ျမန္မာေနာင္း

———–

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေး အလွတ်သဘောဆွေးနွေးပွဲကျင်းပခြင်းကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ




ရုရှားအမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်ဟု ရုရှားသတင်းအေဂျင်စီတစ်ခုဖြစ်သော TASS က ယမန်နေ့ (ဇူလိုင် ၂၉) တွင် ရေးသားသည်။

ကုလလုံခြုံရေးကောင်စီ၏ ကြားဝင်ဆောင်ရွက်မှုက မြန်မာနိုင်ငံတွင်းက အခြေအနေကို တိုးတက်စေမည်မဟုတ်ကြောင်း ရုရှားအမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

“ဒီအခြေအနေမှာ ကြားဝင်သင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ (ရုရှား) အနေဖြင့် ဒီနေ့ကျင်းပတဲ့ အလွတ်သဘောဆွေးနွေးပွဲအပါအဝင် စိုးရိမ်ဖွယ်ရာ ဘယ်လိုဆောင်ရွက်ချက်မျိုးမဆို၊

ဘယ်လိုရန်စမှုမျိုးမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ဒီအလွတ်သဘောဆွေးနွေးပွဲဟာ သိသာထင်ရှားတဲ့ ရန်စမှုလို့ ကျွန်တော်ထင်ပါတယ်” ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ခြောက်လပြည့်လုချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလွတ်သဘောဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပခဲ့ပြီး၊ ထိုဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးခဲ့သည်။

ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်သည့် အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ဦးဆောင်သော အနောက်အင်အားကြီးနိုင်ငံများက ချမှတ်ခဲ့သည့်




ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ကုလအထွေထွေညီလာခံတွင် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်များ စီးဝင်ခြင်းကို တားမြစ်သည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ရုရှားနိုင်ငံက ကြားနေမဲပေးခဲ့ပြီး၊

ထိုဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ဖိအားပေးနေသော်လည်း ရုရှားနိုင်ငံက မြန်မာစစ်အုပ်စုကို ထောက်ခံအားပေးနေသည့်အပြင် စစ်လက်နက်ပစ္စည်းများဆက်လက်ရောင်းချကာ အမြတ်ထုတ်လျက်ရှိကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ထားသည်။




ယမန်နေ့က ကျင်းပခဲ့သည့် ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် ကုလဦးဆောင်သည့် စောင့်ကြည့်ရေးအဖွဲ့ (UN-led monitoring mechanism) တည်ဆောက်ဖွဲ့စည်းပေးရန် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။

ခရက်ဒစ် – မြန်မာနောင်း