Local News

မနေ့က ငလျင်လှုပ်တာကို နက္ခတ်နဲ့ရော၊အင်္ဂဝိဇ္ဇာအရရော၊ဂြိုဟ်ပိုင်စိုးမှုအနေနဲ့ရော ထောင့်စုံကနေတွက်ကြည့်တဲ့အခါ

မနေ့က ငလျင်လှုပ်တာကို နက္ခတ်နဲ့ရော၊အင်္ဂဝိဇ္ဇာအရရော၊ဂြိုဟ်ပိုင်စိုးမှုအနေနဲ့ရော ထောင့်စုံကနေတွက်ကြည့်တဲ့အခါ ပြည်သူ့အောင်ပွဲနမိတ်ကိုတွေ့ရပါတယ်။




ရက်က ၂၉ . ၇ .၂၀၂၁ ၊ ဖုသျှနက္ခတ်စီးပြီး စနေဂြိုဟ် ပိုင်စိုးတဲ့နေ့ဖြစ်ပါတယ်။အချိန်က ကြာသပတေးနေ့ ညနေ ၃နာရီနဲ့ ၁၀ မိနစ် ဖြစ်ပါတယ်။

အင်္ဂဝိဇ္ဇာအခါကို ပြန်လေ့လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဓမ္ဓာစြင်္ကာတရားဟောသောအခါမိပါတယ်။ ဒီနမိတ်ဟာ ကြာသပတေးနေ့ဖြစ်တဲ့အတွက် ပြည်သူ့အတွက်ကောင်းသောနမိတ်လို့ပဲဆိုရပါမယ်။

ဒါ့အပြင် ငလျင်ကျမ်းမှာတော့ ဝါဆိုဖြစ်တဲ့အတွက် မင်းပြောင်းမင်းလွှဲဖြစ်စေမှာကိုတွေ့ရပါတယ်။




ဒါ့အပြင်စနေဂြိုဟ် ပိုင်စိုးတဲ့ ရက်မှာ ပြသတာဖြစ်တဲ့အတွက် စနေကိုလေ့လာကြည့်သောအခါမှာ အခြေခံလူတန်းစားများနဲ့ တိုင်းသူပြည်သူများကို ကိုယ်စားပြုပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံဟာ ဗုဒ္ဓဟူးဒသာထဲမှာရှိနေပါတယ်။ ဒါကို ကြည့်ပြီး ကျမကို နက္ခတ်ဗေဒင်ပညာသင်ပေးတဲ့ ဘဘက ဟောကိန်းထုတ်ပါတယ်။




”လောလောဆယ်မှာ ပြည်သူတွေက ပူပင်သောကရှိနေဦးမယ်၊ စိတ်ပူစရာရှိနေပေမဲ့ ဒီငလျင်ဟာ၄/၄ ဖြစ်နေတဲ့အတွက် အဆိုးကုန်တော့မယ် ဆိုတာကို ပြသတဲ့ နမိတ်လို့ ဟောရမယ်၊ နောက် ၂ လကျော်လျှင် ပြည်သူ့အောင်ပွဲ ပဲ” လို့ ဆရာဘဘက တိတိကျကျဟောပါတယ်။

ဆရာများနဲ့ ကျမရဲ့ အယူအဆအားလုံးကို ခြုံပြောရရင်တော့ မြန်မာပြည်မှာအုပ်ချုပ်သူ ပြောင်းလဲပါတော့မယ် ရက်ပေါင်း ၆၀ အတွင်းဖြစ်ပါလိမ့်မယ်။

ရက်ပေါင်း ၆၀ ကျော်တာနဲ့ ပြည်သူတွေ အောင်ပွဲခံရပါတော့မယ်။ တိတိကျကျပြောရရင်တော့ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်းမှာ ဖြစ်ပါတယ်။




ကြားကာလတွေကိုတော့ ဂရုတစိုက်ကျော်ဖြတ်ကြပါစို့။ ဒါန၊သီလ၊ဘာဝနာတရားများကျင့်ကြံ့အားထုတ်ရင်းနဲ့ နေထိုင်ကြရအောင်ပါ။

ပြည်သူ့အောင်ပွဲခံချိန်မှာ အားလုံးအတူတူရှိနေဖို့ ကျန်းမာဘေးကင်းအောင်နေထိုင်ပေးကြပါနော်။
ချစ်သောသူများ ဘေးကင်းကျန်းမာကြပါစေ

မေတ္တာဖြင့်

Credit : May Thingyan Hein




———-













”လောလောဆယ်မှာ ပြည်သူတွေက ပူပင်သောကရှိနေဦးမယ်၊ စိတ်ပူစရာရှိနေပေမဲ့ ဒီငလျင်ဟာ၎/၄ ဖြစ်နေတဲ့အတွက် အဆိုးကုန်တော့မယ် ဆိုတာကို ပြသတဲ့ နမိတ်လို့ ဟောရမယ်၊ နောက် ၂ လကျော်လျှင် ပြည်သူ့အောင်ပွဲ ပဲ” လို့ ဆရာဘဘက တိတိကျကျဟောပါတယ်။








မေတ္တာဖြင့်
