Local News

ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအချို့အတွက် ထမင်းဘူး ၁၀၀တိတိ ဆက်သွယ်လှူဒါန်းပေးခဲ့တဲ့ ကိုရီးယားမင်းသား Lee Seo Ho

တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံက ပြည်သူတွေကို ရရာနည်းလမ်းနဲ့ အစွမ်းကုန် အားပေးကူညီနေကြတာ ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကို စာနာနားလည်ပေးတဲ့အပြင် လူထုလှုပ်ရှားမှုတွေမှာပါ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက Model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lee Seo Ho ကလည်း မြန်မာ့အရေးမှာ ကူညီနေသူတစ်ဦး ဖြစ်ပါတယ်။

Photo credit-Lee Seo Ho’s Facebook page
Photo credit-Lee Seo Ho’s Facebook page

Lee Seo Ho က တောင်ကိုရီးယားရောက် မြန်မာတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပေးသလို Social Media ကတစ်ဆင့် မြန်မာ့အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားပေးနေတာလည်းတွေ့ရပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို တတ်နိုင်သရွေ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

Photo credit-Lee Seo Ho’s Facebook page
Photo credit-Lee Seo Ho’s Facebook page

အခုအခါမှာလည်း Lee Seo Hoဟာ စား၀တ်နေရေးကြပ်တည်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ လမ်းထွက်ကာ ပရဟိတအလုပ်တွေကူညီပေးနေကြတဲ့သူတွေအတွက် ထမင်းဘူး ၁၀၀တိတိလှူဒါန်းပေးခဲ့ဝာာဖြစ်ပါတယ်။

သူဟာ အလှူရှင်တစ်ဦးကို လာရောက်ဆက်သွယ်ခဲ့ကာ ကူညီပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-May Nwe Htun’s Facebook acc

သတင်းအရင်းမြစ်: 
May Nwe Htun’s Facebook acc

Crd-myanmarload