Local News

အောက်ဆီဂျင်တွေ ထိုးကျကာ ရုတ်တရက်ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူကြောင့် အဝေးကနေ ဖြေဆည်မရ ဖြစ်နေတဲ့ ညီနန္ဒ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။

သူကတော့ လတ်တလောမှာဆိုရင် ပုဒ်မ (၅၀၅ – က) နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ် ။


မကြာခင်နာရီပိုင်းလောက်က ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို ပုံလေးနဲ့ တကွ ရေးသားဖော်ပြထားခဲ့ပါတယ် ။

ဖခင်ဖြစ်သူမှာ အောက်ဆီဂျင်တွေ ၆၀ အထိ ထိုးကျနေပြီး အနားမှာ ပြုစုခွင့်မရတာကြောင့် အဝေးကနေ စိတ်ပူပန်နေရှာတာလည်းဖြစ်ပါတယ် ။ 


ဒီလိုတင်ပြီး ခဏမှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာဝေမျှလာပါတယ် ။ ” ဒီတစ်ခါ ကျွန်တော့အလှည့် ကျွန်တော့အဖေ ည ၇:၃၁ မှာ ဆုံးပြီ ” ရေးသားဖော်ပြထားရာ ထပ်တူ ဝမ်းနည်းမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ညီနန္ဒရဲ့ ဖခင်လည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nyi Nanda

-Zawgyi Font ဖြင့်ဖတ်ရန် – 


သနားပါတယ် အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။

သူကတော့ လတ်တလောမှာဆိုရင် ပုဒ်မ (၅၀၅ – က) နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလည်းဖြသ်ပါတယ် ။




Yuan – Cele Zone

Photo – Nyi Nanda