Local News

“အွန်းလိုင်းမှတဆင့် ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးနေတဲ့ ဒေါက်တာမြင့်ဦး (GP)ကွယ်လွန်”

ရုပ်သံဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဆိုင်ရာတွေနဲ့ အထူးသဖြင့်

ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးတဲ့ ဒေါက်တာမြင့်ဦး (GP)

ဒီကနေ့ ဇူလိုင် ၃၀ရက် မနက် အစောပိုင်းက ဂျပန်ဆေးရုံကြီးလို့လူသိများတဲ့ ရန်ကုန် အထွေထွေရောဂါကု




ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သမီးဖြစ်သူက အတည်ပြုပါတယ်။

Save Myanmar Childern Foundation ရဲ့ဦးဆောင်သူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာမြင့်ဦး

ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။




ဒေါက်တာမြင့်ဦး ဟာ ကိုဗစ်ကူးစက်မှုခံရပြီးတဲ့နောက် နှစ်ပတ်ကျော်ဆေးရုံတက်ရောက်ကုသ

ပြီးအောက်ဆီဂျင်ကျပြီးဆုံးပါးခဲ့ရတာလို့ သိရပါတယ်။

ဒေါက်တာမြင့်ဦးဟာကျန်းမာရေးဆိုင်ရာတွေအတွက် အမြဲတက်တက်ကြွကြွနဲ့ အသိပညာဖြန့်ဝေသူဖြစ်လို့




အများပြည်သူကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်းရေးသားနေကြသလို၊

ဆေးလောက အသိုင်းအဝိုင်းအတွက်လည်းဆုံးရှုံးမှုတစ်ခုလို့ပြောဆိုရေးသားနေကြပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ – Social Media

zawgyi

႐ုပ္သံဌာနေတြနဲ႔လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ က်န္းမာေရးဆိုင္ရာေတြနဲ႔ အထူးသျဖင့္

ကိုဗစ္ေရာဂါနဲ႔ပတ္သက္တဲ့ က်န္းမာေရးဗဟုသုတေတြကို ျဖန႔္ေဝေျပာၾကားေပးတဲ့ ေဒါက္တာျမင့္ဦး (GP)

ဒီကေန႔ ဇူလိုင္ ၃၀ရက္ မနက္ အေစာပိုင္းက ဂ်ပန္ေဆး႐ုံႀကီးလို႔လူသိမ်ားတဲ့ ရန္ကုန္ အေထြေထြေရာဂါကု




ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရင္း ကြယ္လြန္ခဲ့တယ္လို႔ သမီးျဖစ္သူက အတည္ျပဳပါတယ္။

Save Myanmar Childern Foundation ရဲ႕ဦးေဆာင္သူတစ္ဦးလည္းျဖစ္တဲ့ ေဒါက္တာျမင့္ဦး

ဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၆၇ ႏွစ္ ရွိၿပီျဖစ္ပါတယ္။




ေဒါက္တာျမင့္ဦး ဟာ ကိုဗစ္ကူးစက္မႈခံရၿပီးတဲ့ေနာက္ ႏွစ္ပတ္ေက်ာ္ေဆး႐ုံတက္ေရာက္ကုသ

ၿပီးေအာက္ဆီဂ်င္က်ၿပီးဆုံးပါးခဲ့ရတာလို႔ သိရပါတယ္။

ေဒါက္တာျမင့္ဦးဟာက်န္းမာေရးဆိုင္ရာေတြအတြက္ အၿမဲတက္တက္ႂကြႂကြနဲ႔ အသိပညာျဖန႔္ေဝသူျဖစ္လို႔




အမ်ားျပည္သူကသူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ဝမ္းနည္းေၾကာင္းေရးသားေနၾကသလို၊

ေဆးေလာက အသိုင္းအဝိုင္းအတြက္လည္းဆုံးရႈံးမႈတစ္ခုလို႔ေျပာဆိုေရးသားေနၾကပါတယ္။

ဘီဘီစီျမန္မာပိုင္း

ဓါတ္ပုံ – Social Media