ကိုဗစ်နဲ့အစုန်အဆန် မန္တလေး နဲ့သိပ်မဝေးလှ တဲ့ မြို့လေး
တစ်မြို့ မိုးကုတ်က… အသက် ၈၀ ကျော် …သန်သန်မာမာ ၊
အလုပ်တွေလည်း …လုပ်နိုင်သေး တဲ့ သူဌေးကြီး တစ် ယောက်


အောက်စီဂျင်တွေ ကျလာ လို့ ဆိုပီး နယ်မြိိို့စစ် -‘P ‘တွေ့ ပီး မန်းရွှေမြို့တော် ကို …ကိုယ်ပိုင်ကားနဲ့အပြေးလာလေရဲ့။
မန်းလေးရောက်ရင် ကိုယ်တိုင်ဝယ်ထားတဲ့ …သံုးထပ်တိုက် အကြီးကြီး ထဲမှာ နေရင်း
အောက်စီ ဂျင်တွေဝယ်ရှူ ၊ ဆေးကုသမှု ခံယူ မယ် လို့ တွေးထားတဲ့အဘိုးကြီး။

မန်းလေး ရောက်တော့ သူ့အိမ်မှာ …နေနေတဲ့ သူ့ရဲ့ ချစ်လှစွာသော သား က “အဖေ့ကို …ဒီအိမ်မှာ လက်ခံထား လို့ မဖြစ်ဘူး ။ သားမိန်းမရယ် ၊ …ကလေးရယ် ကို ကူး လိမ့်မယ် “ ဆို လို့
ကျောက်သူဌေးကြီး ခမျာ ဆေးရံုဆေးခန်းတွေ။ ပတ် ပြီး အကူအညီ တောင်း ၊ ဟိုတယ် တွေ တစ်ခု ပြီး တစ်ခု ဝင်/ ထွက် ၊
သူ့အမျိုးတွေ က ပိုင်ရာ ဆိုင်ရာ… ဟိုတယ် တွေ ကို ဖုန်း တွေ ဆက်ပြီး ချိတ် ပေး ရင်း နောက် ဆံုးတော့ …ချောင်ကျကျ တည်းခိုခန်း ခပ်သေးသေး …လေး မှာ နေရာ ရသွားတယ်။


နေရာ ရပြီး နှစ်နာ ရီ လောက် အကြာ မှာ ဆံုးသွား ပါလေရော ။ (ည ၁၀ နာီ)။စိတ်မကောင်းတာက ပံုထဲမှာ ပါတဲ့ အိမ် အကြီးကြီး ထဲမှာ ဒီ ဖခင် အို ကြီး အတွက်… အခန်း တစ်နေရာ စီစဉ် လိုက် ရင်
တခြား သူ ကို ကူးစရာ …အကြောင်း မရှိဘူး ဆိုတာ မသိတဲ့သား မိုက်။မန္တလေး သွားရင် …ကောင်း သွား မှာ ဆိုပီးနယ် ကနေ မန္တလေး ကို လွှဲ တဲ့ဆရာဝန်။…

ကိုဗစ် ဆိုတာ အောက်စီ ဂျင် မရရင် …အသက် မရှင်နိုင်ပါဘူး ။ နယ် မှာ ပဲ ကုကြပါ။.nnn( ps- မိမိသာဆို နယ်က အဖေက မန္တလေး ကို လာနေပီ ဆိုတာ နဲ့။


တစ်နေကုန် အောက်စီ ဂျင် အိုးတွေ ရှာထား ပီး အဖေ့အတွက် အခန်း တစ်ခန်း စီစဉ်ထား မိမှာ)