Local News

ေကအိုင္ေအ က လက္ခ်င္းခ်ိတ္ထားရမယ့္ ထိုင္ဝမ္ နဲ႔ ေဟာင္ေကာင္

ေကအိုင္ေအ က လက္ခ်င္းခ်ိတ္ထားရမယ့္ ထိုင္ဝမ္ နဲ႔ ေဟာင္ေကာင္

(၁)
ဂ်ပန္ရဲ႕ ျပင္းထန္တိက်တဲ့ တုန႔္ျပန္ခ်က္ထြက္လာအၿပီး ရက္ပိုင္းအတြင္းမွာ မအလက KIA ကို ၿငိမ္းခ်မ္းေရး ကမ္းလွမ္းလာတာဟာ သာမန္တိုက္ဆိုင္မႈမဟုတ္ပါဘူး၊ ဒါကို KIA တင္မက UWSA, AA, TNLA , MNDAA , RCSS, SSPP, KNPP, KNU တို႔ကပါ ေစာင့္ၾကည့္ေဝဖန္သင့္ပါတယ္။
ရွီက်ိန္းဖ်င္အေနနဲ႔ ထိုင္ဝမ္ကို က်ဴးေက်ာ္လာမယ္ဆိုရင္ ဂ်ပန္ဟာ အေမရိကန္နဲ႔ လက္တြဲၿပီး ထိုင္ဝမ္ကို ကာကြယ္သြားရမယ္လို႔ ဂ်ပန္ ဒုဝန္ႀကီးခ်ဳပ္က ေျပာၾကားသြားပါတယ္။

ကြန္ျမဴနစ္ခ်ိဳင္းနားဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္လာမယ္ဆိုရင္ အဲဒါဟာ ဂ်ပန္ရဲ႕ ရွင္သန္ရပ္တည္မႈအေပၚ ၿခိမ္းေျခာက္ျခင္း ျဖစ္တယ္လို႔ ရႈျမင္ၿပီး လိုအပ္တာေတြ ဆက္လက္ေဆာင္႐ြက္ သြားရပါမယ္လို႔ ဂ်ပန္ဒုဝန္ႀကီးခ်ဳပ္ တာ႐ိုအာစို က တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။

ဒါမ်ိဳးျဖစ္လာရင္ ဂ်ပန္ နဲ႔ အေမရိက လက္တြဲၿပီး ထိုင္ဝမ္ကို ကာကြယ္သြားရပါမယ္။ ဂ်ပန္ရဲ႕ ရွင္သန္ရပ္တည္မႈကို ထိခိုက္လာမယ္ဆိုရင္ေတာ့ ဆက္လုပ္ရမွာေတြက အရွင္းႀကီးပါ တဲ့။
အာစိုဟာ ဘ႑ာေရးဝန္ႀကီးေနရာကိုပါ တာဝန္ယူထား ရသူျဖစ္ၿပီး ဂ်ပန္လုံၿခဳံေရးေကာင္စီမွာလည္း တာဝန္ရွိသူျဖစ္ပါတယ္။

ထိုင္ဝမ္ နဲ႔ ျပန္လည္ေပါင္းစည္း ႏိုင္ေရးဟာ သမိုင္းေပးတာဝန္ျဖစ္ၿပီး မျဖစ္မေနေဆာင္႐ြက္ရမွာလည္း ျဖစ္တယ္လို႔ ခ်ိဳင္းနားကြန္ျမဴနစ္ သမၼတ ရွီက်ိန္းဖ်င္က ခုရက္ပိုင္းအတြင္း ေႂကြးေၾကာ္ထားတာလည္း ရွိေနျပန္ပါတယ္။

ဂ်ပန္ေျခဥအရ အရင္က ဂ်ပန္ပိုင္နက္ကို က်ဴးေက်ာ္ခံရမွသာ စစ္ေရးတုန႔္ျပန္မႈကို ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ေပမဲ့ ၂၀၁၅ ေျခဥျပင္ဆင္ခ်က္အရ ဂ်ပန္ရဲ႕ ရွင္သန္ရပ္တည္ႏိုင္မႈကို ၿခိမ္းေျခာက္လာၿပီဆိုလွ်င္လည္း စစ္ေရးတုန႔္ျပန္မႈမ်ားကို စတင္ေဆာင္႐ြက္ ႏိုင္ေနၿပီျဖစ္ပါတယ္။

(၂)
ဒီရက္ပိုင္းအတြင္း အာဖဂန္ထဲက လက္နက္ကိုင္ အုပ္စုကြဲမ်ားရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ ရွီက်ိန္းဖ်င္က ဒိုင္ေနရာ ခ်ဲ႕ ယူလာတာကိုေတြ႕ရပါတယ္။ ေဒသတြင္း လက္နက္ကိုင္ အုပ္စုကြဲေတြ ရွိေနတဲ့ေနရာဟာ ျမန္မာနဲ႔ အာဖဂန္ပဲရွိပါတယ္။

ရွီက်ိန္းဖ်င္ဟာ ျမန္မာမွာေတာ့ ဝမ္ယိက တဆင့္ ဆြန္ေဂၚရွန္းကို တာဝန္ေပးထားတာေတြ႕ရပါတယ္။
ဆြန္ေဂၚရွန္း ဘာလဲ ဘယ္သူလဲ၊ သီရိလကၤာ နဲ႔ ေမာ္လဒိုက္ မွာရွိတဲ့ ဆိပ္ကမ္းေတြကို အေႂကြးေထာင္ေခ်ာက္ဆင္ဖို႔ ဆြန္ေဂၚရွန္းဟာ အဓိကေနရာက ပါဝင္ခဲ့တယ္။ ဆြန္ေဂၚရွန္းရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ ဆြန္ေဂၚရွန္းရဲ႕ လက္ရွိျမန္မာ့ႏိုင္ငံေရး ပါဝင္ပတ္သတ္ေနမႈေတြကိုၾကည့္ရင္ ရွီက်ိန္းပင္ရဲ႕ ျမန္မာႏိုင္ငံအေပၚ ေလာဘတႀကီးျဖစ္ေနမႈကို ပိုသိလာပါမယ္။

(၃)
ထိုင္ဝမ္း နဲ႔ ေဟာင္ေကာင္း အေရးဟာ ခ်ိဳင္းနားနဲ႔ နယ္နိမိတ္ တိုက္႐ိုက္ ထိစပ္ေနတဲ့အတြက္ ရွီက်ိန္းဖ်င္ တိုက္႐ိုက္ ျပန္ ခံစားသြားႏိုင္တဲ့ အေရးပါ။

အိႏၵိယ ခ်ိဳင္းနား နယ္စပ္ကိစၥမွာလည္း ရွီက်ိန္းဖ်င္က အိႏၵိယကို တိုက္႐ိုက္ စိန္မေခၚရဲပါဘူး။ ဒီေတာ့ ရွီက်ိန္းဖ်င္အေနနဲ႔ ထိုင္းဝမ္း နဲ႔ ေဟာင္ေကာင္းအေပၚ ဟန္ေရးဆက္ျပေနၿပီး စစ္ေရးအာ႐ုံကို ခ်ိဳင္းနား နယ္နိမိတ္ နဲ႔ တိုက္႐ိုက္မသက္ဆိုင္တဲ့ ေဒသတြင္း အျခားေနရာတစ္ခုကို ေ႐ႊ႕မယ္ဆိုရင္ အဲဒါ ျမန္မာပဲ ျဖစ္လာပါတယ္။

ရွီက်ိန္းဖ်င္ဟာ ပါကစၥတန္ကို ေငြေၾကးေထာင္ေခ်ာက္ဆင္ၿပီး လိုသလို ခ်ဥ္းကပ္ အသုံးခ်ေနတာလည္းေတြ႕ရပါတယ္။
ရွီက်ိန္းဖ်င္ရဲ႕ ဝီဂါ ေဒသလူထုဖိႏွိပ္ေနမႈေတြကို စနစ္က်တဲ့ ထိန္းခ်ဳပ္မႈအျဖစ္ပါကစၥတန္က ဒီရက္ပိုင္းအတြင္း ထပ္မံ အခိုင္အမာ ေထာက္ခံေနတာ ထြက္ေပၚလာပါတယ္။
ေနာက္ထပ္ ေဒသတြင္း ထူးျခားမႈအေနနဲ႔ ဘဂၤလားေဒ့ရွ္ဟာ ရွီက်ိန္းဖ်င္ အုပ္စီးထားမႈကေန စနစ္တက် ဆုတ္ခြာေနတာ ေတြ႕ရပါတယ္။

USA, India, Japan, Australia ေလးႏိုင္ငံအဖြဲ႕အေပၚ စိတ္ဝင္စားမႈျပလာတဲ့ ဘဂၤလားေဒ့ရွ္ကို ရွီက်ိန္းဖ်င္က ေဒါသတႀကီး သတိေပးတာလည္း ထြက္ေပၚလာ ေတြ႕ရျပန္ပါတယ္။
ဘဂၤလားေဒ့ရွ္ရဲ႕ ရွီက်ိန္းဖ်င္ေဒါသအေပၚ လိမၼာပါးနပ္စြာ အာခံမႈကို အိႏၵိယသုံးသပ္သူမ်ားက ခ်ီက်ဴးလိုက္တာကိုလည္း ေတြ႕ရပါတယ္။

ဒီအခ်က္ေတြဟာ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို႔ မဟာဗ်ဴဟာေျမာက္ ဆက္လက္ရပ္တည္မႈအတြက္ မျဖစ္မေနထည့္စဥ္းစားရမယ့္အခ်က္ေတြပါ။


(၄)
KIA ကို ဖက္ဒရယ္ ဒီမိုကေရစီ လမ္းေၾကာင္းကေန ေဘးထြက္သြားေစဖို႔ ညႇပ္ပူးညႇပ္ပိတ္ဖိအားေပးမယ့္ အစီအစဥ္ကို ရွီက်ိန္းဖ်င္ အေနနဲ႔ စိတ္ကူးယဥ္ေကာင္း ယဥ္ႏိုင္ပါတယ္။
ဒါကို KIA ရဲ႕ အနာဂတ္ပဲလို႔ က်န္တဲ့သူေတြကကြက္ၾကည့္လို႔မရပါဘူး။ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို႔ရဲ႕ အနာဂတ္လည္း ျဖစ္ေနပါတယ္၊ ျမန္မာျပည္သူတစ္ခုလုံးရဲ႕ အနာဂတ္ပါပဲ၊

ကခ်င္မ်ိဳးႏြယ္ဖြားေတြဟာ ယူနန္ျပည္နယ္ထဲမွာ သန္းနဲ႔ခ်ီၿပီး ရွိေနပါတယ္။ အဲလိုပါပဲ ရွမ္းအႏြယ္ဖြားေတြ ပေလာင္အႏြယ္ဖြားေတြ နဲ႔ ဆက္စပ္ေနတဲ့ အျခား တိုင္းရင္းသား ႏြယ္ဖြားေတြဟာ ယူနန္ျပည္နယ္ထဲမွာ သန္းနဲ႔ခ်ီၿပီး ရွိေနၾကပါတယ္။

ဖက္ဒရယ္ဒီမိုက‌ေရစီျပည္ေထာင္စုကို ကိုယ့္ေျခေထာက္ေပၚမွာကိုယ္ ၿငိမ္းခ်မ္းစြာ တည္ေဆာက္ၿပီး ယူနန္ထဲက အႏြယ္ဖြားေတြ အားက်ေနရတဲ့ ဘဝမွာေနမလား။ ခ်ိဳင္းနားကြန္ျမဴနစ္ပါတီရဲ႕ လက္ေဝခံ ႏိုင္ငံကြဲေလးေတြအျဖစ္ ႏွစ္ရာခ်ီ ကြၽန္ခံသြားမလား တိုင္းရင္းသား လက္နက္ကိုင္ေတြ မဟာဗ်ဴဟာေျမာက္ စဥ္းစားရပါေတာ့မယ္။

ဒီေနရာမွာ ရွီက်ိန္းဖ်င္အေနနဲ႔ ျမန္မာျပည္ထဲက တိုင္းရင္းသား ေဒသေတြကို မအလကို ေျမႇာက္ေပးၿပီး တစ္ဖက္လွည့္လာထိခိုက္ေစတာဟာ ယူနန္ျပည္ထဲက ေဒသခံေတြကို သြားထိခိုက္ေစတာနဲ႔ အတူတူပဲလို႔ ခံစားသြားရေအာင္ လုပ္ျပႏိုင္ဖို႔လိုပါတယ္။
ရွီက်ိန္းဖ်င္အေနနဲ႔ ျမန္မာ့ဖက္ဒရယ္ ဒီမိုကေရစီအေရးကို ဖ်က္ဆီးပစ္မယ္ဆိုရင္ ခ်ိဳင္းနားကြန္ျမဴနစ္ပါတီ က်ဆုံးျခင္းဟာ ယူနန္ျပည္နယ္ထဲမွာ အစျပဳသြားႏိုင္တယ္ ဆိုတာ ေတာက္ေလွ်ာက္တုန႔္ျပန္ႏိုင္ဖို႔လိုပါတယ္။

အဲဒီအတြက္ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို႔ဟာ Milk Tea Alliance လႈပ္ရွားမႈ နဲ႔ေရာ USA, India, Japan, Australia ေလးႏိုင္ငံ အဖြဲ႕ နဲ႔ပါ လမ္းေၾကာင္းေတြရွာၿပီး နီးစပ္ေအာင္စလုပ္ဖို႔ လိုပါတယ္။

(၅)
ဒီေတာ့ ဘယ္ကစမလဲ၊ KIA နယ္ေျမထဲက ကခ်င္ေဒသခံ လူထုကို ထိုင္ဝမ္း နဲ႔ ေဟာင္ေကာင္းရဲ႕ ဒီမိုကေရစီေရး လႈပ္ရွားမႈေတြနဲ႔ Milk Tea Alliance ပလက္ေဖာင္းကေန ခ်ိတ္ဆက္ရပါမယ္။ လက္ရွိမွာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့ ေက်ာင္းသားသမဂၢေတြဟာ ေဒသတြင္း Milk Tea Alliance နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားၿပီးပါၿပီ။ ဒါကို အားႀကီးလာေအာင္ ခ်ဲ႕ထြင္ရပါမယ္။

KIA ေဒသလိုပဲ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU ေဒသေတြမွာ ရွိတဲ့ လူထု အေျချပဳလႈပ္ရွားမႈေတြ နဲ႔လည္း ေဟာင္ေကာင္း ထိုင္ဝမ္းအပါအဝင္ Milk Tea Alliance လႈပ္ရွားမႈေတြနဲ႔ ဆက္ခ်ိတ္ဆက္ႏိုင္ေအာင္ လုပ္ရပါမယ္။

ဒီကေန႔ ကုလလုံၿခဳံေရးေကာင္စီမွာ ၿဗိတိန္က ကမကထျပဳတဲ့ ျမန္မာ့အေရး အလြတ္သေဘာေဆြးေႏြးပြဲမွာ ရွီက်ိန္းဖ်င္ထံက ႏႈတ္ဆိတ္ေနၿပီး ႐ုရွားက ပူစပ္ပူေလာင္ ထလုပ္ျပေနတာ ေတြ႕ရပါတယ္။ ဒါ ရွီက်ိန္းဖ်င္ရဲ႕ လွည့္ကြက္ပါ။

ျမန္မာ့ဖက္ဒရယ္ဒီမိုကေရစီ အေရးကို ခ်ိဳင္းနားကြန္ျမဴနစ္စနစ္အတြက္ ထိခိုက္မႈလို႔ တြက္ဆေနတာ ရွီက်ိန္းဖ်င္ပါပဲ၊ ျမန္မာ့သံယံဇာတေတြကို လက္ဝါးႀကီးအုပ္ ထင္တိုင္းႀကဲခ်င္ေနတာ ရွီက်ိန္းဖ်င္ပါပဲ၊ ဘဂၤလားပင္လယ္ေအာ္ထဲက ပထဝီႏိုင္ငံေရး အခ်က္အျခာေတြကို ေမာင္ပိုင္စီးခ်င္ေနတာကလည္း ရွီက်ိန္းဖ်င္ပါပဲ၊ ဒါ့ေၾကာင့္ ဒီကေန႔ ႐ုရွားကို ပူစပ္ပူေလာင္ ထလုပ္ျပဖို႔ အကြက္ဆင္တာ ရွီက်ိန္းဖ်င္ပါပဲ။
႐ုရွားအေနနဲ႔ ဘဂၤလားပင္လယ္ေအာ္ထဲက ေဒသတြင္း ပထဝီႏိုင္ငံေရး အခ်က္အျခာက်မႈေတြကို သူနဲ႔ အလွမ္းေဝးတဲ့အတြက္ စိတ္မဝင္စားပါဘူး။ ေနာက္ၿပီး အိႏၵိယစစ္တပ္ နဲ႔ ႐ုရွားစစ္တပ္ရဲ႕ လက္ရွိပူးေပါင္းေဆာင္႐ြက္ေနတာေတြဟာ ေနရာအေတာ္မ်ားမ်ားမွာ ရွီက်ိန္းဖ်င္ထက္ ပိုခိုင္မာေနတာကို အေတာ္ျမင္သာပါတယ္။

တစ္ကမာၻလုံးမွာ ရွီက်ိန္းဖ်င္ မရွင္းႏိုင္လို႔ လုံးေထြးထားတဲ့ ကိစၥႀကီးရွိပါတယ္၊ အဲဒါကေတာ့ ကုန္သြယ္ေရးစစ္ပြဲ နဲ႔ ကိုဗစ္ဗိုင္းရပ္ပိုး ျပန႔္ႏွံ႔သြားေစတဲ့ ကိစၥပါပဲ၊

အာဖရိကကို ရွီက်ိန္းဖ်င္က အပိုင္ကိုင္လို႔ရၿပီအထင္နဲ႔ ေအာ္ဟစ္ထုတ္ျပလာတဲ့ BRI စီမံကိန္းဟာ မၾကာေသးခင္က G7 အစည္းအေဝးက တန္ျပန္ေဆာင္႐ြက္လာမယ့္ Build Back Better World (B3W) initiative နဲ႔ ထိပ္တိုက္ေတြ႕လာရပါေတာ့မယ္။

ေျပာရမယ္ဆို ကမာၻႀကီးမွာ လူေတြရဲ႕ ဆင့္ကဲဆင့္ကဲ ေျပာင္းလဲလာမႈ သမိုင္းစဥ္ႀကီးထဲမွာ စဥ္ဆက္မျပတ္ ရပ္တည္စိန္ေခၚႏိုင္တဲ့ လူ႔ပတ္ဝန္းက်င္ဟာ ျပည္သူသာလွ်င္အဓိက ဆိုတဲ့ လူ႔ပတ္ဝန္းက်င္လား၊ ေသနတ္သာအမိ ေသနတ္သာအဖ ဆိုတဲ့ လူ႔ပတ္ဝန္းက်င္လား အခု ကမာၻႀကီးကိုယ္တိုင္ ေျဖေနရပါၿပီ၊ ကမာၻ႔ေဒသ အသီးသီးက ျပည္သူေတြလည္း ကိုယ္တိုင္ ေျဖေနရပါၿပီ။

အဲလိုပဲ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို႔လည္း ေျဖရပါမယ္။ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကလည္း ေျဖခဲ့ၿပီးပါၿပီ။ ေျဖၿပီးလို႔ အေျဖကို အေကာင္အထည္ ဆက္ေဖာ္ေနပါၿပီ။

အဲဒီေတာ့ မအလ ဆီက ေကြ႕ကာပတ္ကာ လာေနတာေတြဟာ ရွီက်ိန္းဖ်င္ဆီကလာတာပါပဲ၊ အခုရွီက်ိန္းဖ်င္ကို ျမန္မာျပည္သူေတြ တည့္တည့္ရင္ဆိုင္ဖို႔အတြက္ အခြင့္အေရး ရလာပါၿပီ၊ အဲဒါကေတာ့ ထိုင္ဝမ္း ေဟာင္ေကာင္း ျပည္သူေတြနဲ႔ Milk Tea Alliance ပလက္ေဖာင္းေပၚကေန ျမန္မာျပည္သူေတြလက္ခ်င္းခ်ိတ္ထားရပါမယ္။ ရွီက်ိန္းဖ်င္အေနနဲ႔ ျမန္မာျပည္ရဲ႕ အနာဂတ္ကို လာထိခိုက္ရင္ အဲဒါဟာ ခ်ိဳင္းနားကြန္ျမဴနစ္ပါတီရဲ႕ အနာဂတ္အေပၚ တန္ျပန္သက္ေရာက္မႈ ျဖစ္လာမယ္လို႔ တည့္တည့္ျပန္ေျပာရမယ့္အခ်ိန္ ေရာက္လာပါၿပီ။

အခုကစလို႔ က်ေနာ္တို႔တေတြ ထိုင္ဝမ္းျပည္သူေတြ နဲ႔ ေဟာင္ေကာင္းျ ပည္သူေတြရဲ႕ အနာဂတ္အေရးအတြက္ပါ ပို႔စ္ေတြ ေန႔စဥ္ ဆက္တိုက္တင္ရပါမယ္။ အခု လင့္ထဲ့က ပို႔စ္ ၂ခုကို မိတ္ေဆြတို႔ အခုပဲ ျပန္ရွဲေပးၾကပါ။

အေရးေတာ္ပုံေအာင္ရမည္
Nway Oo Koyin

Unicode

ကေအိုင်အေ က လက်ချင်းချိတ်ထားရမယ့် ထိုင်ဝမ် နဲ့ ဟောင်ကောင်

(၁)
ဂျပန်ရဲ့ ပြင်းထန်တိကျတဲ့ တုန့်ပြန်ချက်ထွက်လာအပြီး ရက်ပိုင်းအတွင်းမှာ မအလက KIA ကို ငြိမ်းချမ်းရေး ကမ်းလှမ်းလာတာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ ဒါကို KIA တင်မက UWSA, AA, TNLA , MNDAA , RCSS, SSPP, KNPP, KNU တို့ကပါ စောင့်ကြည့်ဝေဖန်သင့်ပါတယ်။
ရှီကျိန်းဖျင်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်လာမယ်ဆိုရင် ဂျပန်ဟာ အမေရိကန်နဲ့ လက်တွဲပြီး ထိုင်ဝမ်ကို ကာကွယ်သွားရမယ်လို့ ဂျပန် ဒုဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကွန်မြူနစ်ချိုင်းနားဟာ ထိုင်ဝမ်ကို ကျူးကျော်လာမယ်ဆိုရင် အဲဒါဟာ ဂျပန်ရဲ့ ရှင်သန်ရပ်တည်မှုအပေါ် ခြိမ်းခြောက်ခြင်း ဖြစ်တယ်လို့ ရှုမြင်ပြီး လိုအပ်တာတွေ ဆက်လက်ဆောင်ရွက် သွားရပါမယ်လို့ ဂျပန်ဒုဝန်ကြီးချုပ် တာရိုအာစို က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒါမျိုးဖြစ်လာရင် ဂျပန် နဲ့ အမေရိက လက်တွဲပြီး ထိုင်ဝမ်ကို ကာကွယ်သွားရပါမယ်။ ဂျပန်ရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်လာမယ်ဆိုရင်တော့ ဆက်လုပ်ရမှာတွေက အရှင်းကြီးပါ တဲ့။
အာစိုဟာ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပါ တာဝန်ယူထားရသူဖြစ်ပြီး ဂျပန်လုံခြုံရေးကောင်စီမှာလည်း တာဝန်ရှိသူဖြစ်ပါတယ်။

ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်း နိုင်ရေးဟာ သမိုင်းပေးတာဝန်ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမှာလည်း ဖြစ်တယ်လို့ ချိုင်းနားကွန်မြူနစ် သမ္မတ ရှီကျိန်းဖျင်က ခုရက်ပိုင်းအတွင်း ကြွေးကြော်ထားတာလည်း ရှိနေပြန်ပါတယ်။

ဂျပန်ခြေဥအရ အရင်က ဂျပန်ပိုင်နက်ကို ကျူးကျော်ခံရမှသာ စစ်ရေးတုန့်ပြန်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပေမဲ့ ၂၀၁၅ ခြေဥပြင်ဆင်ချက်အရ ဂျပန်ရဲ့ ရှင်သန်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လာပြီဆိုလျှင်လည်း စစ်ရေးတုန့်ပြန်မှုများကို စတင်ဆောင်ရွက် နိုင်နေပြီဖြစ်ပါတယ်။

(၂)
ဒီရက်ပိုင်းအတွင်း အာဖဂန်ထဲက လက်နက်ကိုင် အုပ်စုကွဲများရဲ့ ငြိမ်းချမ်းရေးအတွက် ရှီကျိန်းဖျင်က ဒိုင်နေရာ ချဲ့ ယူလာတာကိုတွေ့ရပါတယ်။ ဒေသတွင်း လက်နက်ကိုင် အုပ်စုကွဲတွေ ရှိနေတဲ့နေရာဟာ မြန်မာနဲ့ အာဖဂန်ပဲရှိပါတယ်။

ရှီကျိန်းဖျင်ဟာ မြန်မာမှာတော့ ဝမ်ယိက တဆင့် ဆွန်ဂေါ်ရှန်းကို တာဝန်ပေးထားတာတွေ့ရပါတယ်။
ဆွန်ဂေါ်ရှန်း ဘာလဲ ဘယ်သူလဲ၊ သီရိလင်္ကာ နဲ့ မော်လဒိုက် မှာရှိတဲ့ ဆိပ်ကမ်းတွေကို အကြွေးထောင်ချောက်ဆင်ဖို့ ဆွန်ဂေါ်ရှန်းဟာ အဓိကနေရာက ပါဝင်ခဲ့တယ်။ ဆွန်ဂေါ်ရှန်းရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဆွန်ဂေါ်ရှန်းရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး ပါဝင်ပတ်သတ်နေမှုတွေကိုကြည့်ရင် ရှီကျိန်းပင်ရဲ့ မြန်မာနိုင်ငံအပေါ် လောဘတကြီးဖြစ်နေမှုကို ပိုသိလာပါမယ်။

(၃)
ထိုင်ဝမ်း နဲ့ ဟောင်ကောင်း အရေးဟာ ချိုင်းနားနဲ့ နယ်နိမိတ် တိုက်ရိုက် ထိစပ်နေတဲ့အတွက် ရှီကျိန်းဖျင် တိုက်ရိုက် ပြန် ခံစားသွားနိုင်တဲ့ အရေးပါ။

အိန္ဒိယ ချိုင်းနား နယ်စပ်ကိစ္စမှာလည်း ရှီကျိန်းဖျင်က အိန္ဒိယကို တိုက်ရိုက် စိန်မခေါ်ရဲပါဘူး။ ဒီတော့ ရှီကျိန်းဖျင်အနေနဲ့ ထိုင်းဝမ်း နဲ့ ဟောင်ကောင်းအပေါ် ဟန်ရေးဆက်ပြနေပြီး စစ်ရေးအာရုံကို ချိုင်းနား နယ်နိမိတ် နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ဒေသတွင်း အခြားနေရာတစ်ခုကို ရွှေ့မယ်ဆိုရင် အဲဒါ မြန်မာပဲ ဖြစ်လာပါတယ်။

ရှီကျိန်းဖျင်ဟာ ပါကစ္စတန်ကို ငွေကြေးထောင်ချောက်ဆင်ပြီး လိုသလို ချဉ်းကပ် အသုံးချနေတာလည်းတွေ့ရပါတယ်။
ရှီကျိန်းဖျင်ရဲ့ ဝီဂါ ဒေသလူထုဖိနှိပ်နေမှုတွေကို စနစ်ကျတဲ့ ထိန်းချုပ်မှုအဖြစ်ပါကစ္စတန်က ဒီရက်ပိုင်းအတွင်း ထပ်မံ အခိုင်အမာ ထောက်ခံနေတာ ထွက်ပေါ်လာပါတယ်။
နောက်ထပ် ဒေသတွင်း ထူးခြားမှုအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရှီကျိန်းဖျင် အုပ်စီးထားမှုကနေ စနစ်တကျ ဆုတ်ခွာနေတာ တွေ့ရပါတယ်။

USA, India, Japan, Australia လေးနိုင်ငံအဖွဲ့အပေါ် စိတ်ဝင်စားမှုပြလာတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရှီကျိန်းဖျင်က ဒေါသတကြီး သတိပေးတာလည်း ထွက်ပေါ်လာ တွေ့ရပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ရှီကျိန်းဖျင်ဒေါသအပေါ် လိမ္မာပါးနပ်စွာ အာခံမှုကို အိန္ဒိယသုံးသပ်သူများက ချီကျူးလိုက်တာကိုလည်း တွေ့ရပါတယ်။

ဒီအချက်တွေဟာ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ မဟာဗျူဟာမြောက် ဆက်လက်ရပ်တည်မှုအတွက် မဖြစ်မနေထည့်စဉ်းစားရမယ့်အချက်တွေပါ။

(၄)
KIA ကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကနေ ဘေးထွက်သွားစေဖို့ ညှပ်ပူးညှပ်ပိတ်ဖိအားပေးမယ့် အစီအစဉ်ကို ရှီကျိန်းဖျင် အနေနဲ့ စိတ်ကူးယဉ်ကောင်း ယဉ်နိုင်ပါတယ်။
ဒါကို KIA ရဲ့ အနာဂတ်ပဲလို့ ကျန်တဲ့သူတွေကကွက်ကြည့်လို့မရပါဘူး။ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ရဲ့ အနာဂတ်လည်း ဖြစ်နေပါတယ်၊ မြန်မာပြည်သူတစ်ခုလုံးရဲ့ အနာဂတ်ပါပဲ၊

ကချင်မျိုးနွယ်ဖွားတွေဟာ ယူနန်ပြည်နယ်ထဲမှာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲလိုပါပဲ ရှမ်းအနွယ်ဖွားတွေ ပလောင်အနွယ်ဖွားတွေ နဲ့ ဆက်စပ်နေတဲ့ အခြား တိုင်းရင်းသား နွယ်ဖွားတွေဟာ ယူနန်ပြည်နယ်ထဲမှာ သန်းနဲ့ချီပြီး ရှိနေကြပါတယ်။

ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုကို ကိုယ့်ခြေထောက်ပေါ်မှာကိုယ် ငြိမ်းချမ်းစွာ တည်ဆောက်ပြီး ယူနန်ထဲက အနွယ်ဖွားတွေ အားကျနေရတဲ့ ဘဝမှာနေမလား။ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ လက်ဝေခံ နိုင်ငံကွဲလေးတွေအဖြစ် နှစ်ရာချီ ကျွန်ခံသွားမလား တိုင်းရင်းသား လက်နက်ကိုင်တွေ မဟာဗျူဟာမြောက် စဉ်းစားရပါတော့မယ်။

ဒီနေရာမှာ ရှီကျိန်းဖျင်အနေနဲ့ မြန်မာပြည်ထဲက တိုင်းရင်းသား ဒေသတွေကို မအလကို မြှောက်ပေးပြီး တစ်ဖက်လှည့်လာထိခိုက်စေတာဟာ ယူနန်ပြည်ထဲက ဒေသခံတွေကို သွားထိခိုက်စေတာနဲ့ အတူတူပဲလို့ ခံစားသွားရအောင် လုပ်ပြနိုင်ဖို့လိုပါတယ်။
ရှီကျိန်းဖျင်အနေနဲ့ မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအရေးကို ဖျက်ဆီးပစ်မယ်ဆိုရင် ချိုင်းနားကွန်မြူနစ်ပါတီ ကျဆုံးခြင်းဟာ ယူနန်ပြည်နယ်ထဲမှာ အစပြုသွားနိုင်တယ် ဆိုတာ တောက်လျှောက်တုန့်ပြန်နိုင်ဖို့လိုပါတယ်။

အဲဒီအတွက် KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့ဟာ Milk Tea Alliance လှုပ်ရှားမှု နဲ့ရော USA, India, Japan, Australia လေးနိုင်ငံ အဖွဲ့ နဲ့ပါ လမ်းကြောင်းတွေရှာပြီး နီးစပ်အောင်စလုပ်ဖို့ လိုပါတယ်။

(၅)
ဒီတော့ ဘယ်ကစမလဲ၊ KIA နယ်မြေထဲက ကချင်ဒေသခံ လူထုကို ထိုင်ဝမ်း နဲ့ ဟောင်ကောင်းရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ Milk Tea Alliance ပလက်ဖောင်းကနေ ချိတ်ဆက်ရပါမယ်။ လက်ရှိမှာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားသမဂ္ဂတွေဟာ ဒေသတွင်း Milk Tea Alliance နဲ့ ချိတ်ဆက်မှုတွေ ရှိထားပြီးပါပြီ။ ဒါကို အားကြီးလာအောင် ချဲ့ထွင်ရပါမယ်။

KIA ဒေသလိုပဲ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU ဒေသတွေမှာ ရှိတဲ့ လူထု အခြေပြုလှုပ်ရှားမှုတွေ နဲ့လည်း ဟောင်ကောင်း ထိုင်ဝမ်းအပါအဝင် Milk Tea Alliance လှုပ်ရှားမှုတွေနဲ့ ဆက်ချိတ်ဆက်နိုင်အောင် လုပ်ရပါမယ်။

ဒီကနေ့ ကုလလုံခြုံရေးကောင်စီမှာ ဗြိတိန်က ကမကထပြုတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ရှီကျိန်းဖျင်ထံက နှုတ်ဆိတ်နေပြီး ရုရှားက ပူစပ်ပူလောင် ထလုပ်ပြနေတာ တွေ့ရပါတယ်။ ဒါ ရှီကျိန်းဖျင်ရဲ့ လှည့်ကွက်ပါ။

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အရေးကို ချိုင်းနားကွန်မြူနစ်စနစ်အတွက် ထိခိုက်မှုလို့ တွက်ဆနေတာ ရှီကျိန်းဖျင်ပါပဲ၊ မြန်မာ့သံယံဇာတတွေကို လက်ဝါးကြီးအုပ် ထင်တိုင်းကြဲချင်နေတာ ရှီကျိန်းဖျင်ပါပဲ၊ ဘင်္ဂလားပင်လယ်အော်ထဲက ပထဝီနိုင်ငံရေး အချက်အခြာတွေကို မောင်ပိုင်စီးချင်နေတာကလည်း ရှီကျိန်းဖျင်ပါပဲ၊ ဒါ့ကြောင့် ဒီကနေ့ ရုရှားကို ပူစပ်ပူလောင် ထလုပ်ပြဖို့ အကွက်ဆင်တာ ရှီကျိန်းဖျင်ပါပဲ။
ရုရှားအနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဒေသတွင်း ပထဝီနိုင်ငံရေး အချက်အခြာကျမှုတွေကို သူနဲ့ အလှမ်းဝေးတဲ့အတွက် စိတ်မဝင်စားပါဘူး။ နောက်ပြီး အိန္ဒိယစစ်တပ် နဲ့ ရုရှားစစ်တပ်ရဲ့ လက်ရှိပူးပေါင်းဆောင်ရွက်နေတာတွေဟာ နေရာအတော်များများမှာ ရှီကျိန်းဖျင်ထက် ပိုခိုင်မာနေတာကို အတော်မြင်သာပါတယ်။

တစ်ကမ္ဘာလုံးမှာ ရှီကျိန်းဖျင် မရှင်းနိုင်လို့ လုံးထွေးထားတဲ့ ကိစ္စကြီးရှိပါတယ်၊ အဲဒါကတော့ ကုန်သွယ်ရေးစစ်ပွဲ နဲ့ ကိုဗစ်ဗိုင်းရပ်ပိုး ပြန့်နှံ့သွားစေတဲ့ ကိစ္စပါပဲ၊

အာဖရိကကို ရှီကျိန်းဖျင်က အပိုင်ကိုင်လို့ရပြီအထင်နဲ့ အော်ဟစ်ထုတ်ပြလာတဲ့ BRI စီမံကိန်းဟာ မကြာသေးခင်က G7 အစည်းအဝေးက တန်ပြန်ဆောင်ရွက်လာမယ့် Build Back Better World (B3W) initiative နဲ့ ထိပ်တိုက်တွေ့လာရပါတော့မယ်။

ပြောရမယ်ဆို ကမ္ဘာကြီးမှာ လူတွေရဲ့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာမှု သမိုင်းစဉ်ကြီးထဲမှာ စဉ်ဆက်မပြတ် ရပ်တည်စိန်ခေါ်နိုင်တဲ့ လူ့ပတ်ဝန်းကျင်ဟာ ပြည်သူသာလျှင်အဓိက ဆိုတဲ့ လူ့ပတ်ဝန်းကျင်လား၊ သေနတ်သာအမိ သေနတ်သာအဖ ဆိုတဲ့ လူ့ပတ်ဝန်းကျင်လား အခု ကမ္ဘာကြီးကိုယ်တိုင် ဖြေနေရပါပြီ၊ ကမ္ဘာ့ဒေသ အသီးသီးက ပြည်သူတွေလည်း ကိုယ်တိုင် ဖြေနေရပါပြီ။

အဲလိုပဲ KIA, UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU တို့လည်း ဖြေရပါမယ်။ မြန်မာ့နွေဦးတော်လှန်ရေးကလည်း ဖြေခဲ့ပြီးပါပြီ။ ဖြေပြီးလို့ အဖြေကို အကောင်အထည် ဆက်ဖော်နေပါပြီ။

အဲဒီတော့ မအလ ဆီက ကွေ့ကာပတ်ကာ လာနေတာတွေဟာ ရှီကျိန်းဖျင်ဆီကလာတာပါပဲ၊ အခုရှီကျိန်းဖျင်ကို မြန်မာပြည်သူတွေ တည့်တည့်ရင်ဆိုင်ဖို့အတွက် အခွင့်အရေး ရလာပါပြီ၊ အဲဒါကတော့ ထိုင်ဝမ်း ဟောင်ကောင်း ပြည်သူတွေနဲ့ Milk Tea Alliance ပလက်ဖောင်းပေါ်ကနေ မြန်မာပြည်သူတွေလက်ချင်းချိတ်ထားရပါမယ်။ ရှီကျိန်းဖျင်အနေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို လာထိခိုက်ရင် အဲဒါဟာ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ အနာဂတ်အပေါ် တန်ပြန်သက်ရောက်မှု ဖြစ်လာမယ်လို့ တည့်တည့်ပြန်ပြောရမယ့်အချိန် ရောက်လာပါပြီ။

အခုကစလို့ ကျနော်တို့တတွေ ထိုင်ဝမ်းပြည်သူတွေ နဲ့ ဟောင်ကောင်းပြည်သူတွေရဲ့ အနာဂတ်အရေးအတွက်ပါ ပို့စ်တွေ နေ့စဉ် ဆက်တိုက်တင်ရပါမယ်။ အခု လင့်ထဲ့က ပို့စ် ၂ခုကို မိတ်ဆွေတို့ အခုပဲ ပြန်ရှဲပေးကြပါ။

အရေးတော်ပုံအောင်ရမည်
Nway Oo Koyin