Local News

ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်းနဲ့ တဖန်တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာက အက်ကြောင်းများ

ျပည္သူနဲ႔ အာဏာရွင္ၾကားက အက္ေၾကာင္းနဲ႔ တဖန္တပ္ေထာက္ခံသူေတြနဲ႔ မအလ ၾကားမွာကို အက္ေၾကာင္း မ်ား




တကယ္ေတာ့ မအလ ဟာ ကိုဗစ္ တတိယလႈိင္းကို ေတာ္လွန္ေရးကို ၿဖိဳခြင္းဖို႔ လက္နက္ အျဖစ္ သုံးလိုက္တာဟာ မွားတယ္။

စၿပီး အာဏာသိမ္းတာလည္း လုံးဝ မသိမ္းသင့္တဲ့အခ်ိန္မွာ သိမ္းခဲ့တယ္။

ျပည္သူတစ္ရပ္လုံးရဲ႕ဆန႔္က်င္မႈ ဒီေလာက္ ျပင္းထန္မယ္ မထင္ခဲ့သလို၊ အာဏာသိမ္းမႈမွာ အတြက္အခ်က္ေတြ အမ်ားႀကီး လြဲခဲ့တယ္။ ဆိုးတာက Coup ဟာ မေအာင္ျမင္တဲ့ အခ်ိန္မွာ သူကိုယ္တိုင္မွာလည္း ထြက္ေပါက္ရွိမေနတာပါ။




ကိုဗစ္တတိယလႈိင္း မွာ မအလ အတြက္ ဘာပိုဆိုးလဲဆိုေတာ့ စစ္တပ္ထိပ္တန္းအရာရွိႀကီးေတြ၊ မိသားစုေတြ၊ စစ္တပ္ အရာရွိ / အရာခံ၊ တပ္သားေတြ၊ တပ္တြင္းမိသားစုေတြ၊ စစ္တပ္ေထာက္ခံသူေတြ၊

စစ္သားေဟာင္း အၿငိမ္းစားေတြ စတဲ့ စစ္တပ္ Institution ကိုေတာင္ လုံးဝ ကာကြယ္ေပးႏိုင္တာမ်ိဳး မရွိတဲ့ အတြက္ အတြင္းပိုင္း အက္ေၾကာင္း ထင္လာတာ သူ႔ အတြက္ အဆိုးဆုံးပါ။




ေျပာမယ္ဆို အာဏာရွင္ အဆက္ဆက္မွာေတာင္ သူ႔ဟာ ယုံၾကည္မႈ၊ ႀကိဳက္ႏွစ္သက္မႈ ခံရတာ အနည္းဆုံး ျဖစ္သလို အခု ကိုဗစ္တတိယလႈိင္း ကို လက္နက္လို သုံးလိုက္ျခင္းရဲ႕ အက်ိဳးဆက္က တပ္မိသားစုေတြ၊ တပ္ေထာက္ခံသူေတြ ပါ ဒီဆိုးက်ိဳး ကို ခံစားရတာပါပဲ။

ေႏြဦးေတာ္လွန္ေရး မွာ စကစ ဟာ လူေပါင္း ၉၀၀ ေက်ာ္ေလာက္ကို သတ္ျဖတ္ခဲ့ေပမယ့္၊ စစ္တပ္ Institution အတြက္ေတာ့ ဒါဟာ ဆူပူလို႔၊ လမ္းေပၚထြက္လို႔ ဆိုၿပီး သူတို႔ဘက္က ယူဆခဲ့တာပါ။




တကယ္ေတာ့ သူတို႔ မေတြးတာ အာဏာရွင္စနစ္ ဆိုတာ လူတန္းစားတစ္ရပ္၊ လူနည္းစုေလးကိုသာ အက်ိဳးျပဳၿပီး က်န္တဲ့ျပည္သူမွန္သမွ် လိမ့္ေနေအာင္ ခါးစည္းခံရတာပါ။

ကိုဗစ္တတိယလႈိင္း က ဘယ္ဘက္ေထာက္ခံ၊ ေထာက္ခံ မိသားစုတိုင္း လိမ့္ေနေအာင္ ခံရတာပါ။

ေအာက္ဆီဂ်င္ ရွားေအာင္ လုပ္ခံရတာ၊ ေဆး႐ုံေတြမွာ ဘာမွ စီမံမေပးႏိုင္တာ၊ ဒီအခ်ိန္မွာ သပိတ္နဲ႔ PDF ေတြ ၿဖိဳခြင္းဖို႔ လုပ္ေနတာ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ ကို ဖ်က္သိမ္းဖို႔ပဲ အာ႐ုံစိုက္ေနတာ … စတဲ့




အာဏာရွင္ရဲ႕ လုပ္ရပ္ေတြဟာ တပ္ေထာက္ခံသူေတြလည္း ကိုယ့္မိသားစုဝင္ေတြ ေသဆုံးၿပီး အသက္ေတြေပးရ၊ အာဏာရွင္ရဲ႕ ဒဏ္ကို ခံစားလာရတဲ့ အက္ေၾကာင္း က ပိုၿပီး ထင္း လာပါတယ္။

မအလ ဟာ ကိုဗစ္ကာလမွာ မိသားစုတိုင္း ဆီက အသက္ေတြကို ထပ္ၿပီး သတ္ျဖတ္လိုက္တာ ေန႔စဥ္ ေၾကာက္စရာ ပမာဏ ရွိပါတယ္။

ကိုဗစ္ ပထမလႈိင္း၊ ဒုတိယလႈိင္း မွာ တန္ဖိုးထား ကယ္ခဲ့ရတဲ့ လူ႔အသက္ေတြ အခုေတာ့ မျမင္ဝံ့ေအာင္ ေသဆုံးေနရတာပါ။




ျပည္သူနဲ႔ အာဏာရွင္ၾကားက အက္ေၾကာင္း ကေတာ့ အရင္ကတည္းက ထင္းၿပီးသားပါ။

အခုက တပ္ေထာက္ခံသူေတြနဲ႔ မအလ ၾကားမွာကို အက္ေၾကာင္း ထင္းလာပါတယ္။

ကိုဗစ္ ေၾကာင့္ေတာ္လွန္ေရးဟာ တန႔္သြားသလို ရွိေပမယ့္ တစ္ကိုယ္စာ အျမင္အရ ေျပာရရင္ သိပ္မၾကာခင္ ကိုဗစ္လႈိင္း ၿပီးတာနဲ႔ အာဏာရွင္ ဆန႔္က်င္ေရးဟာ ပိုၿပီး ျပင္းထန္လာဖို႔ပဲ ရွိပါလိမ့္မယ္ … ။




ေပးလိုက္ရတဲ့ အသက္တစ္ေခ်ာင္းခ်င္းစီဟာ အာဏာရွင္ေၾကာင့္ ဆိုတာ ဘယ္သူမွ ေမ့သြားမွာ မဟုတ္ပါဘူး …

လြတ္လပ္စြာကူးတင္ႏိုင္ပါသည္။Credit ေပးရန္မလိုပါတဲ့…..။

Unicode

ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်းနဲ့ တဖန်တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာကို အက်ကြောင်း များ

တကယ်တော့ မအလ ဟာ ကိုဗစ် တတိယလှိုင်းကို တော်လှန်ရေးကို ဖြိုခွင်းဖို့ လက်နက် အဖြစ် သုံးလိုက်တာဟာ မှားတယ်။

စပြီး အာဏာသိမ်းတာလည်း လုံးဝ မသိမ်းသင့်တဲ့အချိန်မှာ သိမ်းခဲ့တယ်။




ပြည်သူတစ်ရပ်လုံးရဲ့ဆန့်ကျင်မှု ဒီလောက် ပြင်းထန်မယ် မထင်ခဲ့သလို၊ အာဏာသိမ်းမှုမှာ အတွက်အချက်တွေ အများကြီး လွဲခဲ့တယ်။ ဆိုးတာက Coup ဟာ မအောင်မြင်တဲ့ အချိန်မှာ သူကိုယ်တိုင်မှာလည်း ထွက်ပေါက်ရှိမနေတာပါ။

ကိုဗစ်တတိယလှိုင်း မှာ မအလ အတွက် ဘာပိုဆိုးလဲဆိုတော့ စစ်တပ်ထိပ်တန်းအရာရှိကြီးတွေ၊ မိသားစုတွေ၊ စစ်တပ် အရာရှိ / အရာခံ၊ တပ်သားတွေ၊ တပ်တွင်းမိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေ၊

စစ်သားဟောင်း အငြိမ်းစားတွေ စတဲ့ စစ်တပ် Institution ကိုတောင် လုံးဝ ကာကွယ်ပေးနိုင်တာမျိုး မရှိတဲ့ အတွက် အတွင်းပိုင်း အက်ကြောင်း ထင်လာတာ သူ့ အတွက် အဆိုးဆုံးပါ။

ပြောမယ်ဆို အာဏာရှင် အဆက်ဆက်မှာတောင် သူ့ဟာ ယုံကြည်မှု၊ ကြိုက်နှစ်သက်မှု ခံရတာ အနည်းဆုံး ဖြစ်သလို အခု ကိုဗစ်တတိယလှိုင်း ကို လက်နက်လို သုံးလိုက်ခြင်းရဲ့ အကျိုးဆက်က တပ်မိသားစုတွေ၊ တပ်ထောက်ခံသူတွေ ပါ ဒီဆိုးကျိုး ကို ခံစားရတာပါပဲ။

နွေဦးတော်လှန်ရေး မှာ စကစ ဟာ လူပေါင်း ၉၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့ပေမယ့်၊ စစ်တပ် Institution အတွက်တော့ ဒါဟာ ဆူပူလို့၊ လမ်းပေါ်ထွက်လို့ ဆိုပြီး သူတို့ဘက်က ယူဆခဲ့တာပါ။




တကယ်တော့ သူတို့ မတွေးတာ အာဏာရှင်စနစ် ဆိုတာ လူတန်းစားတစ်ရပ်၊ လူနည်းစုလေးကိုသာ အကျိုးပြုပြီး ကျန်တဲ့ပြည်သူမှန်သမျှ လိမ့်နေအောင် ခါးစည်းခံရတာပါ။

ကိုဗစ်တတိယလှိုင်း က ဘယ်ဘက်ထောက်ခံ၊ ထောက်ခံ မိသားစုတိုင်း လိမ့်နေအောင် ခံရတာပါ။

အောက်ဆီဂျင် ရှားအောင် လုပ်ခံရတာ၊ ဆေးရုံတွေမှာ ဘာမှ စီမံမပေးနိုင်တာ၊ ဒီအချိန်မှာ သပိတ်နဲ့ PDF တွေ ဖြိုခွင်းဖို့ လုပ်နေတာ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို ဖျက်သိမ်းဖို့ပဲ အာရုံစိုက်နေတာ … စတဲ့

အာဏာရှင်ရဲ့ လုပ်ရပ်တွေဟာ တပ်ထောက်ခံသူတွေလည်း ကိုယ့်မိသားစုဝင်တွေ သေဆုံးပြီး အသက်တွေပေးရ၊ အာဏာရှင်ရဲ့ ဒဏ်ကို ခံစားလာရတဲ့ အက်ကြောင်း က ပိုပြီး ထင်း လာပါတယ်။

မအလ ဟာ ကိုဗစ်ကာလမှာ မိသားစုတိုင်း ဆီက အသက်တွေကို ထပ်ပြီး သတ်ဖြတ်လိုက်တာ နေ့စဉ် ကြောက်စရာ ပမာဏ ရှိပါတယ်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း မှာ တန်ဖိုးထား ကယ်ခဲ့ရတဲ့ လူ့အသက်တွေ အခုတော့ မမြင်ဝံ့အောင် သေဆုံးနေရတာပါ။




ပြည်သူနဲ့ အာဏာရှင်ကြားက အက်ကြောင်း ကတော့ အရင်ကတည်းက ထင်းပြီးသားပါ။

အခုက တပ်ထောက်ခံသူတွေနဲ့ မအလ ကြားမှာကို အက်ကြောင်း ထင်းလာပါတယ်။

ကိုဗစ် ကြောင့်တော်လှန်ရေးဟာ တန့်သွားသလို ရှိပေမယ့် တစ်ကိုယ်စာ အမြင်အရ ပြောရရင် သိပ်မကြာခင် ကိုဗစ်လှိုင်း ပြီးတာနဲ့ အာဏာရှင် ဆန့်ကျင်ရေးဟာ ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါလိမ့်မယ် … ။


ပေးလိုက်ရတဲ့ အသက်တစ်ချောင်းချင်းစီဟာ အာဏာရှင်ကြောင့် ဆိုတာ ဘယ်သူမှ မေ့သွားမှာ မဟုတ်ပါဘူး …

လွတ်လပ်စွာကူးတင်နိုင်ပါသည်။Credit ပေးရန်မလိုပါတဲ့…..။