Local News

ဒီကနေ့ သြဂုတ်လ(၁)ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ဖခင် ဦးတင်မောင်ဦး











Credit

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသားချောပြေတီဦးကတော့အနုပညာအရည်အချင်းပြည့်ဝပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။ဒါအပြင်ပြေတီဦးကမင်းသမီးချောလေးအိန္ဒြာကျော်ဇင်နဲ့ရွှေလက်တွဲထားပြီးချစ်စရာသားသားမီးမီးတွေ လည်းပိုင်ဆိုင်ထားပါသေးတယ်။

မင်းသားချောပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲကတော့ပြည်သူတွေနဲ့ အတူအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးတိုက်ပွဲဝင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဖမ်းခံခဲ့ရပြီးလက်ရှိမှာအင်းစိန်ထောင်မှာရောက်နေတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်အောက်စီဂျင်လိုအပ်ကြောင်းကိုအမဖြစ်သူကအခုလိုပဲပြောပြလာ ပါတယ်။ဖေဖေကလေLevel 12နဲ့ပေးတာတောင်SPO 270 ပဲရှိတော့လို့အောက်စီဂျင်လေးများကူညီကြပါဦးနော်စက်ကလဲမနိုင်တော့လို့ပါဆိုပီးပြောထားပါသေးတယ်နော်။ဒီနေ့မှာတော့ ပြေတီဦးရဲ့ဖခင်ဦးတင်မောင်ဦး အသက်(၇၄) နှစ်ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်နော်။ကောင်းရာသုကတိလားပါစေအန်ကယ်ရေ….🙏🙏🙏။

Credit