Local News

နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော




နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။

“စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့အနာဂါတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့




ကျွန်တော်တို့တည်ဆောက်ကြပါမယ်၊တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ကျွန်တော်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။”လို့ သူကပြောပါတယ်။

နောက်ပြီး နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်လို့လည်းသူကဆိုပါတယ်။




လက်ရှိမှာတော့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်အသီးသီးမှာ မတည် မငြိမ်ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေကြတာတွေရှိတဲ့အပြင် အစိုးရပြုတ်ကျရေး၊ တပ်မတော်ပြိုကွဲရေးအတွက် ဦးတည်ပြီး လုပ်ဆောင်နေရုံသာမကဘဲ အားလုံးတန်ဖိုးထားရတဲ့ မြန်မာ တိုင်းရင်းသားအားလုံးရဲ့

ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေ ကိုပါ အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေရှိနေတဲ့အကြောင်း ဒါကို အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။




ဒါ့အပြင် ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သူကဆက်ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ တာဝန်ယူပြီးချိန်ကစပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ သက်ဝင်ယုံကြည်မှုမပျက်စေရန် ကျွန်တော် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်”လို့ သူကဆိုပါတယ်။




နောက်ပြီး တပ်မတော်က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA – Nation wide Cease fire Aggrement)ကိုလက်မှတ်ရေးထိုး ထားတဲ့အတိုင်း ခိုင်မာစွာရပ်တည်ပြီး ဒီမိုကရေစီနဲ့

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုထားတာရှိပါတယ်။

“အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်”လို့ ပါရှိပါတယ်။


Popular News Journal