Local News

မြေပြင်စစ်ပွဲကို မတုန်လှုပ်တဲ့ မင်းတပ်သူရဲကောင်းများ

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ဖို့ လေယာဉ်တွေ ပို့ဆောင်နေကြပါပြီ။ ချင်းလက်နက်ကိုင်တွေနဲ့ ရက္ခိုင့်လက်နက်ကိုင်‌တွေရှိနေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က ဒီလိုအနေအထား ပြင်ဆင်မှုမျိုး အရင်က သိပ်မရှိခဲ့ပါဘူး။ အခုတော့ လေယာဉ်တွေပါ ပို့ဆောင်နေကြပါပြီ။

လက်ရှိ စစ်တပ်ဘက်က စစ်ရေးတည်ဆောက်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး(မင်းတပ်) ကို မေးမြန်းကြည့်တဲ့အခါ “စစ်လေယာဉ်ကတော့ ဒီအပတ်မှာ စစ်သားတွေ လာပို့တယ်” လို့ ပြောပါတယ်။ ဒါက စစ်တပ်ဘက်က မြင်သာတဲ့ စစ်ရေးတည်ဆောက်မှုပဲ ဖြစ်ပါတယ်။

ချင်းပြည်နယ်မင်းတပ်ဟာ အခုဆိုရင် ကာကွယ်ရေးပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိလာတာကြောင့် စစ်တပ်ဘက်က အင်အားသုံးဖိအားပေးမှုတွေကို တစ်စတစ်စအရှိန်မြှင့်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်ဖက်တိုက်ခိုက်ကြတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ စစ်တပ်ဘက်က အကျအရှုံး များလာတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာတာကို တွေ့ရတာပါ။

“CDF အနေနဲ့တော့ အခုတိုက်မယ်ဆို လေပြင်ကနေတိုက်လာမှာကိုပဲ ကြောက်ရမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ မြေပြင်ကနေတိုက်ဖို့ စစ်ကောင်စီလက်အောက်ခံတပ်တွေ အခက်အခဲ ရှိလာတာကြောင့်လည်း လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာပုံ ပေါက်ပါတယ်။

CDF ဘက်ကတော့ မြေပြင်တိုက်ပွဲတိုင်း အသာစီးရယူနိုင်တာ များပါတယ်။ “ကုန်းကြောင်းသာဆိုရင်တော့ CDF ရဲဘော်တွေ အားလုံးက အဆင်သင့်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းကနေ စစ်ရှိန်မြှင့်ခြင်းဟာ မင်းတပ်ရဲ့ ပြည်သူ့ကာကွယ်ရေး ယန္တရားကို ထိန်းသိမ်းဖို့ စစ်တပ်ရဲ့လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အရင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စတိုက်စဉ်တုန်းကလည်း လေကြောင်းနဲ့ တိုက်ခိုက်ပြီး မင်းတပ်ကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခု ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က အရင်နဲ့ မတူတော့ဘဲ တိုက်ပွဲတိုင်းမှာ အသာစီးယူထားနိုင်လာပါတယ်။“အရင်လိုကျဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” လို့ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိ မင်းတပ်မှာ တိုက်ပွဲတွေအမြဲလိုလို ဖြစ်နေပြီး ဒီနေ့လည်း တိုက်ပွဲ ဖြစ်နေပါတယ်။

ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတိုက်ပွဲမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကသာတပ်ရင်းဖြစ်တဲ့ ခမရ (၃၀၉) တပ်ရင်းရဲ့ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးအပါအဝင် စစ်သားအချို့ကျဆုံးကာ အများအပြား ဒဏ်ရာပြင်းထန်ရသွားပါတယ်။

“တစ်ချို့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” လို့ မင်းတပ်ကာကွယ်ရေး တာဝန်ရှိသူကဆိုပါတယ်။လက်ရှိမှာ စစ်တပ်ဘက်က တပ်ရင်းမှူး သုံးဦးလောက်အထိ ကျသွားပြီလို့ ဆိုပါတယ်။ယနေ့အထိ စစ်တပ်ဘက်က အယောက် ၂၀၀ ကျော် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ CDF ပြန်ကြားရေးတစ်ဦးက ဆိုပါတယ်။

ဒါက အခြားသော PDF တွေထက် သက်တမ်းနုလှတဲ့ CDF ရဲ့ လက်စွမ်းထက်မှုပါ။ CDF နဲ့ စစ်ကောင်စီတပ်တွေ အကြိမ်သုံးဆယ်လောက်အထိ တိုက်ခဲ့ရတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ကျသွားသူအရေအတွက်လည်း ဖြစ်ပါတယ်။ ဒါတောင်စစ်တပ်က ‌ကျသွားတဲ့သူတွေကို အလောင်းဖျောက်တာတွေ လုပ်ခဲ့ကြတယ်လို့ CDF ဘက်ကဆိုပါတယ်။

ဒီတစ်ခါ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးဘက်က အကျအဆုံး ရှိလာနိုင်သလား။ CDF ဘက်ကတော့ ရာသီဥတုကြည်လင်ချိန်ပဲ တိုက်ဖို့ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မြင့်မားပြီး နှင်းထူထပ်နေတဲ့ ချင်းတောင်လိုနေရာမှာ လေကြောင်းကနေတိုက်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
CDF ဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကောင်းတွေကို အာခံပြီးတိုက်နေကြရတာပါ။

“ ကျနော်တို့ လက်နက်တော်တော်များများက တူမီးနဲ့ ခါးချိုးတွေကို ကိုင်နေကြရတာပါ။ အဓိကတော့ ကျနော်တို့ရဲ့ သေရဲသတ်ရဲတဲ့ စိတ်အပြင် ‌နယ်မြေကျွမ်းကျင်မှုနဲ့ပဲ တိုးနေကြတာပဲ ” လို့ ဆိုပါတယ်။မင်းတပ်ဟာ အခြားသောလက်နက်ကိုင်တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ကိုယ့်အားကိုယ်ကိုးပြီး မင်းတပ်ကို ကာကွယ်နေရတာပါ။ အခု မင်းတပ်မှာ ခလရ (၂၇၄) နယ်မြေခံတပ် တစ်ရင်းတည်း မဟုတ်တော့ပါဘူး။

ပြည်သူ့ကာကွယ်ရေး(မင်းတပ်)လို အဖွဲ့သေးသေးလေးကို ရင်ဆိုင်ဖို့ စစ်တပ်ဟာ သူ့တပ်ရင်း ခြောက် ရင်းထိ တိုးချထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်က CDF ကို တိုက်လို့ မရသေးပါဘူး။ “ချင်းလူမျိုးတွေက အရင်လိုမဟုတ်တော့ဘူး။ချင်းလူမျိုးတစ်ယောက်သေရင် စစ်ခွေး အယောက်တစ်ရာသေစေရမယ်” လို့ CDF ဘက်က တုန့်ပြန်ထားပါတယ်။

အနယ်နယ်အရပ်ရပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ပဲ ကိုယ့်နယ်မြေထိန်းချုပ်မခံရရေး ကြိုးပမ်းနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က ပြည်သူတွေကို ဒီသတင်းစကားလေး ပေးလိုက်ပါတယ် “ဒီ ဒီမိုကရေစီက မင်းတပ်တစ်ခုတည်းအတွက် တိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ မင်းတပ်တစ်တပ်ကပဲ ဒါကိုလိုချင်တာ မဟုတ်ဘူးလေ။ အကုန်လုံးက လူညီဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်”

————————

အာဏာသိမ္းစစ္တပ္ဟာ ခ်င္းျပည္နယ္ျပည္သူ႔ကာကြယ္ေရး(မင္းတပ္)ကို ေလေၾကာင္းကေန အျပင္းအထန္တိုက္ခိုက္ဖို႔ ေလယာဥ္ေတြ ပို႔ေဆာင္ေနၾကပါၿပီ။ ခ်င္းလက္နက္ကိုင္ေတြနဲ႔ ရကၡိဳင့္လက္နက္ကိုင္‌ေတြရွိေနတဲ့ ခ်င္းျပည္နယ္မွာ စစ္တပ္က ဒီလိုအေနအထား ျပင္ဆင္မႈမ်ိဳး အရင္က သိပ္မရွိခဲ့ပါဘူး။ အခုေတာ့ ေလယာဥ္ေတြပါ ပို႔ေဆာင္ေနၾကပါၿပီ။

လက္ရွိ စစ္တပ္ဘက္က စစ္ေရးတည္ေဆာက္ေနမႈနဲ႔ ပတ္သက္ၿပီး ျပည္သူ႔ကာကြယ္ေရး(မင္းတပ္) ကို ေမးျမန္းၾကည့္တဲ့အခါ “စစ္ေလယာဥ္ကေတာ့ ဒီအပတ္မွာ စစ္သားေတြ လာပို႔တယ္” လို႔ ေျပာပါတယ္။ ဒါက စစ္တပ္ဘက္က ျမင္သာတဲ့ စစ္ေရးတည္ေဆာက္မႈပဲ ျဖစ္ပါတယ္။

ခ်င္းျပည္နယ္မင္းတပ္ဟာ အခုဆိုရင္ ကာကြယ္ေရးပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေတြရွိလာတာေၾကာင့္ စစ္တပ္ဘက္က အင္အားသုံးဖိအားေပးမႈေတြကို တစ္စတစ္စအရွိန္ျမႇင့္လာတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ ႏွစ္ဖက္တိုက္ခိုက္ၾကတဲ့ တိုက္ပြဲတိုင္းလိုလိုမွာ စစ္တပ္ဘက္က အက်အရႈံး မ်ားလာတယ္။ ဒါေၾကာင့္ပဲ စစ္တပ္ဟာ ေလေၾကာင္းကေနတိုက္ဖို႔ ျပင္ဆင္လာတာကို ေတြ႕ရတာပါ။

“CDF အေနနဲ႔ေတာ့ အခုတိုက္မယ္ဆို ေလျပင္ကေနတိုက္လာမွာကိုပဲ ေၾကာက္ရမွာပါ” လို႔ ျပည္သူ႔ကာကြယ္ေရးတပ္(မင္းတပ္)တာဝန္ရွိသူ တစ္ဦးက ဆိုပါတယ္။ ေျမျပင္ကေနတိုက္ဖို႔ စစ္ေကာင္စီလက္ေအာက္ခံတပ္ေတြ အခက္အခဲ ရွိလာတာေၾကာင့္လည္း ေလေၾကာင္းကေနတိုက္ဖို႔ ျပင္ဆင္လာပုံ ေပါက္ပါတယ္။

CDF ဘက္ကေတာ့ ေျမျပင္တိုက္ပြဲတိုင္း အသာစီးရယူႏိုင္တာ မ်ားပါတယ္။ “ကုန္းေၾကာင္းသာဆိုရင္ေတာ့ CDF ရဲေဘာ္ေတြ အားလုံးက အဆင္သင့္ပါပဲ” လို႔ သူက ဆက္ေျပာပါတယ္။ စစ္တပ္ရဲ႕ ေလေၾကာင္းကေန စစ္ရွိန္ျမႇင့္ျခင္းဟာ မင္းတပ္ရဲ႕ ျပည္သူ႔ကာကြယ္ေရး ယႏၲရားကို ထိန္းသိမ္းဖို႔ စစ္တပ္ရဲ႕လုပ္ေဆာင္မႈတစ္ခုလည္း ျဖစ္ပါတယ္။ အရင္ မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ စတိုက္စဥ္တုန္းကလည္း ေလေၾကာင္းနဲ႔ တိုက္ခိုက္ၿပီး မင္းတပ္ကို စစ္တပ္က ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အခု ျပည္သူ႔ကာကြယ္ေရး(မင္းတပ္)က အရင္နဲ႔ မတူေတာ့ဘဲ တိုက္ပြဲတိုင္းမွာ အသာစီးယူထားႏိုင္လာပါတယ္။“အရင္လိုက်ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး” လို႔ ျပည္သူ႔ကာကြယ္ေရး(မင္းတပ္)ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာပါတယ္။ လက္ရွိ မင္းတပ္မွာ တိုက္ပြဲေတြအၿမဲလိုလို ျဖစ္ေနၿပီး ဒီေန႔လည္း တိုက္ပြဲ ျဖစ္ေနပါတယ္။

ဇူလိုင္လ ၃၀ ရက္ ညေနပိုင္းတိုက္ပြဲမွာဆိုရင္လည္း အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံ ကသာတပ္ရင္းျဖစ္တဲ့ ခမရ (၃၀၉) တပ္ရင္းရဲ႕ တပ္ရင္းမႉးဒုတိယဗိုလ္မႉးႀကီးေဇာ္ေဇာ္စိုးအပါအဝင္ စစ္သားအခ်ိဳ႕က်ဆုံးကာ အမ်ားအျပား ဒဏ္ရာျပင္းထန္ရသြားပါတယ္။

“တစ္ခ်ိဳ႕ထြက္ေျပးတဲ့သူေတြလည္းရွိတယ္” လို႔ မင္းတပ္ကာကြယ္ေရး တာဝန္ရွိသူကဆိုပါတယ္။လက္ရွိမွာ စစ္တပ္ဘက္က တပ္ရင္းမႉး သုံးဦးေလာက္အထိ က်သြားၿပီလို႔ ဆိုပါတယ္။ယေန႔အထိ စစ္တပ္ဘက္က အေယာက္ ၂၀၀ ေက်ာ္ က်ဆုံးခဲ့ၿပီးျဖစ္တယ္လို႔ CDF ျပန္ၾကားေရးတစ္ဦးက ဆိုပါတယ္။

ဒါက အျခားေသာ PDF ေတြထက္ သက္တမ္းႏုလွတဲ့ CDF ရဲ႕ လက္စြမ္းထက္မႈပါ။ CDF နဲ႔ စစ္ေကာင္စီတပ္ေတြ အႀကိမ္သုံးဆယ္ေလာက္အထိ တိုက္ခဲ့ရတဲ့တိုက္ပြဲအတြင္းမွာ စစ္တပ္ဘက္က က်သြားသူအေရအတြက္လည္း ျဖစ္ပါတယ္။ ဒါေတာင္စစ္တပ္က ‌က်သြားတဲ့သူေတြကို အေလာင္းေဖ်ာက္တာေတြ လုပ္ခဲ့ၾကတယ္လို႔ CDF ဘက္ကဆိုပါတယ္။

ဒီတစ္ခါ စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ခ်င္းျပည္နယ္ျပည္သူ႔ကာကြယ္ေရးဘက္က အက်အဆုံး ရွိလာႏိုင္သလား။ CDF ဘက္ကေတာ့ ရာသီဥတုၾကည္လင္ခ်ိန္ပဲ တိုက္ဖို႔ျဖစ္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။ ျမင့္မားၿပီး ႏွင္းထူထပ္ေနတဲ့ ခ်င္းေတာင္လိုေနရာမွာ ေလေၾကာင္းကေနတိုက္ဖို႔ သိပ္မျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။
CDF ဟာ စစ္ေကာင္စီတပ္ေတြရဲ႕ လက္နက္ေကာင္းေတြကို အာခံၿပီးတိုက္ေနၾကရတာပါ။

“ က်ေနာ္တို႔ လက္နက္ေတာ္ေတာ္မ်ားမ်ားက တူမီးနဲ႔ ခါးခ်ိဳးေတြကို ကိုင္ေနၾကရတာပါ။ အဓိကေတာ့ က်ေနာ္တို႔ရဲ႕ ေသရဲသတ္ရဲတဲ့ စိတ္အျပင္ ‌နယ္ေျမကြၽမ္းက်င္မႈနဲ႔ပဲ တိုးေနၾကတာပဲ ” လို႔ ဆိုပါတယ္။မင္းတပ္ဟာ အျခားေသာလက္နက္ကိုင္ေတြနဲ႔ ခ်ိတ္ဆက္မႈမရွိပဲ ကိုယ့္အားကိုယ္ကိုးၿပီး မင္းတပ္ကို ကာကြယ္ေနရတာပါ။ အခု မင္းတပ္မွာ ခလရ (၂၇၄) နယ္ေျမခံတပ္ တစ္ရင္းတည္း မဟုတ္ေတာ့ပါဘူး။

ျပည္သူ႔ကာကြယ္ေရး(မင္းတပ္)လို အဖြဲ႕ေသးေသးေလးကို ရင္ဆိုင္ဖို႔ စစ္တပ္ဟာ သူ႔တပ္ရင္း ေျခာက္ ရင္းထိ တိုးခ်ထားတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ စစ္တပ္က CDF ကို တိုက္လို႔ မရေသးပါဘူး။ “ခ်င္းလူမ်ိဳးေတြက အရင္လိုမဟုတ္ေတာ့ဘူး။ခ်င္းလူမ်ိဳးတစ္ေယာက္ေသရင္ စစ္ေခြး အေယာက္တစ္ရာေသေစရမယ္” လို႔ CDF ဘက္က တုန႔္ျပန္ထားပါတယ္။

အနယ္နယ္အရပ္ရပ္က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕လို႔ပဲ ကိုယ့္နယ္ေျမထိန္းခ်ဳပ္မခံရေရး ႀကိဳးပမ္းေနၾကပါတယ္။ ျပည္သူ႔ကာကြယ္ေရး(မင္းတပ္)က ျပည္သူေတြကို ဒီသတင္းစကားေလး ေပးလိုက္ပါတယ္ “ဒီ ဒီမိုကေရစီက မင္းတပ္တစ္ခုတည္းအတြက္ တိုက္ေနတဲ့ တိုက္ပြဲမဟုတ္ဘူး။ မင္းတပ္တစ္တပ္ကပဲ ဒါကိုလိုခ်င္တာ မဟုတ္ဘူးေလ။ အကုန္လုံးက လူညီဖို႔လိုတယ္။ သတၱိရွိဖို႔လိုတယ္”