Local News

စစ်ကောင်စီ၏ ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်….👇

စစ်ကောင်စီ၏ ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်….👇





မနေ့က လိုင်ဇာကို မြန်မာစစ်တပ်ပေးပို့တဲ့ သဝဏ်လွှာရောက်တယ်ဆိုတာမှန်ပါတယ်၊ မြန်မာစစ်တပ်ရဲ့ရေးသားချက်တွေ စာထဲမှာသိပ်ကောင်းပါတယ်၊

သို့သော် နှစ် ၆၀လုံးလုံး သူတို့ဒီလိုစာတွေခဏခဏရေးပို့တော့ အလွတ်ရနေသလိုဖြစ်နေပြီ ၊ ကနီနယ်ခံ PDF ခလေးတွေကိုနှပ်ကြောင်းပေးပြီးဖမ်းသတ်တဲ့အလုပ်မျိုးလုပ်နေတဲ့သူပုန် မြန်မာစစ်တပ်ကို ဘယ်လိုမှယုံစားနေစရာအကြောင်းမရှိပါဘူး။

NCA ဆိုတာအစောကတည်းက စပြီးလက် မှတ်ထိုးကြကတည်းက ကျနော်တို့ ကချင်တပ်မတော် KIA အနေနဲ့ မြန်မာစစ်တပ်
၊အခုတော့သူပုန်တပ်ပေါ့ဗျာ၊

သူတို့ကိုမယုံလို့ကို လက်မှတ်မထိုးခဲ့တာ၊ ကျွန်တော်ပြောခဲ့ပြီးပါပြီ ခုခေတ်မျိုးဆက်သစ် တိုင်းရင်းသားတွေ၊ပြည်မက





မြန်မာပြည်သူတွေ မြန်မာစစ်တပ်ကိုဘယ်လောက်တောင်မုန်းတီးနေကြသလဲ ? ကျွန်တော်တို့ကချင် တပ်မတော်အနေနဲ့ ကချင်မြေကနေကျော်ပြီး မြန်မာတပ်တွေကိုမတိုက်ဘူး၊ လာကျူးကျော်ရင်အသေခံတိုက်မယ်၊ အဲ့ဒါကျွန်တော်တို့ရဲ့မူဝါဒဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာစစ်ပညာလာသင်တဲ့ PDF လူငယ်တွေကချင်နယ်စပ်ကနေစပြီးပြည်မဘက်တိုက်ခိုက်သိမ်းပိုက်တာကျွန်တော်တို့နဲ့မဆိုင်ပါဘူး၊လူငယ်လေးတွေကိုသင်ပေးတဲ့ဆရာတွေ တိုက်ပွဲဝင်အတွေ့အကြုံရှိအောင်

PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်သင်ကြားပေးတာရှိပါတယ်၊သူတို့က သင်ပေးနေတာသာဖြစ်ပြီး ဝင်မတိုက်ပါဘူး၊ပြောတော့သာငြိမ်းချမ်းဖို့ကမ်းလှမ်းတယ်ပြောတယ်





အခု ကချင်မြေထဲမှာရော KIA သတ်မှတ်ဇုံထဲတွေမှာ အင်အားအပြည့်အစုံနဲ့ လာတပ်စွဲနေကြပြီ၊မြေပြင် ရေပြင်၊လေကြောင်းအကုန်လုံးအသင့်ပြင်နေကြပြီ၊ဒါငြိမ်းချမ်းရေးအတွက်ဖြစ်ပါ့မလား၊

ကချင်တပ်မတော်မှာ လက်နက်စက်ရုံတွေရှိပြီးသား လိုသလောက်လည်းထုတ်နိုင်တယ်၊လက်နက်အတွက်ပူစရာမလိုသလို စစ်သည်တော်တွေ အင်အားတောင့်တင်းမှုရှိတယ်၊

ကျွန်တော့်စစ်သည်တွေလစာမရဘူး၊သူတို့လည်းမတောင်းဆိုဘူး၊ကချင်တပ်မတော်ထဲသူ့အသိစိတ်နဲ့သူတို့ဝင်လာကြတဲ့ စစ်သည်တော်တွေဖြစ်တယ်၊ မြန်မာတပ်လို ပွဲစားနဲ့လူရှာပြီး စစ်တပ်ဖွဲ့ထားတာမဟုတ်ဘူး ဟု ကချင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကပြောကြား
သည်။





အရှင်းဆုံးပြောရရင် တစ်နိုင်ငံလုံးက အဲ့ဒီသူပုန်တပ်ကို တိုင်းရင်းသားပေါင်းစုံ၊ ပြည်မ PDF အဖွဲ့တွေတစ်ပြိုင်တည်းစတိုက်ပြီဆိုရင် ကချင်တပ်မတော် ထိုင်ကြည့်မနေပါဘူး ပြည်သိမ်းပွဲအထိဝင်တိုက်ပေးမယ်လို့ ကျွန်တော် တာဝန်ခံပြောကြားပါတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။

Source Kachin State news