Local News

အကျဥ်းထောင်ထဲကနေ ရေးလိုက်တဲ့စာတစောင်ကို ဖတ်ပြီးမျက်ရည်ဝဲမိတယ်

အကျဥ်းထောင်ထဲကနေ ရေးလိုက်တဲ့စာတစောင်ကို ဖတ်ပြီးမျက်ရည်ဝဲမိတယ်





`အန်တီရေ၊ ပါဆယ်ပို့တာရော စာရောရောက်တယ်ရယ်၊ အပြင်မှာလည်းဂရုစိုက်နော်။



covidတွေ အပြင်မှာဖြစ်များနေတယ်ကြားတယ်။ မိသားစုဝင်တွေ အကုန်လုံးကို သတိရတယ်။ မချုပ် (၃)နေ မချုပ်( ၂ )မှာ အကုန်ပြောင်နေရတယ်။

မချုပ်(၃)လောက်အဆင်မပြေပေမဲ့ အဆင် ပြေအောင် အာလုံးနေနေရတယ်။ မချုပ် (၂ )မှာ လူတွေ စိတ်ပင်ပန်း လူပင်ပန်းခံစားရတယ်။ covidကိုကြောက်ရတာရယ်။

ရုံးမထွက်ရတာတွေကြောင့်၊ သမီးကိုလည်း အရမ်းမစိုးရိမ်နဲ့နော်။ သမီးကိုယ်ကိုကိုယ် အားတင်းပြီးနေနေတယ်။ တခါတလေတော့အရမ်းစိတ်ဓါတ်ကျပေမဲ့ အဆင်ပြေအောင်နေဖြစ်တယ်။





ပါဆယ်က ၂ပတ်တခါ တရားဝင်းပို့လို့ရတယ်။ သမီးတို့က ဘယ်တော့လွတ်မယ်မှန်းမသိတော့ ပါဆယ်ရယ် စျေးဘားရယ်တော့ အဆင်ပြေရင်ပို့ပေးနော်။

ဆေး၊အသီးရယ် ပေါင်မုန့်စိုရယ် ဟင်းအစိုရယ် ခေါက်ဆွဲ​ရယ် coffee mixရယ် ထည့်ပို့ပေးနော်။ အခြေနေကြည့်ပြီးပို့ပေးပါ။


ပါဆယ်ပို့ရင် စာလေးလည်း ထည့်ပို့ပေးစေချင်တယ်။စာတွေဖတ်ပြီး အားရှိအောင်လို့ သူငယ်ချင်တွေရော မိသားစုဝင်တွေရော စာလေးစုရေးပြီး ထည့်ပေးပါ။

အပြင်ကလူတွေရော အရာရာဂရုစိုက်ကြပါ။ အထဲမှာတော့ အချင်းချင်း အားပေးပြီးနေနေရတယ်။





ပြန်မဲ့ရက်သေချာမသိသေးပေမဲ့ နေရက်တိုင်းကို အားတင်ပြီး ဖြတ်သန်းနေကြရတယ်။ သမီးတို့လည့် အမြန်ဆုံးပြန်တွေ့ကြမယ်။ ´

သဇင်ဆန်နီ

Credit