Local News

အိမ်ထဲမှာသေဆုံးနေတာ ၃ရက်ရှိပြီဖြစ်တဲ့အဖွားနဲ့ ပြုစုစောင့်ရှောက်မဲ့သူမရှိတော့တဲ့ အဖိုး

ကြည်မြင့်တိုင် ရတနာပုံလမ်းမှာ နေထိုင်တဲ့အဖွားတစ်ဦးသေဆုံးနေတာ ၃ရက်ရှိပြီဖြစ်ပြီး ကျန်ခဲ့တဲ့အဘိုးကိုလည်း   ပြုစုစောင့်ရှောက်မဲ့သူမရှိဘူးလို့ သိရပါတယ်။

“အဘိုးနဲ့ အဘွားကျန်းမာရေးမကောင်းဖြစ်နေတယ် ပြောလို့ ကမ်းလက်များမောင်နှစ်မတွေဖြစ်တဲ့ ကျနော်တို့ သွားကြည့်ဖြစ်တယ်။ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိလို့ အနံ့တောင်ထွက်နေပြီ။

အဘိုးကတာ့ သတိရတစ်ချက်မရတစ်ချက် ဖြစ်နေတာကနေ  ကျနော်တို့ရောက်ချိန်မှာတော့ သတိကောင်းကောင်း ပြန်ရလာပြီ ။  အဘွားနားကိုသွားသွားပြီးနှိပ်နယ်ပေးနေလို့မနည်းတားယူရတယ်။

ကျနော်တို့အဖွဲ့ကတော့ ကိုယ်နိုင်တာအကုန် ကူညီပေးခဲ့ပါတယ်။  တစ်ယောက်ထဲကျန်ခဲ့တဲ့ အဘိုးကတော့ ခြင်ကိုက်ထားတဲ့ အဖုအပိန့်တွေနဲ့ ဒီညကို တစ်ယောက်ထဲဘယ်လိုများဖြတ် သန်းမလဲဆိုပြီ းတွေးပူနေရတယ်။

ဆရာဝန်ပြောတာကတော့ အနီးကပ်ပြုစုစောင့်ရှောက်သူမရှိရင် အဘိုးလဲသုံးရက်ထက်မခံဘူးတဲ့ ။ ဘယ်လိုတွေတောင် ဝဋ်ကြေးကြီးနေတာလဲ မြန်မာပြည်ကြီးရယ်  မုန် တိုင်းတွေ မြန်မြန်ပြီးမြောက်စေချင်နေပါပြီ “လို့ ကမ်းလက်များပရဟိတ အဖွဲ့ မှလူငယ်တစ်ဦး က လူမူကွန်ယက်မှာရေးသား ပြောပြထားပါတယ်။

36Myanmar

———————-

ၾကည္ျမင့္တိုင္ ရတနာပုံလမ္းမွာ ေနထိုင္တဲ့အဖြားတစ္ဦးေသဆုံးေနတာ ၃ရက္ရွိၿပီျဖစ္ၿပီး က်န္ခဲ့တဲ့အဘိုးကိုလည္း   ျပဳစုေစာင့္ေရွာက္မဲ့သူမရွိဘူးလို႔ သိရပါတယ္။

“အဘိုးနဲ႔ အဘြားက်န္းမာေရးမေကာင္းျဖစ္ေနတယ္ ေျပာလို႔ ကမ္းလက္မ်ားေမာင္ႏွစ္မေတြျဖစ္တဲ့ က်ေနာ္တို႔ သြားၾကည့္ျဖစ္တယ္။ဟိုေရာက္ေတာ့အဘြားကဆုံးတာသုံးရက္ေတာင္ရွိလို႔ အနံ႔ေတာင္ထြက္ေနၿပီ။

အဘိုးကတာ့ သတိရတစ္ခ်က္မရတစ္ခ်က္ ျဖစ္ေနတာကေန  က်ေနာ္တို႔ေရာက္ခ်ိန္မွာေတာ့ သတိေကာင္းေကာင္း ျပန္ရလာၿပီ ။  အဘြားနားကိုသြားသြားၿပီးႏွိပ္နယ္ေပးေနလို႔မနည္းတားယူရတယ္။

က်ေနာ္တို႔အဖြဲ႕ကေတာ့ ကိုယ္ႏိုင္တာအကုန္ ကူညီေပးခဲ့ပါတယ္။  တစ္ေယာက္ထဲက်န္ခဲ့တဲ့ အဘိုးကေတာ့ ျခင္ကိုက္ထားတဲ့ အဖုအပိန္႔ေတြနဲ႔ ဒီညကို တစ္ေယာက္ထဲဘယ္လိုမ်ားျဖတ္ သန္းမလဲဆိုၿပီ းေတြးပူေနရတယ္။

ဆရာဝန္ေျပာတာကေတာ့ အနီးကပ္ျပဳစုေစာင့္ေရွာက္သူမရွိရင္ အဘိုးလဲသုံးရက္ထက္မခံဘူးတဲ့ ။ ဘယ္လိုေတြေတာင္ ဝဋ္ေၾကးႀကီးေနတာလဲ ျမန္မာျပည္ႀကီးရယ္  မုန္ တိုင္းေတြ ျမန္ျမန္ၿပီးေျမာက္ေစခ်င္ေနပါၿပီ “လို႔ ကမ္းလက္မ်ားပရဟိတ အဖြဲ႕ မွလူငယ္တစ္ဦး က လူမူကြန္ယက္မွာေရးသား ေျပာျပထားပါတယ္။

36Myanmar