Local News





















ယခုလို တပ်တွေရွေ့ စစ်ကစား တိုက်စေခြင်းဖြင့် နယ် မြေစိုးမိုးရေး မရရှိအောင် လုပ်‌ဆောင်ထားပြီး သူ့အတွက် အာဏာမြဲနိုင်ဖို့အတွက် တဖက်မှလည်း ယ တြာအစီရင် အတတ်ပညာတွေနဲ့ စီမံလုပ်‌ဆောင်ထားသလို သူတို့ မရှုံးဟန်အဖြစ် ယခုလို အစည်းဝေးများပြုလုပ်ခြင်းနဲ့ ဟို့ဒီသွားလာပြီး အစိုးရတရပ်အသွင်ဟန်ပန်ကို သွတ်သွင်းပုံဖော်ပြနေခြင်းပဲ ဖြစ်သည်..




တနည်းအားဖြင့် ရန်သူသည် ဟန်‌ဆောင်ကောင်းလေသည် ပြည်သူကို သူတို့ဘာမှမဖြစ်ဟန် မရှုံးလေဟန် လုပ်ပြနေ၍ ယခုပွဲ ပြည်သူသည် စိုးရိမ်အားငယ်နေပြီး NUG ကို အားမရ PDF တွေအား စိတ်မရှည်စွာဖြင့် ရန်သူသည် ခုထိ မရှုံးသေး နိုင်နေသည်ဟန်အထင်ဖြင့် ကြိတ်မှတ်သီးခံပြင်းနေကြရသည်ဆိုတာ အချို့ပြည်သူတွေ ပေါက်ကွဲ ပြောဆိုမှု status ကို တွေ့မြင်ခြင်းအားဖြင့် သိနိုင်လေသည်ဖြစ်ရာ…













#မင်းကြည်ညိုနေ

————

သမင်ဆယ်လှမ်း ကျားတလှမ်း

တပ်တွင်းပုန်ကန်မှုဖြစ်လာနိုင်သလားဆို ယခုလိုအခြေနေမျိုးတောင် တုတ်တုတ်မျှမလှုပ်ရင် မဖြစ်နိုင်တော့ဘူးလို့ ယူဆလို့ရပါတယ်..အကြောင်းက ယခုအာဏာ သိမ်းမှုဟာ အထက်ခေါင်တွေ တညီတညွတ်ထဲ လုပ်တာဖြစ်သလို အထူးသဖြင့် မအလဟာ စစ်တပ်ကို သူသာ ဒိုင်ခံရင်းပြီး ကယ်တင်နေသူဖြစ်တယ်လို့ ကြွေး ကြော်ထားပြီး ထိုအတွက် ဖြစ်လာသမျှ..

ခံလည်းအတူ စံလည်းအတူလို့ ကတိကဝတ် သို့ ဂျင်းပြီး သူပဲ ယခု အာဏာသိမ်းမှုကို အသေခံရင်းပြီး လုပ်ထားရသလို အောက်ခြေကို စည်းလုံးထားပြီး ပြန်မပုန်ကန်နိုင်အောင် အဖက်ဖက်ကနေ သေချာ ကွပ်ကဲစီမံထားသည်ဆိုတာ သိမြင်နိုင်လောက်ပြီဟု ယူဆသည် ထိုအတွက် D Day မှာ သူတို့ကျရှုံးလျင် ပြည်သူ့ဘက်အချိန်မီ ပူးပေါင်းလာမည့် တပ်ဖွဲ့ဝင်တွေ ရှိသော်လည်း ..




ထိုအချိန်မှ မထူးတော့ပါဘူးဟု အသိပေးရင်း သာတဲ့ဘက်ကို ခွထိုင် ပူးပေါင်းမည့်သူများကို နောက်ထပ် နိုင်ငံရေးမှာ နေရာမပေးခြင်းဖြင့် အနှောင့်ယှတ်နည်းနိုင်ပြီး နိုင်ငံရေးကို သန့်စင်ကောင်းမွန်စွာ ရပ်တည်လို့ရနိုင်ကြောင်းနဲ့ အခွင့်မသာသေး၍ ထိုအချိန်လောက်မှ တိုင်ပင်ကိုက်နဲ့ လာပူးပေါင်းမည့်သူများကိုတော့ ခုထဲက စာရင်းအင်းနဲ့တကွ သေချာစွာ မှတ်တမ်းပြုလုပ်ထားပြီး..

ယုံကြည် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ်းလင့်လို့ရပါကြောင်း ခု မအလအနေထား အခြေနေက ယုတ်မာမှုကလွဲ ဘာမှ မလုပ်တတ်ဘူး‌ဆိုတာနဲ့ မကြောက်ဟန်ဖြစ်နေခြင်းနဲ့ မထူးဇာတ်ခင်းမည့်အနေထားဟာလည်း စစ် တပ်အားအသုံးချထားခြင်းနဲ့ သူတို့အာဏာသိမ်းသူတဖွဲ့လုံးပါဝင်ရှိနေလို့သာ ရှေ့ဆက် အရဲစွန့်ပြီး ခပ်တည်တည်နဲ့ ရပ်တည်နေကြောင်း သိနိုင်သလို..



သူ့ပုံစံက သူသေရင် သူနဲ့အတူ အာဏာသိမ်းအဖွဲ့ထဲပါသူတွေကိုပါ အကုန်မချန်ပဲ ခေါ်သွားမည်ဟုဆိုတဲ့ အထာနဲ့ ချုပ်ကိုင် လုပ်ထားတဲ့အတွက် ကျန်သူများမှလည်း လွတ်မြောက်ဖို့ထက် ကြောက်ရွံ့မှုအမိန့်အောက်မှာ လှုပ်မရပဲ ရှိနေသည်ကို တွေ့ရလေသည် သို့ဆိုလျင် သူသေမှာ မကြောက်ဘူးလားဆို ကြောက်လို့ကို စစ်တပ်အကာရံနဲ့ ရသလောက် တွယ်ကပ်ပြီး..

မထူးဇာတ်ခင်းမည့် စစ်ရေးကို ခံစစ်ပြင်ထားသလို သူ့အခြေနေက အသေမခံပဲ ထွက်ပြေးဖို့အတွက် စီစဉ်ထားပြီး သားသမီးမြေးများအား လွတ်ကျွတ်ရာသို့ ပို့ ဆောင်ထား သို့ ရှာဖွေထားလောက်ပြီဟု ယူဆမိသည် သို့‌ဆိုလျင် အခြေနေအရသာ သူကိုယ်၌ ထွက်ပြေးခွင့်မသာသေး၍ သို့ သူနိုင်မည် တွက်ဆရူးနေ၍ ဇွတ်ပေကပ်ရပ်နေပြီး ခပ်တည်တည်ဖြင့် အာဏာကို..




ဆုတ်စူးစားရူးအနေဖြင့် လက်မလွတ်ချင်သေး၍ သို့ လက်လွတ်ရင် အရှုံးပေးရပြီး စစ်တပ်တတပ်လုံး ဗြောင်းဆန်ကုန်ပြီး သူ့တာဝန်မကင်း၍ အခြေနေကို မီးစင်ကြည့်ကပြီး နောက်ဆူံးအချိန်ထိ ရသလောက် ဖက်တွယ် ကစားနေအုံးမည်ဆိုတာ ထိုအတွက် သူအာဏာမြဲအောင် တပ်တွင်းပုန်ကန်မှု မပြုနိုင်အောင် စစ်တပ်ကို လှုပ်ပေးထားမှ အလုပ်ပေးထားမှ ဖြစ်မည်ဖြစ်သဖြင့် ..

ယခုလို တပ်တွေရွေ့ စစ်ကစား တိုက်စေခြင်းဖြင့် နယ် မြေစိုးမိုးရေး မရရှိအောင် လုပ်‌ဆောင်ထားပြီး သူ့အတွက် အာဏာမြဲနိုင်ဖို့အတွက် တဖက်မှလည်း ယ တြာအစီရင် အတတ်ပညာတွေနဲ့ စီမံလုပ်‌ဆောင်ထားသလို သူတိူ့ မရှုံးဟန်အဖြစ် ယခုလို အစည်းဝေးများပြုလုပ်ခြင်းနဲ့ ဟို့ဒီသွားလာပြီး အစိုးရတရပ်အသွင်ဟန်ပန်ကို သွတ်သွင်းပုံဖော်ပြနေခြင်းပဲ ဖြစ်သည်..




တနည်းအားဖြင့် ရန်သူသည် ဟန်‌ဆောင်ကောင်းလေသည် ပြည်သူကို သူတိူ့ဘာမှမဖြစ်ဟန် မရှုံးလေဟန် လုပ်ပြနေ၍ ယခုပွဲ ပြည်သူသည် စိုးရိမ်အားငယ်နေပြီး NUG ကို အားမရ PDF တွေအား စိတ်မရှည်စွာဖြင့် ရန်သူသည် ခုထိ မရှုံးသေး နိုင်နေသည်ဟန်အထင်ဖြင့် ကြိတ်မှတ်သီးခံပြင်းနေကြရသည်ဆိုတာ အချို့ပြည်သူတွေ ပေါက်ကွဲ ပြောဆိုမှု status ကို တွေ့မြင်ခြင်းအားဖြင့် သိနိုင်လေသည်ဖြစ်ရာ…

ရန်သူ ခုလို ရပ်တည်နေနိုင်ခြင်းသည်

– ခုထိ ဝင်ငွေရလမ်းများ ရှိနေခြင်း..

– UN US ရဲ့ ထိရောက်တဲ့ အရေးယူမှု မရှိခြင်း..

– တပ်တွင်းပုန်ကန်နိုင်မှု အခွင့်လမ်းနည်းပါးခြင်း..




– အာဏာသိမ်းစစ်ဗိုလ်ချုပ်များ စုစည်းမှု ခံနိုင်ရည် အားကောင်းနေခြင်း..

– အရှုံးမပေး အနိုင်ယူမည်ဟုသော မထူးဇာတ်အထိသွားမည်ဟု ဆုံးဖြတ်ထားခြင်း….

– သူသေကိုယ်ရှင်ပွဲဟု ခံယူ သက်မှတ် ဆုံးဖြတ်ထားခြင်း ..

စသည့် အခြေနေနဲ့ စိတ်သဘောတရား အခြေခံတရားများကြောင့် ရန်သူသည် ဒီပွဲကို အရှုံးပေးမှာ မဟုတ်သလို ပြည်သူသည်လည်း ယခုပွဲနိုင်ဖို့အတွက် အင် အားပြည့်နဲ့ တော်လှန်လိုစိတ်နိုးကြားမှ နောက်မဆုတ်မှရမည်ဆိုတာ အသိပေးရင်း ရန်သူရဲ့ အတွင်းစည်းအားပျော့မှုနဲ့ တိုက်စစ်ဆင်မှု အခြေနေပေါ်မူတည်ပြီး ပြည်သူဟာ လှုပ်ရှားနိုင်မှ ရန်သူ၏ အညှာကို သိရှိကိုင်နိုင်ပြီး အခွင့်အခါကို အသုံးချလို့ အောင်ပွဲအတွက် အမြန်ဖြတ်နိုင်မှာ ဖြစ်ကြောင်း မဟုတ်ပွဲဟာ ဆက်လျက် ကြာနိုင်ကြောင်း အသိပေးရင်းအရေးတော်ပုံအောင်ဖို့ ရန်သူ့ ခြေလှမ်းများကို သိမြင်ကြပြီး လက်ဦးကြပါစို့ဟု !!..


#မင်းကြည်ညိုနေ