Local News

ပြည်သူချစ်အနုပညာရှင် ဝါရင့်လူရွှင်တော်ကြီး ဦးမေတ္တာ ဆုံးပါးကွယ်လွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဝါရင့်လူရွှငါတော်ကြီး ဦးမေတ္တာကတော့ ဒီနေ့ သြဂုတ်လ (၂)ရက်နေ့မှာ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

ဦးမေတ္တာကတော့ လူရွှင်တော်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင် အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။


အခုလို ပရိသတ်တွေအားလုံးက ချစ်ခင်ရပြီး ဝါရင့် အနုပညာရှင်တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်းဆိုးကြောင့် ဦးမေတ္တာရဲ့ မိသားစုတွေကသာမက ပရိသတ်တွေရော အနုပညာရှင်တွေကပါ ထပ်တူစိတ်မကောင်းဖြစ်ရတာကတော့ အသေအချာပါပဲ။

ပရိသတ်တွေအပေါ်အနုပညာမှာ အရည်သွေးပြည့်ဝစွာနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဦးမေတ္တာတစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


ပရိသတ်ကြီးတွေထဲက ဦးမေတ္တာကို ချစ်ခင်တဲ့ ပရိသတ်တွေအတွက် ဒီသတင်းကို စိတ်မကောင်းစွာနဲ့ပဲ မျှဝေဖော်ပြလိုက်ရပါတယ်။

ပရိသတ်ကြီးတွေလည်း ဦးမေတ္တာတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့နဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ခွန်အားပေးစကားလေးတွေပြောခဲ့ပေးပါဦးနော်။


Source – Myittae Myint Myat Hein

-Zawgyi Font ဖြင့်ဖတ်ရန်-





ပရိသတ်တွေအပေါ်အနုပညာမှာ အရည်သွေးပြည့်ဝစွာနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဦးမေတ္တာတစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။




Crd-CZ