Local News

ဖျားပြီ ညောင်းကိုက်ပြီဆိုတာနဲ့ ကိုဗစ်ဖြစ်ပြီဆိုတာ လက်ခံလိုက်ပါ

(ဆရာဝန်အကြံပြုချက်)မသေသင့်ဘဲ သေကြရသူတွေ များပြီ။

(အဆုံးထိ သေချာဖတ်ပေးပါ။ လိုက်နာကျင့်သုံးကြပါဗျာ။)

တချို့ တချို့တွေက သိပ်ပေါ့ဆလွန်းတယ်။ ဘာကြောင့်ဖျားဖျား၊ ဘယ်ပုံစံ ဖျားဖျား၊ ဖျားရင် ကိုဗစ်လို့မှတ်ပါဆိုတာကို ဘယ်လောက်ပြောပြော မယုံဘူး။ ပြီးမှ အောက်စီဂျင်အတော်ကျမှ ဆေးခန်းလာ၊ ဆေးရုံသွားနဲ့ တချို့ဆို ဘယ်လိုမှ ကယ်လို့မရတော့ဘူး။

ပုံမှန် ၉၈ – ၉၉ ရာခိုင်နှုန်း ရှိတဲ့သူတစ်ယောက်က ၉၅ ကနေ မတက်တော့ဘူးဆိုရင် ကျတော့မယ်ဆိုတာ သိရပါမယ်။ လိုအပ်တဲ့ကုသမှု အချိန်မီ စတင်ရပါမယ်။ ကျရင် အောက်စီဂျင်ရှူရုံနဲ့ ကိုဗစ်က မပျောက်ပါဘူး။ လေအိတ်တွေ ပျက်စီးကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါ့အပြင် လေအိတ်ပတ်ဝန်းကျင်မှာ ယောင်ရမ်းကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါကိုမကုဘဲ အောက်စီဂျင်ပဲရှူနေလို့ မရပါဘူး။

လေအိတ်တွေပျက်စီးတာကို မတားဘဲ အောက်စီဂျင်သက်သက်ပဲ ရှူနေလို့ကတော့ ပိုဆိုးလာဖို့ပဲရှိပါမယ်။ ကိုဗစ်တစ်ခုပဲကုလို့လည်း မရပါဘူး။ နဂိုရှိရင်းစွဲ ရောဂါတွေကိုလည်း ကုရပါမယ်။

ဆီးချိုရှိရင် ဆီးချိုက ထိန်းရခက်အောင် တက်ပါတယ်။ ကိုဗစ်အတွက်သုံးတဲ့ ဆေးတွေကလည်း ဆီးချို‌၊ သွေးတိုးကို ပိုဆိုးစေပါတယ်။Dexa တွေ၊ Prednisolone တွေ ဖောဖောသီသီသုံးရုံနဲ့ ကိုဗစ်ကို ကုလို့မရပါဘူး။ လူတစ်ကိုယ်လုံးကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ကုသရပါတယ်။ တစ်ဦးနဲ့တစ်ဦးစီအတွက် ကုသပုံဟာ တူမလိုနဲ့မတူပါဘူး။

နောက်ဆုံးမှတ်ရမှာက လက္ခဏာတစ်ခုခု စဖြစ်တဲ့ရက်ကနေ ၇ ရက်ပြည့်ရင် ဆေးခန်း သွားကိုသွားပြရပါမယ်။ (သို့) ဆရာဝန်ပင့်ရမယ် (သို့) ဆရာဝန်တစ်ဦးဦးကို Messenger/ Viber Line တစ်ခုခုနဲ့ အနီးကပ်တိုင်ပင်ရမယ်ဗျာ။

ကိုဗစ်ကြောင့် အောက်စီဂျင်ကျပြီး အချိန်မီ မကုသလိုက်နိုင်တဲ့ အဖြစ်ဆိုးတွေ မြင်လည်း မမြင်ချင်၊ ကြားလည်း မကြားချင်တော့ပါ။

ကိုဗစ်ပြုစုကုသပုံ အဆင့်ဆင့်

၁။ ဖျားပြီ ညောင်းကိုက်ပြီဆိုတာနဲ့ ကိုဗစ်ဖြစ်ပြီဆိုတာ လက်ခံလိုက်ပါ။ (ဆရာဝန်နဲ့ ပြိုင်ငြင်းမနေပါနဲ့)

၂။ ကိုဗစ်လို့လက်ခံပြီး ကိုဗစ်ပိုး မစစ်ဆေးရသေးသော်လည်း ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ပါ။

၃။ အစားများများ စားပါ။ အရည်များများ သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ နေပူစာလှုံပါ။

၄။ ပထမ ၇ ရက်အတွင်း အောက်စီဂျင် တစ်နေ့သုံးကြိမ်တိုင်းပါ။ ၇ ရက်ကျော်လျှင် မိမိ၏ပုံမှန်တိုင်းတာမှုမှ ၃ ရာခိုင်နှုန်း ကျပြီဆိုလျှင် ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ကုသပါ။

၅။ အောက်စီဂျင် စပြီးကျပြီဆိုကတည်းက မနက်၊ နေ့၊ ည အစာစားပြီးတိုင်း ရေနွေးငွေ့ရှူပါ။ တစ်ခါရှူလျှင် အနည်းဆုံး ၅ မိနစ်၊ အများဆုံး ၁၅ မိနစ်ထက် မပိုရ။ ရေနွေးအပေါ်တွင် အနည်းဆုံး ၈ လက်မအကွာ၌ မျက်လုံးပိတ်၍ မျက်နှာသုတ်ပုဝါ ခေါင်းတွင်ခြုံ၍ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် ပြုရမည်။ မျက်နှာသုတ်ပုဝါအား လေလုံအောင် မဖုံးထားရပါ။ ရေနွေးပူမလောင်စေရန် သတိပြုပါ။

၆။ အစားစားပြီး ရေနွေးငွေ့ ရှူပြီးပါက အသက်ရှူလေ့ကျင့်ခန်း လုပ်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်း နှစ်မျိုးထဲမှချောင်းတအားဆိုးနေရင် ပြင်းပြင်းရှူ တစ်စက္ကန့်အောင့် ပြင်းပြင်းရှူထုတ် ၅ မိနစ်လုပ်ပါ။ချောင်းမဆိုးဘဲ ခံနိုင်ရည်ရှိလာရင် ၄ စက္ကန့် ပြင်းပြင်းရှူ၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် ရှူထုတ်၊ လေ့ကျင့်ခန်း ၅ မိနစ် လုပ်ပါ။

၇။ စားမယ်၊ ရှူမယ်၊ ပြီးရင် မှောက်ပါမယ်။ မှောက်နေစဉ် ချီးပါသေးပေါက်၊ ဟိုလူနဲ့စကားပြော ဒီလူနဲ့စကားပြော မလုပ်ရပါ။ အနည်းဆုံး တစ်နာရီ အများဆုံး ၄ နာရီ မှောက်ရပါမယ်။တအားမောနေလျှင် တအားဝနေလျှင် ထိုင်လျက်မှောက်ခြင်းဖြင့် စလုပ်ပါ။ သက်သာလာလျှင် အိပ်ယာပေါ်မှာ မှောက်ပါ။ အိပ်ယာပေါ်မှာမှောက်လျှင် ဗိုက်မပိအောင် ခေါင်းအုံးများ သေချာခုထားရပါမယ်။ ပုခုံးကို အမြင့်ဆုံးဖြစ်အောင် ထားပါ။

၈။ ဆရာဝန်နှင့် အမြဲဆက်သွယ် တိုင်ပင်နေရပါမယ်။ ဆရာဝန်ရဲ့ညွှန်ကြားချက်ကို သေချာနားထောင်ရပါမယ်။
အိမ်သူအိမ်သားများ၏ တာဝန်

ဒီအချိန်မှာ ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့နေတဲ့အချိန်မှာ လူနာများ သက်သာကောင်းမွန်ဖို့ ဆရာဝန်များချည်းသာတာဝန်ရှိတာ မဟုတ်ပါဘူး။ လူနာရဲ့ဆွေမျိုးသားချင်းများရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးကြီးပါတယ်။ ဆရာဝန်က လူနာကို မှာကြားလိုက်တာတွေကို ဘေးကနေ သေချာနားထောင်ပြီး မိမိလူနာအကျိုးအတွက် စနစ်တကျ
လိုက်နာဆောင်ရွက်စေဖို့ ကူညီပေးရပါမယ်။

တချို့လူနာတွေက ကိုဗစ်ဖြစ်ပြီလို့ပြောလိုက်တာနဲ့ စိတ်ဓာတ်တွေ ကျသွားပါတယ်။ ကြောက်လန့်သွားကြပါတယ်။ နောက်ပြီး မထူးဇာတ်ခင်းကြပါတယ်။ ဆရာဝန်ပြောတာကို ဘာတစ်ခုမှ အလေးအနက် မထားတော့ပါဘူး။ မိမိထင်ရာလုပ်၊ နေချင်သလို နေကြတော့တဲ့သူတွေလည်း တွေ့ရပါတယ်။

ကိုဗစ်ဆိုတာ လေဖြတ်သလို၊ တခြား နာတာရှည် ရောဂါတွေလို အချိန်အကြာကြီး ပြုစုကြရမှာ မဟုတ်ပါဘူး။ နှစ်ပတ်လောက်သာ သေချာပြုစုပေးရင် အသက်အန္တရာယ် မရှိနိုင်ပါဘူး။ မလိုအပ်ဘဲ သေဆုံးမှုတွေကို လျှော့ချနိုင်ပါတယ်။

စဖျားတဲ့နေ့ကနေ ၇ ရက်အထိကာလမှာ အစားကောင်းကောင်း ကျွေးမယ်၊ စိတ်ဓာတ်မကျအောင် အားပေးမယ်။ဆရာဝန်ညွှန်ကြားထားတာတွေကို စနစ်တကျဖြစ်အောင် ကူညီပေးမယ်။ တစ်ပတ်ကျော်ရင် ရောဂါစပြီးဆိုးတတ်တော့ ပိုပြီးဂရုစိုက်မယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ နေထိုင်ရမယ့်ပုံစံတွေကို သေချာလုပ်ခိုင်းမယ်။ အားတင်းထားဖို့ အားပေးမယ်။

၁၀ ရက်ကျော်လို့ အောက်စီဂျင်ပုံမှန်ပဲဆို အတော်လေး စိတ်ချရပါပြီ။ နောက်ထပ် ‌၄ ရက်ကို သေချာဂရုတစိုက် ထပ်ပြီးစောင့်ရှောက်မယ်ဆို လူနာအသက်အန္တရာယ်နဲ့ သေဆုံးနှုန်းကို သိသိသာသာလျှော့ချနိုင်မှာပါ။

ပထမ ၇ ရက်အတွင်းမှာ စိတ်ပူစရာမရှိပါဘူး။ အဲဒီအချိန်မှာ လူနာကို စိတ်အေးအေးနဲ့ စောင့်ရှောက်နိုင်ပါတယ်။ တစ်ပတ်နဲ့ ၁၀ ရက်အတွင်းကို အထူးဂရုစိုက်ပြီး ဆရာဝန်ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာရုံပါပဲ။ ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ အသက်အန္တရာယ်ရှိမှာပါ။ ဒီလိုသာ အိမ်သား‌တွေရဲ့တာဝန်ကျေမယ်ဆိုရင် စိတ်ဆင်းရဲဝမ်းနည်းရတာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ်။

ကဲ… ကိုဗစ်ကို ကြောက်မနေဘဲ ခပ်မာမာနဲ့ ရင်ဆိုင်လိုက်ကြရအောင်။ ပြည်သူများအားလုံး ကျန်းမာရေး အသိရှိရှိဖြင့် ကျော်လွှားနိုင်ကြပါစေ။

Credit : ဒေါက်တာသန်းထိုက်(ဖြူး)

——————

(ဆရာဝန္အႀကံျပဳခ်က္)မေသသင့္ဘဲ ေသၾကရသူေတြ မ်ားၿပီ။

(အဆုံးထိ ေသခ်ာဖတ္ေပးပါ။ လိုက္နာက်င့္သုံးၾကပါဗ်ာ။)

တခ်ိဳ့ တခ်ိဳ့ေတြက သိပ္ေပါ့ဆလြန္းတယ္။ ဘာေၾကာင့္ဖ်ားဖ်ား၊ ဘယ္ပုံစံ ဖ်ားဖ်ား၊ ဖ်ားရင္ ကိုဗစ္လို့မွတ္ပါဆိုတာကို ဘယ္ေလာက္ေျပာေျပာ မယုံဘူး။ ၿပီးမွ ေအာက္စီဂ်င္အေတာ္က်မွ ေဆးခန္းလာ၊ ေဆး႐ုံသြားနဲ႔ တခ်ိဳ့ဆို ဘယ္လိုမွ ကယ္လို့မရေတာ့ဘူး။

ပုံမွန္ ၉၈ – ၉၉ ရာခိုင္ႏွုန္း ရွိတဲ့သူတစ္ေယာက္က ၉၅ ကေန မတက္ေတာ့ဘူးဆိုရင္ က်ေတာ့မယ္ဆိုတာ သိရပါမယ္။ လိုအပ္တဲ့ကုသမွု အခ်ိန္မီ စတင္ရပါမယ္။ က်ရင္ ေအာက္စီဂ်င္ရွူ႐ုံနဲ႔ ကိုဗစ္က မေပ်ာက္ပါဘူး။ ေလအိတ္ေတြ ပ်က္စီးကုန္လို့ ေအာက္စီဂ်င္က်တာပါ။ ဒါ့အျပင္ ေလအိတ္ပတ္ဝန္းက်င္မွာ ေယာင္ရမ္းကုန္လို့ ေအာက္စီဂ်င္က်တာပါ။ ဒါကိုမကုဘဲ ေအာက္စီဂ်င္ပဲရွူေနလို့ မရပါဘူး။

ေလအိတ္ေတြပ်က္စီးတာကို မတားဘဲ ေအာက္စီဂ်င္သက္သက္ပဲ ရွူေနလို့ကေတာ့ ပိုဆိုးလာဖို့ပဲရွိပါမယ္။ ကိုဗစ္တစ္ခုပဲကုလို့လည္း မရပါဘူး။ နဂိုရွိရင္းစြဲ ေရာဂါေတြကိုလည္း ကုရပါမယ္။

ဆီးခ်ိဳရွိရင္ ဆီးခ်ိဳက ထိန္းရခက္ေအာင္ တက္ပါတယ္။ ကိုဗစ္အတြက္သုံးတဲ့ ေဆးေတြကလည္း ဆီးခ်ိဳ‌၊ ေသြးတိုးကို ပိုဆိုးေစပါတယ္။Dexa ေတြ၊ Prednisolone ေတြ ေဖာေဖာသီသီသုံး႐ုံနဲ႔ ကိုဗစ္ကို ကုလို့မရပါဘူး။ လူတစ္ကိုယ္လုံးကို ျခဳံငုံသုံးသပ္ၿပီး ဆုံးျဖတ္ကုသရပါတယ္။ တစ္ဦးနဲ႔တစ္ဦးစီအတြက္ ကုသပုံဟာ တူမလိုနဲ႔မတူပါဘူး။

ေနာက္ဆုံးမွတ္ရမွာက လကၡဏာတစ္ခုခု စျဖစ္တဲ့ရက္ကေန ၇ ရက္ျပည့္ရင္ ေဆးခန္း သြားကိုသြားျပရပါမယ္။ (သို့) ဆရာဝန္ပင့္ရမယ္ (သို့) ဆရာဝန္တစ္ဦးဦးကို Messenger/ Viber Line တစ္ခုခုနဲ႔ အနီးကပ္တိုင္ပင္ရမယ္ဗ်ာ။

ကိုဗစ္ေၾကာင့္ ေအာက္စီဂ်င္က်ၿပီး အခ်ိန္မီ မကုသလိုက္နိုင္တဲ့ အျဖစ္ဆိုးေတြ ျမင္လည္း မျမင္ခ်င္၊ ၾကားလည္း မၾကားခ်င္ေတာ့ပါ။

ကိုဗစ္ျပဳစုကုသပုံ အဆင့္ဆင့္

၁။ ဖ်ားၿပီ ေညာင္းကိုက္ၿပီဆိုတာနဲ႔ ကိုဗစ္ျဖစ္ၿပီဆိုတာ လက္ခံလိုက္ပါ။ (ဆရာဝန္နဲ႔ ၿပိဳင္ျငင္းမေနပါနဲ႔)

၂။ ကိုဗစ္လို့လက္ခံၿပီး ကိုဗစ္ပိုး မစစ္ေဆးရေသးေသာ္လည္း ကိုဗစ္စည္းကမ္းအတိုင္း ေနထိုင္ပါ။

၃။ အစားမ်ားမ်ား စားပါ။ အရည္မ်ားမ်ား ေသာက္ပါ။ ကိုယ္လက္လွုပ္ရွားမွု လုပ္ပါ။ ေနပူစာလွုံပါ။

၄။ ပထမ ၇ ရက္အတြင္း ေအာက္စီဂ်င္ တစ္ေန႔သုံးႀကိမ္တိုင္းပါ။ ၇ ရက္ေက်ာ္လၽွင္ မိမိ၏ပုံမွန္တိုင္းတာမွုမွ ၃ ရာခိုင္ႏွုန္း က်ၿပီဆိုလၽွင္ ဆရာဝန္ႏွင့္ ခ်က္ခ်င္းတိုင္ပင္ကုသပါ။

၅။ ေအာက္စီဂ်င္ စၿပီးက်ၿပီဆိုကတည္းက မနက္၊ ေန႔၊ ည အစာစားၿပီးတိုင္း ေရေႏြးေငြ႕ရွူပါ။ တစ္ခါရွူလၽွင္ အနည္းဆုံး ၅ မိနစ္၊ အမ်ားဆုံး ၁၅ မိနစ္ထက္ မပိုရ။ ေရေႏြးအေပၚတြင္ အနည္းဆုံး ၈ လက္မအကြာ၌ မ်က္လုံးပိတ္၍ မ်က္ႏွာသုတ္ပုဝါ ေခါင္းတြင္ျခဳံ၍ အသက္ျပင္းျပင္း ရွူသြင္းရွူထုတ္ ျပဳရမည္။ မ်က္ႏွာသုတ္ပုဝါအား ေလလုံေအာင္ မဖုံးထားရပါ။ ေရေႏြးပူမေလာင္ေစရန္ သတိျပဳပါ။

၆။ အစားစားၿပီး ေရေႏြးေငြ႕ ရွူၿပီးပါက အသက္ရွူေလ့က်င့္ခန္း လုပ္ရပါမယ္။ အသက္ရွူေလ့က်င့္ခန္း ႏွစ္မ်ိဳးထဲမွေခ်ာင္းတအားဆိုးေနရင္ ျပင္းျပင္းရွူ တစ္စကၠန႔္ေအာင့္ ျပင္းျပင္းရွူထုတ္ ၅ မိနစ္လုပ္ပါ။ေခ်ာင္းမဆိုးဘဲ ခံနိုင္ရည္ရွိလာရင္ ၄ စကၠန႔္ ျပင္းျပင္းရွူ၊ ၇ စကၠန႔္ ေအာင့္ထား၊ ၈ စကၠန႔္ ရွူထုတ္၊ ေလ့က်င့္ခန္း ၅ မိနစ္ လုပ္ပါ။

၇။ စားမယ္၊ ရွူမယ္၊ ၿပီးရင္ ေမွာက္ပါမယ္။ ေမွာက္ေနစဥ္ ခ်ီးပါေသးေပါက္၊ ဟိုလူနဲ႔စကားေျပာ ဒီလူနဲ႔စကားေျပာ မလုပ္ရပါ။ အနည္းဆုံး တစ္နာရီ အမ်ားဆုံး ၄ နာရီ ေမွာက္ရပါမယ္။တအားေမာေနလၽွင္ တအားဝေနလၽွင္ ထိုင္လ်က္ေမွာက္ျခင္းျဖင့္ စလုပ္ပါ။ သက္သာလာလၽွင္ အိပ္ယာေပၚမွာ ေမွာက္ပါ။ အိပ္ယာေပၚမွာေမွာက္လၽွင္ ဗိုက္မပိေအာင္ ေခါင္းအုံးမ်ား ေသခ်ာခုထားရပါမယ္။ ပုခုံးကို အျမင့္ဆုံးျဖစ္ေအာင္ ထားပါ။

၈။ ဆရာဝန္ႏွင့္ အျမဲဆက္သြယ္ တိုင္ပင္ေနရပါမယ္။ ဆရာဝန္ရဲ့ညႊန္ၾကားခ်က္ကို ေသခ်ာနားေထာင္ရပါမယ္။
အိမ္သူအိမ္သားမ်ား၏ တာဝန္

ဒီအခ်ိန္မွာ ကူးစက္ေရာဂါ ေပါက္ကြဲပ်ံ႕ႏွံ့ေနတဲ့အခ်ိန္မွာ လူနာမ်ား သက္သာေကာင္းမြန္ဖို့ ဆရာဝန္မ်ားခ်ည္းသာတာဝန္ရွိတာ မဟုတ္ပါဘူး။ လူနာရဲ့ေဆြမ်ိဳးသားခ်င္းမ်ားရဲ့ အခန္းက႑ဟာလည္း အလြန္အေရးႀကီးပါတယ္။ ဆရာဝန္က လူနာကို မွာၾကားလိုက္တာေတြကို ေဘးကေန ေသခ်ာနားေထာင္ၿပီး မိမိလူနာအက်ိဳးအတြက္ စနစ္တက်
လိုက္နာေဆာင္ရြက္ေစဖို့ ကူညီေပးရပါမယ္။

တခ်ိဳ့လူနာေတြက ကိုဗစ္ျဖစ္ၿပီလို့ေျပာလိုက္တာနဲ႔ စိတ္ဓာတ္ေတြ က်သြားပါတယ္။ ေၾကာက္လန႔္သြားၾကပါတယ္။ ေနာက္ၿပီး မထူးဇာတ္ခင္းၾကပါတယ္။ ဆရာဝန္ေျပာတာကို ဘာတစ္ခုမွ အေလးအနက္ မထားေတာ့ပါဘူး။ မိမိထင္ရာလုပ္၊ ေနခ်င္သလို ေနၾကေတာ့တဲ့သူေတြလည္း ေတြ႕ရပါတယ္။

ကိုဗစ္ဆိုတာ ေလျဖတ္သလို၊ တျခား နာတာရွည္ ေရာဂါေတြလို အခ်ိန္အၾကာႀကီး ျပဳစုၾကရမွာ မဟုတ္ပါဘူး။ ႏွစ္ပတ္ေလာက္သာ ေသခ်ာျပဳစုေပးရင္ အသက္အႏၲရာယ္ မရွိနိုင္ပါဘူး။ မလိုအပ္ဘဲ ေသဆုံးမွုေတြကို ေလၽွာ့ခ်နိုင္ပါတယ္။

စဖ်ားတဲ့ေန႔ကေန ၇ ရက္အထိကာလမွာ အစားေကာင္းေကာင္း ေကၽြးမယ္၊ စိတ္ဓာတ္မက်ေအာင္ အားေပးမယ္။ဆရာဝန္ညႊန္ၾကားထားတာေတြကို စနစ္တက်ျဖစ္ေအာင္ ကူညီေပးမယ္။ တစ္ပတ္ေက်ာ္ရင္ ေရာဂါစၿပီးဆိုးတတ္ေတာ့ ပိုၿပီးဂ႐ုစိုက္မယ္။ အသက္ရွူေလ့က်င့္ခန္းေတြ၊ ေနထိုင္ရမယ့္ပုံစံေတြကို ေသခ်ာလုပ္ခိုင္းမယ္။ အားတင္းထားဖို့ အားေပးမယ္။

၁၀ ရက္ေက်ာ္လို့ ေအာက္စီဂ်င္ပုံမွန္ပဲဆို အေတာ္ေလး စိတ္ခ်ရပါၿပီ။ ေနာက္ထပ္ ‌၄ ရက္ကို ေသခ်ာဂ႐ုတစိုက္ ထပ္ၿပီးေစာင့္ေရွာက္မယ္ဆို လူနာအသက္အႏၲရာယ္နဲ႔ ေသဆုံးႏွုန္းကို သိသိသာသာေလၽွာ့ခ်နိုင္မွာပါ။

ပထမ ၇ ရက္အတြင္းမွာ စိတ္ပူစရာမရွိပါဘူး။ အဲဒီအခ်ိန္မွာ လူနာကို စိတ္ေအးေအးနဲ႔ ေစာင့္ေရွာက္နိုင္ပါတယ္။ တစ္ပတ္နဲ႔ ၁၀ ရက္အတြင္းကို အထူးဂ႐ုစိုက္ၿပီး ဆရာဝန္ညႊန္ၾကားခ်က္ေတြကို တေသြမတိမ္း လိုက္နာ႐ုံပါပဲ။ ရာခိုင္ႏွုန္း အနည္းငယ္ေလာက္ပဲ အသက္အႏၲရာယ္ရွိမွာပါ။ ဒီလိုသာ အိမ္သား‌ေတြရဲ့တာဝန္ေက်မယ္ဆိုရင္ စိတ္ဆင္းရဲဝမ္းနည္းရတာေတြကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္နိုင္ပါတယ္။

ကဲ… ကိုဗစ္ကို ေၾကာက္မေနဘဲ ခပ္မာမာနဲ႔ ရင္ဆိုင္လိုက္ၾကရေအာင္။ ျပည္သူမ်ားအားလုံး က်န္းမာေရး အသိရွိရွိျဖင့္ ေက်ာ္လႊားနိုင္ၾကပါေစ။

Credit : ေဒါက္တာသန္းထိုက္(ျဖဴး)