Local News

မအလနဲ့တပ်လော်ဘီတွေပြောသလို. တောထဲမှာပဲ ဘဝဆုံးရအောင်. ယနေ့ ခြင်းကြားတပ်ကြီးရဲ့အစွမ်းကို မသိတာမှ မဟုတ်တာ

ပြောအုန်းမယ်.. နောက်ဆုံးတော့ တောထဲမှာပဲ ဘဝဆုံးမှာ တဲ့။

ရီတော့ ရီရသား… သူ့အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေတာပဲ။





တိုက်လို့မနိုင်မှန်းသိတော့ လက်နက်ချခိုင်းတယ်။ မက်လုံးပေးပြီး စည်းရုံးတယ်။

ချော့လို့မရ ခြောက်လို့မရပဲ လက်နက်မချတော့… သွေးထိုးစကားတွေပြော၊





နိုင်ငံရေးအောက်လုံးတွေသုံး ၂ကျပ်ကွက်တွေရိုက်ပြပြီး….. ၈၈တုန်းကဘယ်လို… တောခိုသူတွေ ဘယ်လိုဆိုတဲ့ ဝါဒဖြန့်သတင်းတွေနဲ့…. PDF လူငယ်တွေကို သွေးထိုးတယ်။

မအလနဲ့စစ်အုပ်စု စိုးရိမ်စိတ်ပူနေတာ ဘာအတွက်လဲ မသိပေမဲ့


တစ်နေ့ပြီးတစ်နေ့ ပြည်တွင်းပြည်ပမှာရှိတဲ့ Gzလူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံ ဝင်ရောက်နေပြီး စစ်သင်တန်းတွေတက်နေတာက
ယနေ့အထိ… ဒီတော့… မအလနဲ့စစ်အုပ်စုရဲ့လော်ဘီတွေကို ပြောချင်တာက.. ကျုပ်တို့က ခလေးမဟုတ်ဘူး ၊





ကျုပ်တို့က ရွာထဲရပ်ထဲ မြို့ထဲမှာ ခိုးဆိုးလူနှိုက်လုပ်ပြီး အပြစ်ပေးခံရမှာကြောက်လို့ စုဆောင်းရေးထဲ လိုက်သွားပြီး စစ်ခွေးဖြစ်သွားတဲ့ စာမတတ် ပေမတတ်ကောင်တွေ မဟုတ်ဘူး။

ဘယ်လိုစားပေါက်ရမယ်၊ဘယ်လိုဂွင်တွေရှိမယ်

ဘယ်လိုဂုဏ်တွေရှိမယ်ဆိုပြီးသင်သမျှကြားသမျှ ခိုင်းသမျှကို ကျက်မှတ်လိုက်နာပြီး အမိန့်ပေးရင် ကိုယ်မေကိုယ်တောင် ပြန်Lုိးမဲ့… သင်ညာတတ် စိန်အေးကျောင်းဆင်း စစ်ခွေးတွေလို ကိုယ်ပိုင်အတွေးအခေါ် မရှိတဲ့သူတွေမဟုတ်ဘူး။


မအလနဲ့တပ်လော်ဘီတွေပြောသလို….. တောထဲမှာပဲ ဘဝဆုံးရအောင်…. ယနေ့ ခြင်းကြားတပ်ကြီးရဲ့အစွမ်းကို မသိတာမှ မဟုတ်တာ။

အရေးတော်ပုံကြီးပြီးလို့ ဖက်ဒရယ်တပ်မတော်ပေါ်လာတဲ့အခါ… တကယ်လိုအပ်လို့ ဆက်ပြီး တာဝန်ထမ်းဆောင်ရမယ်ဆိုလည်း အသင့်ပဲ။

သို့သော်… သူ့အိုးနဲ့သူ့ဆန်က ပြည့်ပြီးသားမို့…. လိုအပ်မည် မထင်။





သေခြာတာက…. ခများတို့ပြောသလို..ခများတို့ ဝါဒဖြန့်နေသလို…. သူပုန်အဖြစ်နဲ့ ဆိုတာကတော့ လုံးဝ ဖြစ်လာဖို့မရှိ။

ဘာလို့ဆို…. မအလစစ်တပ်ဆိုတာက…. လက်နက်မရှိတဲ့ပြည်သူကိုသာလျှင် အနိုင်ကျင့်စော်ကားရဲပြီး… လက်နက်ရှိသူဆိုရင် အချိန်မရွေး အဖေခေါ်ဖို့ ဝန်မလေးတဲ့ အဖွဲ့မို့ပါ။


အဝေးကြီးမကြည့်နဲ့… မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ AAနဲ့ထွန်းမြတ်နိုင် အဖွဲ့.. မအလတို့ဘယ်လို ဆက်ဆံနေလည်း အမြင်ပဲ။

မြန်မာနိုင်ငံမှာ ..လက်နက်ကိုင်ခြင်းက အကောင်းဆုံးစီးပွားရေးအဖြစ်ရှိလာခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။

လက်နက်ကိုင်မယ်၊အုပ်စုဖွဲ့မယ်၊ ပြီးတာနဲ့… အလင်းဝင်ဖို့ အပစ်ရပ်ဖို့ စာချုပ် ချုပ်ဖို့အတွက်… စီးပွားရေးနဲ့လုပ်ပိုင်ခွင့်တွေပေးပြီး ကမ်းလှမ်းခဲ့တာ

ဘယ် စောက်ရူးအဖွဲ့လဲ…? မိမိရဲ့ရှိနေပြီးသား အကျိုးစီးပွားကိုကာကွယ်နိုင်ရေးနဲ့ မိမိရဲ့ရာထူးအာဏာတည်မြဲအတွက်…. ဝိုင်းပြီး ချမှာဆိုးလို့

ဟိုလူ့ဖော်လံဖား၊ဒီလူ့ဖော်လံဖားလုပ်ခဲ့တဲ့အဖွဲ့က.. မအလတပ်ရဲ့အစဥ်လာဆိုတာကို… လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့သာရှိခဲ့ရာကနေ

ယနေ့ ၁၀၀ ကျော်အထိရှိလာတဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေက သက်သေပါပဲ။

အဲ့ဒီအဖွဲ့တွေဘယ်လိုဘယ်ပုံနဲ့ စီးပွားရေးတွေ ဖြစ်နေလဲ…?

(စာရှည်မှာဆိုးလို့ မရေးတော့ဘူး) မအလနဲ့စစ်တပ်လော်ဘီတွေကို သိစေချင်တာက

ဒီအရေးတော်ပုံအတွက် လိုအပ်ချက်အရ လက်နက်ကိုင်ခဲ့တဲ့သူတိုင်းဟာ

ကောက်ရိုးမီးလို ထတောက်ခဲ့တာမဟုတ်ဘူး…? အနာဂတ်အတွက် အစီစဥ်တကျ စီစဥ်ပြီးမှ… ခံယူချက်နဲ့စိတ်ဓာတ်တွေကြောင့် PDFဆိုတာ… ဖြစ်လာခဲ့တာ။

ဒါကြောင့်… မအလနဲ့စစ်အုပ်စုဘက်က ကြိုက်တဲ့ဝါဒဖြန့်.. ကြိုက်တဲ့အောက်လုံးတွေသုံးပြီး သွေးထိုး…. အသိပေးလိုက်မယ်… ဘယ်တော့မှ….. ဘယ်တော့မှ…. အရေးတော်ပုံမအောင်မြင်သ၍ နောက်ဆုတ်မသွားဘူး။

မအလနဲ့စစ်အုပ်စု အမြှစ်မပြုတ်သ၍… ဒီလူထုတော်လှန်ရေးက ဘာအကြောင်းနဲ့မှ…. နောက်ဆုတ်သွားဖို့မရှိကြောင်း အသိပေးပါရစေ။

ဘာလို့ဆို…. ဒီပွဲက ကျုပ်တို့ နိုင်ရမယ်လို့ဆုံးဖြတ်ထားလို့ပဲ။

သံပါးစပ်
















ဘယ်လိုဂုဏ်တွေရှိမယ်ဆိုပြီးသင်သမျှကြားသမျှ ခိုင်းသမျှကို ကျက်မှတ်လိုက်နာပြီး အမိန့်ပေးရင် ကိုယ်မေကိုယ်တောင် ပြန်Lိုးမဲ့… သင်ညာတတ် စိန်အေးကျောင်းဆင်း စစ်ခွေးတွေလို ကိုယ်ပိုင်အတွေးအခေါ် မရှိတဲ့သူတွေမဟုတ်ဘူး။

























သံပါးစပ်