Local News

အမေစု ကြိုပြောခဲ့သော စကားများ (သို့) ဘာကြောင့် ကြိုပြောခဲ့တာလဲ

ထရန့်လက်ထက်က ကို‌ဗစ်နဲ့ပတ်သက်ရင် WHO ကို ဖိရုံမဟုတ် ရံပုံငွေကြေးပါဖြတ်တောက်လေသမျှ ဘိုင်ဒန်လက်ထက်မှာ $,သံမထွက် ငြိမ်ပြနေတယ် မသိရင် ချီးနားနဲ့ ပေါင်းစားနေသလားထင်ရတယ်




ဒါပေမယ့် သူအားသာတဲ့ သံတမန်နည်းနဲ့ ထရန့်လိုမကြမ်းပဲ အနုနည်းနဲ့ ပညာသားပါစွာ အညှာကိုင်လိုက်လို့လားမသိဘူး ထရန့်လက်ထက်က ပေကပ်နဲ့ ဘူးခံငြင်း ချီးနားဘက်ပါနေတဲ့ WHO က ချီးနားကို ဘာကျောထောက်နောက်ခံအမာနဲ့ သို့ ဘိုင်ဒန်တို့ ဘာနဲ့ထောက်ပြီး ကိုင်ထားလို့လဲ မသိဘူး

(ချီးနားက WHO ဥက္ကဌ DG ရဲ့ အာဖရိကနိုင်ငံကို ငွေပေး ကူညီထား) DG ဥက္ကဌက လေသံမာမာနဲ့ ချီးနားကို ၀င်စစ်မယ်လို့ ရာဇသံပေးလိုက်တယ် ..အဲ့နောက် ချီးနား ပေါက်ကွဲတင်းပြီး လက်မခံပဲ ဘူးခံငြင်းတဲ့အပြင် ဒုတိယံပိ ရေကာတာ‌ဖောက်ချပြီး ဝူဟန်ရေကြီးတယ် မြန်မာပိုး ရုရှားပိုးတွေ စွတ်စွဲပြီး ပြည်တွင်း ပြန်ကူးစပ်ပြနေတယ်




နောက် US ဟာ ထရန့်လက်ထက်ကအတိုင်းပဲ မဟာမိတ်တွေ စုစည်းနေပြီး တျုတ်ကို စစ်ရေး ခြိမ်းခြောက် ဖိထားပြန်ပါတယ် ဒီတော့ တျုတ်ကလည်း ရေတပ်အသင့်ဆိုပြီး စစ်ရေးပြင်ဆင်ထားပြနေတယ် (လက်‌တွေ့မပါ မချကြပဲ)

ဒီတော့ မြင်နေရသလောက် နှစ်ဖက်လူံးစစ်ရေးမဖြစ်ဖို့ ဖိန့်နဲ့ ထိူးစစ်ဆင်နေကြပြီး သူတိူ့အကျိုးတွေပြီးမှ မြန်မာ့အရေးကို လုပ်ဆောင်ပေးမလား တွေးဆစရာပါ အကြောင်းက US ဟာ မြန်မာထက် ထိုင်၀မ် ဖိလစ်ပင်းတိူ့ကိုပဲ ပိုမိုကာဗာလုပ်ပေးနေပြီး မြန်မာကို အချိန်ဆွဲ လစ်လျုထားခြင်းဟာ

နောက်ကွယ် weather weapon စစ်ပွဲကြောင့်လည်း ဖြစ်မယ်လို့ ယူဆသလို သူနဲ့မဟာမိတ်ပြုမထားလို့ရယ် ချီးနားနဲ့ ရင်‌ဆိုင်ရမှုထက် ငွေကြေး နည်းပညာ ဓနအင်အားဘာမှမရှိတော့တဲ့ နိုင်ငံဖြစ်နေလို့ပါပဲ




ဒီတော့ အဖြေက ရှင်းတယ်ဗျ

– UN သာ မှန်ကန်တဲ့ အဖွဲ့စည်းဆိုရင်

– US သာ တျုတ်ကို စစ်ရေး နိုင်ငံရေးအရအောင်မြင်ချင်ရင်

– US အထူးသဖြင့် ဒီမိုကရက်ဘိုင်ဒန်တို့သာ အမှန်တကယ် ဒီမိူကရေစီ စနစ်ကို ပိုမိုထွန်းကားကျယ်ပြန့်စေချင်ရင်




မြန်မာ့အရေးကို ပိုမိုအလေးထားရုံမက တန်ဖိူးထားပြီး လုပ်ဆောင်ပေးမှာ အသေချာပါဟု အကြောင်းက ယခုလို အခြေနေမှာ မြန်မာ့အရေးသာ သေချာလုပ်ပေးလို့ အောင်မြင်ရင် US ဟာ တျုတ်ကို နိုင်ငံရေး အရ အသာစီး ရရုံမက စစ်ရေးနဲ့ပါ

(စကစအား စစ်ရေးနဲ့ဖြုတ်ချကူညီပေးရင် တျုတ်တပ်တွေ ၀င်မလာနိုင်ပါ) ဟန့်တား ထိန်းချုပ်နိုင်စွမ်းကိူ ရရှိမှာဆိုတာ နိုင်ငံရေး ပညာရှင်တိုင်း အလွယ်တကူ သိနေတဲ့ ပုစ္ဆာဖြစ်သည့်အတွက်ဒါကို ဘာကြောင့် မလုပ်သလဲ တွေးဆကြည့်တော့




– သူနဲ့ မဟာမိတ်ပြုမထားလို့

– နည်းပညာ ဓနအင်အားရှိ နိုင်ငံမဟုတ်လို့

– တျုတ်အတွက် စစ်ရေးအားသာသည့် နယ်မြေနိုင်ငံဖြစ်နေသော်လည်း

– US အတွက် ထိုင်၀မ် ဖလိပင်းနဲ့ စင်ကာပူ ထိုင်းတို့ရှိနေသည့်အတွက် သိပ်မလိုအပ်ခြင်း ဖြစ်နေသည့်အတွက်




ယခု အရေးကို သိပ်စိတ်၀င်စားပြီး ကူညီဖေးမမှု မရှိသည်ကို လေပဲပစ် မကောင်းတတ်လို့ A4တွေ ဖြုန်းပြနေသည်ကိုသာ တွေ့ရလေသည် ..ဒီတော့ သာမန်ကြည့်ရင်တော့ US ဟာ တျုတ်ကို ကြောက်ဟန်ဖြစ်နေပေမယ့် နှစ်ယောက်လူံးရဲ့ ကစားကွက်မှာ မြန်မာဟာ ကြားညှပ်နေပြီး UN ဒိုင်က ရူးချင်ယောင်ဆောင်နေသည်ဆိုတာ တွေးကြည့်ရင် ပြည်သူသာ အဓိကနဲ့ ကိုယ့်အားကိုယ်ကိုး D Day စသင့်ပြီဖြစ်ကြောင်း အသိပေးရင်း




အမေစု စကားလေးအား ပြန်ကြားယောင်နေမိပါသည်ဟု ဒါက ဘာလဲဆိုရင်

” အကောင်းဆူံးတွေ ရရှိဖို့ အဆိုးဆုံးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပြည်သူသာ အဓိက ” ဆိုတာ ခုမှ ဘာကြောင့် သူ ကြိုပြောခဲ့သလဲ မှန်နေပါ့လားဆိုတာ လက်တွေ့ သိမြင် ခံစားလာရပြီ ဖြစ်ကြောင်း အသိပေးရင်း အရေးတော်ပုံအောင်မြင်ဖို့ မိမိဘာသာ ကြိုးစား အားကိုး ရုန်းထွက်ကြပါစို့ဟု !!

မင်းကြည် ညိုနေ 🕊️