Local News

မန္တလေးမှာ အပြင်ထွက်သူတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်စစ်ဆေး

ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ မန္တလေးမြို့ နေရာအနှံ့အပြားမှာ စစ်ကောင်စီ ယူနီဖောင်းဝတ် စစ်သားတွေက လမ်းတွေကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို နယ်ကျော်ကတ်မပါရင် သွားခွင့်မပြုဘဲ ဒဏ်ရိုက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်း-မန္တလေးလမ်း၊ သိပ္ပံလမ်း ၆၈ လမ်း၊ မနော်ဟရီ ၄၉ လမ်း၊ မင်းကြီးရန်နောင်လမ်း (၁၂၀) စတဲ့ လမ်းတွေပေါ်မှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။မနက်က ဈေးဝယ်သွားတာကို မရဘူး နယ်ကျော်ကတ်ပါလား အတင်းစစ်တယ် လို့ မန္တလေးမြို့က ဒေသခံတစ်ယောက်ကပြောပါတယ်။

“ မြို့နယ်တစ်ခုနဲ့ တစ်ခု နယ်ကျော်ကတ်ကို အုပ်ချုပ်ရေးရုံးကို သွားလုပ်ရတော့ မလုပ်ချင်ကြဘူး၊ သွားလုပ်ရင်လည်း လူတအားများတော့ ကိုဗစ်ကူးမှာ စိုးရတယ်။ သူတို့က ဒီနေ့ တအားစစ်နေတယ်။ နယ်ကျော်ကတ်မပါရင် ဒဏ်ငွေ ၅၀၀၀ ဆောင်ရတယ်။ မနက်ကတော့ အစောကြီးလည်းဖြစ်နေတော့ ဒီနားတင် ဈေးဝယ်လာတာပါ ပြောခဲ့ရတယ် ”

မန္တလေး ခုနစ်မြို့နယ်ကို နေအိမ်မှာတင်နေထိုင်ရေး Stay At Home သတ်မှတ်ထားလို့ အကြောင်းမရှိရင် အပြင်မထွက်ဖို့၊ ထွက်ခဲ့ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး စစ်ကောင်စီယာဉ်တန်းနဲ့ လှည့်လည် ကြေညာနေတယ်လို့လည်း မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။

ယခင်ရက်တွေကလည်း စစ်ကောင်စီအဖွဲ့တွေဟာ အခုလို စစ်ဆေးတာတွေ လုပ်နေပေမယ့် ဒီကနေ့မှာ ပိုမိုတင်းကျပ်ပြီး မနက်အစောပိုင်းကတည်းက စစ်ဆေးတာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

———————–

ဒီကေန႔ ၾသဂုတ္လ ၃ ရက္ေန႔ မႏၲေလးၿမိဳ႕ ေနရာအႏွံ႔အျပားမွာ စစ္ေကာင္စီ ယူနီေဖာင္းဝတ္ စစ္သားေတြက လမ္းေတြကိုပိတ္ၿပီး လမ္းသြားလမ္းလာေတြကို နယ္ေက်ာ္ကတ္မပါရင္ သြားခြင့္မျပဳဘဲ ဒဏ္႐ိုက္ စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္း-မႏၲေလးလမ္း၊ သိပၸံလမ္း ၆၈ လမ္း၊ မေနာ္ဟရီ ၄၉ လမ္း၊ မင္းႀကီးရန္ေနာင္လမ္း (၁၂၀) စတဲ့ လမ္းေတြေပၚမွာ စစ္ေဆးေနတာ ျဖစ္ပါတယ္။မနက္က ေဈးဝယ္သြားတာကို မရဘူး နယ္ေက်ာ္ကတ္ပါလား အတင္းစစ္တယ္ လို႔ မႏၲေလးၿမိဳ႕က ေဒသခံတစ္ေယာက္ကေျပာပါတယ္။

“ ၿမိဳ႕နယ္တစ္ခုနဲ႔ တစ္ခု နယ္ေက်ာ္ကတ္ကို အုပ္ခ်ဳပ္ေရး႐ုံးကို သြားလုပ္ရေတာ့ မလုပ္ခ်င္ၾကဘူး၊ သြားလုပ္ရင္လည္း လူတအားမ်ားေတာ့ ကိုဗစ္ကူးမွာ စိုးရတယ္။ သူတို႔က ဒီေန႔ တအားစစ္ေနတယ္။ နယ္ေက်ာ္ကတ္မပါရင္ ဒဏ္ေငြ ၅၀၀၀ ေဆာင္ရတယ္။ မနက္ကေတာ့ အေစာႀကီးလည္းျဖစ္ေနေတာ့ ဒီနားတင္ ေဈးဝယ္လာတာပါ ေျပာခဲ့ရတယ္ ”

မႏၲေလး ခုနစ္ၿမိဳ႕နယ္ကို ေနအိမ္မွာတင္ေနထိုင္ေရး Stay At Home သတ္မွတ္ထားလို႔ အေၾကာင္းမရွိရင္ အျပင္မထြက္ဖို႔၊ ထြက္ခဲ့ရင္ ဥပေဒအရ အေရးယူမယ္ဆိုၿပီး စစ္ေကာင္စီယာဥ္တန္းနဲ႔ လွည့္လည္ ေၾကညာေနတယ္လို႔လည္း မႏၲေလးၿမိဳ႕က ေဒသခံေတြက ေျပာပါတယ္။

ယခင္ရက္ေတြကလည္း စစ္ေကာင္စီအဖြဲ႕ေတြဟာ အခုလို စစ္ေဆးတာေတြ လုပ္ေနေပမယ့္ ဒီကေန႔မွာ ပိုမိုတင္းက်ပ္ၿပီး မနက္အေစာပိုင္းကတည္းက စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြက ေျပာပါတယ္။