Local News

မန္တလေးသပိတ်ကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူလို့ သတင်းထွက်နေတဲ့ ရဲမှူးချုပ်ဝင်းထွန်း ဇနီး ဒေါ်မေသန်းနွဲ့ သေဆုံး

မန္တလေးသပိတ်ကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူလို့ သတင်းထွက်နေတဲ့ ရဲမှူးချုပ်ဝင်းထွန်း ဇနီး ဒေါ်မေသန်းနွဲ့ သေဆုံး

မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူလို့ သတင်းထွက်နေတဲ့ ရဲမှူးချုပ်ဝင်းထွန်းရဲ့ ဇနီးဖြစ်သူ ဒေါ်မေသန်းနွဲ့ဟာ ကိုဗစ်ရောဂါနဲ့ မနေ့က ဩဂုတ်လ ၁ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ရဲမှူးချုပ်ဝင်းထွန်းဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ရဲရေးဌာနကြီးက ရဲရေးချုပ်၊ ရဲမှူးချုပ်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းခဲ့တဲ့ မန္တလေးသပိတ်တွေကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားကြတာကို တွေ့ရပါတယ်။

ရဲရေးချုပ်ဝင်းထွန်းရဲ့ ချစ်လှစွာသောဇနီးဖြစ်သူ ဒေါ်မေသန်းနွဲ့ (၆၁) နှစ်ဟာ ဩဂုတ်လ ၁ ရက်နေ့ မနက် ၉ နာရီမှာ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ သေဆုံးသွားကြောင်းကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာ ဒီကနေ့ ထည့်သွင်းဖော်ပြထားပါတယ်။

—————————-

မႏၱေလးသပိတ္ကို ၿဖိဳခြင္းဖို႔ အမိန႔္ေပးခဲ့သူလို႔ သတင္းထြက္ေနတဲ့ ရဲမႉးခ်ဳပ္ဝင္းထြန္း ဇနီး ေဒၚေမသန္းႏြဲ႕ ေသဆုံး

မဇၩိမ

မႏၱေလးၿမိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္ေတြကို ၿဖိဳခြင္းဖို႔ အမိန႔္ေပးခဲ့သူလို႔ သတင္းထြက္ေနတဲ့ ရဲမႉးခ်ဳပ္ဝင္းထြန္းရဲ႕ ဇနီးျဖစ္သူ ေဒၚေမသန္းႏြဲ႕ဟာ ကိုဗစ္ေရာဂါနဲ႕ မေန႕က ဩဂုတ္လ ၁ ရက္ေန႕မွာ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

 

ရဲမႉးခ်ဳပ္ဝင္းထြန္းဟာ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ ရဲေရးဌာနႀကီးက ရဲေရးခ်ဳပ္၊ ရဲမႉးခ်ဳပ္တစ္ဦးျဖစ္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး အားေကာင္းခဲ့တဲ့ မႏၱေလးသပိတ္ေတြကို ၿဖိဳခြင္းဖို႔ အမိန႔္ေပးခဲ့သူလို႔ လူမႈကြန္ရက္ေပၚမွာ ေရးသားေဖာ္ျပထားၾကတာကို ေတြ႕ရပါတယ္။

ရဲေရးခ်ဳပ္ဝင္းထြန္းရဲ႕ ခ်စ္လွစြာေသာဇနီးျဖစ္သူ ေဒၚေမသန္းႏြဲ႕ (၆၁) ႏွစ္ဟာ ဩဂုတ္လ ၁ ရက္ေန႕ မနက္ ၉ နာရီမွာ ေနျပည္ေတာ္ ကုတင္ (၁၀၀၀) ေဆး႐ုံမွာ ေသဆုံးသြားေၾကာင္းကို ျမန္မာ့အလင္းနဲ႕ ေၾကးမုံသတင္းစာမွာ ဒီကေန႕ ထည့္သြင္းေဖာ္ျပထားပါတယ္။