Local News

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော် (MNDF )ဖွဲ့စည်းလိုက်ပါပြီ

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်-MNDF ကို ဩဂုတ်လ ၂ရက်မှာ ဖွဲ့စည်းပြီးစီးပြီး ဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်ဟာ မြန်မာပြည်အနှံ့အပြားရှိ မြို့ပြပြောက်ကျား (PDF) တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းဖို့နဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့ ဖွဲ့စည်းထားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လမ်းစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်း ရပ်တည်သွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အစ္စာအဓိဋ္ဌာန် ၄ ချက်နဲ့ အညီ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ လက်ပါးစေတွေကို အသက်ပေး၍ အမြစ်ပြတ်ချေမှုန်းဖို့ ကတိသစ္စာပြုကြောင်း ရေးသားထားထားပါတယ်။

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော် ချမှတ်ထားတဲ့ လုပ်ဆောင်ချက် ရည်မှန်းချက်ထဲ မှာတော့ ပြည်သူတွေရဲ့ သဘောထားမှန်နဲ့ ဖွဲ့စည်းထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ဖို့၊

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မိမိအကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်တဲ့ အာဏာရှင်စနစ် လုံးဝ ပပျောက်ဖို့နဲ့ ပြည်ထောင်စုတွင်းဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ အပြီးသတ်ပပျောက်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ရည်တည်နိုင်ရေး ရည်မှန်းထားကြောင်း ဖော်ပြထားပါတယ်။

———————–

ျမန္မာအမ်ိဳးသားကာကြယ္ေရးတပ္မေတာ္-MNDF ကို ဩဂုတ္လ ၂ရက္မွာ ဖြဲ႕စည္းၿပီးစီးၿပီး ျဖစ္ေၾကာင္း အဖြဲ႕က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ျမန္မာအမ်ိဳးသားကာကြယ္ေရးတပ္မေတာ္ဟာ ျမန္မာျပည္အႏွံ႔အျပားရွိ ၿမိဳ႕ျပေျပာက္က်ား (PDF) ေတြနဲ႔ ပူးေပါင္းဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္းျဖစ္ၿပီး ႏိုင္ငံေတာ္အာဏာကို မတရား သိမ္းယူထားတဲ့ စစ္ေကာင္စီကို အျမစ္ျဖတ္ ေခ်မႈန္းဖို႔နဲ႔ ဖယ္ဒရယ္ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ေတြကို အေထာက္အကူျပဳဖို႔ ဖြဲ႕စည္းထားတာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ျမန္မာအမ်ိဳးသားကာကြယ္ေရးတပ္မေတာ္အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)ရဲ႕ လမ္းစဥ္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ၿပီး ျပည္သူေတြနဲ႔အတူ ပူးေပါင္း ရပ္တည္သြားမွာ ျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

ဒါ့အျပင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) ရဲ႕ အစၥာအဓိ႒ာန္ ၄ ခ်က္နဲ႔ အညီ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္းကို ကာကြယ္ေစာင့္ေရွာက္ၿပီး စစ္အာဏာရွင္ေတြနဲ႔ သူတို႔ရဲ႕ လက္ပါးေစေတြကို အသက္ေပး၍ အျမစ္ျပတ္ေခ်မႈန္းဖို႔ ကတိသစၥာျပဳေၾကာင္း ေရးသားထားထားပါတယ္။

ျမန္မာအမ်ိဳးသားကာကြယ္ေရးတပ္မေတာ္ ခ်မွတ္ထားတဲ့ လုပ္ေဆာင္ခ်က္ ရည္မွန္းခ်က္ထဲ မွာေတာ့ ျပည္သူေတြရဲ႕ သေဘာထားမွန္နဲ႔ ဖြဲ႕စည္းထားၿပီး စစ္မွန္တဲ့ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ ေပၚေပါက္ဖို႔၊

ျပည္သူ႔ဆႏၵကို ဆန႔္က်င္ၿပီး မိမိအက်ိဳးစီးပြားကိုသာ ဦးစားေပးေဆာင္႐ြက္တဲ့ အာဏာရွင္စနစ္ လုံးဝ ပေပ်ာက္ဖို႔နဲ႔ ျပည္ေထာင္စုတြင္းျဖစ္ေပၚေနတဲ့ ျပည္တြင္းစစ္ပြဲေတြ အၿပီးသတ္ပေပ်ာက္ၿပီး ျပည္ေထာင္စုတိုင္းရင္းသားအားလုံး ၿငိမ္းခ်မ္းစြာ ရည္တည္ႏိုင္ေရး ရည္မွန္းထားေၾကာင္း ေဖာ္ျပထားပါတယ္။