Local News

လွှတ်ပေးရဲတဲ့ထဲမှာ ကိုမြအေးမပါဘူး… ဘာဖြစ်လို့လဲ….


လွှတ်ပေးရဲတဲ့ထဲမှာ ကိုမြအေးမပါဘူး… ဘာဖြစ်လို့လဲ….

မယှဉ်ရဲလို့ကြောက်စိတ်နဲ့ဖမ်းပြီးပုဒ်မတစ်ခုတပ်လိုက်တယ်။

ကိုမြအေးကို ဘာအပြစ်ရှိလို့ အရင်ဦးဆုံးဖမ်းရတာလဲ?။ အကြောင်းပြစရာမရှိတော့ နှစ်ပေါင်းများစွာက E-mailအကြောင်းပြပြီး ပုဒ်မတပ်ထားလိုက်တယ်။





ဒီအချိန်မျိုး ကိုမြအေးတစ်ယောက် အပြင်မှာရှိရင်ဖက်ဒရယ်ရေးအတွက် တိုင်းရင်းသားတွေနဲ့ အများကြီးအလုပ်တွေလုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်။ကိုမြအေးက NLD ဝန်ကြီးလည်းမဟုတ် ၊ လွှတ်တော်အမတ်လည်း မဟုတ်သလို NLD ပါတီဝင်လည်း မဟုတ်ဘူး။


နေရာအတွက်မျှော်ကိုးပြီးအလုပ်မလုပ်သလိုနေရာမယူခဲ့ဘူး။အမှန်တရားပေါ်မှာ ရဲရံဝံ့ဝံ့ရပ်တည်တယ်။ မတရားမှုကို ရွံရှာတယ်။ ပြတ်ပြတ်သားသား ဝေဖန်တယ်။

သတ္တိရှိရှိ ဘွင်းဘွင်းပြောတယ်။Debateတွေမှာ ပြောင်ပြောင်မြောက်မြောက် အင်နဲ့အားနဲ့ ချေပပြောဆိုတယ်။





ကိုယ်ကျိုးစီးပွားအတွက် ဘာကိုမျှ ၊ ဘယ်သူ့ကိုမျှဘယ်အဖွဲ့အစည်းအမည်ကိုမျှ ခုတုံးလုပ်အသုံးမချဘူး။လူသားအကျိုးပြုလုပ်ငန်းတွေ ကိုယ်ဖိရင်ဖိ မနားမနေ ကြိုးကြိုးစားစားလုပ်တယ်။

လူမျိုးစွဲ၊ ဘာသာစွဲ လုံးဝ ကင်းရှင်းတယ်။


လူကြီး၊ လူငယ်အားလုံးနဲ့ တလေးတစားဆက်ဆံတယ်။ အထူးသဖြင့် တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး အားသွန်ခွန်စိုက် လုပ်တယ်။ ကိုမြအေးနဲ့ လက်တွဲမိသလောက် ကိုမြအေးအကြောင်း ပြောရင် မကုန်နိုင်ဘူး။





အဲဒီတော့ ကိုမြအေးကို ဘာလို့ အရင်ဦးဆုံးဖမ်းလဲဆိုရင် သေချာတာ တစ်ခုတော့ရှိတယ်။အာဏာရှင်ဟာ မယှဉ်ရဲဘူး။ သူတို့ကြောက်တယ်။ မယှဉ်ရဲလို့ကြောက်စိတ်နဲ့ ဖမ်းပြီး ပုဒ်မတစ်ခုတပ်လိုက်တယ်။
ရှင်းရှင်းလေးပဲ။

ကိုမြအေး အမြန်ဆုံးလွတ်မြောက်ပါစေ။

Credit ~Orginal Uploader