Local News

စင်္ကာပူက မြန်မာသို့ အကူအညီအတွက် ကန်ဒေါ်လာ ၁ သိန်း ထည့်ဝင်မည်

အာဆီယံက ျမန္မာကိုေပးမည့္ လူသားျခင္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕သို႔ စကၤာပူက အေမရိကန္ေဒၚလာ ၁၀၀,၀၀၀ ကို လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ေဒသတြင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ ဗီဗီယံ ဘလာခရစ္နန္ (Dr. Vivian Balakrishnan) က တနလၤာေန႔ (ဩဂုတ္ ၂) တြင္ ေျပာခဲ့သည္။

“ကြၽန္ေတာ္တို႔ ျမန္မာ့အေရးကိုေဆြးေႏြးခဲ့ပါတယ္။ စိုးရိမ္ပူပန္မႈေတြေတာ့ က်န္ရွိေနဆဲပါ။ ၂၀၂၁ ခုႏွစ္၊ ဧၿပီ ၂၄ က ျမန္မာ့အေရးအာဆီယံထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာစစ္ေခါင္းေဆာင္နဲ႔ရယူခဲ့တဲ့ အာဆီယံ ဘုံ သေဘာတူညီခ်က္ ၅ ရပ္ ကို လ်င္လ်င္ျမန္ျမန္နဲ႔ထိထိေရာက္ေရာက္ အေကာင္အထည္ေဖၚေပးဖို႔ကိုလည္း ကြၽန္ေတာ္တို႔ ေတာင္းဆိုခဲ့ပါတယ္” ဟု စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏႐ုပ္သံအစည္းအေဝးတက္ေရာက္ၿပီးေနာက္ ၎၏ fb စာမ်က္ႏွာတြင္ေရးသားခဲ့သည္။

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ငါးခ်က္မွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန႔္ရန္၊ ျမန္မာ ျပည္သူေတြရဲ႕ အက်ိဳးအတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာေရးအတြက္ သက္ဆိုင္ရာအင္အားစု အဖြဲ႕အစည္းအားလုံးနဲ႔ အျပဳသေဘာ ေတြ႕ဆုံေဆြးေႏြးရန္၊

ဒီေဆြးေႏြးမႈေတြ ျဖစ္ေပၚေရးအတြက္ အာဆီယံအသင္းဥကၠ႒ရဲ႕ အထူးသံတမန္က ၾကားဝင္ကူညီေပးရန္၊ လူသားခ်င္းစာနာမႈ အကူအညီေတြကို အာဆီယံကေပးရန္ႏွင့္ အာဆီယံအထူးသံတမန္ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံကို လာၿပီး ႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ားတြင္ သက္ဆိုင္တဲ့ အင္အားစု အဖြဲ႕အစည္းအားလုံးနဲ႔ ေတြ႕ဆုံရန္တို႔ ပါဝင္သည္။

———————

အာဆီယံက မြန်မာကိုပေးမည့် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့သို့ စင်္ကာပူက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒေသတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယံ ဘလာခရစ်နန် (Dr. Vivian Balakrishnan) က တနင်္လာနေ့ (ဩဂုတ် ၂) တွင် ပြောခဲ့သည်။

“ကျွန်တော်တို့ မြန်မာ့အရေးကိုဆွေးနွေးခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုတွေတော့ ကျန်ရှိနေဆဲပါ။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ က မြန်မာ့အရေးအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်နဲ့ရယူခဲ့တဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ် ကို လျင်လျင်မြန်မြန်နဲ့ထိထိရောက်ရောက် အကောင်အထည်ဖေါ်ပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ရုပ်သံအစည်းအဝေးတက်ရောက်ပြီးနောက် ၎င်း၏ fb စာမျက်နှာတွင်ရေးသားခဲ့သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရန်၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရန်၊

ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးရန်၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံကပေးရန်နှင့် အာဆီယံအထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာပြီး နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများတွင် သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရန်တို့ ပါဝင်သည်။