Local News

သာကောတို့ ကိုယ့်အတက် ကိုယ်စူးနေရော့သလား ( ကိုမြင့်နိုင်ကြီးနဲ့ တရုတ်လည်း ပျားတုပ်နေပါပြီ )

တရုတ်လည်း ပျားတုပ်နေပါပြီ။




ဒီနေ့ ဝူဟန်မှာ လူ ၁၁ သန်းကို အကုန်စစစ်ပါမယ်တဲ့။ တနင်္ဂနွေနေ့ကလည်း ရန်ကျိုးကို Lockdown ချပြီး အကုန်လိုက်စစ်နေတယ်။ ရှေ့မှာလည်း ခုတစ်ခေါက် ကူးစက်ရာအစဖြစ်တဲ့ နန်ကျင်းကိုလည်း ပိတ်စစ်ပြီးပြီ။

ထို့အတူ ဘေဂျင်းတို့ ဘာတို့မှာလည်း တွေ့ရာဒေသတွေ ပိတ်စစ်တာမျိုး စတဲ့ တရုတ်ပြည်အနှံ့ မြို့တွေကို Lockdown ချ စစ်နေရပါပြီ။ အခုစစ်နှုန်းက ၃ ရက်ကို လူဦးရေ ၁၈ သန်း စစ်တယ်ဆိုတော့ တစ်ရက် ၆ သန်းလောက် စစ်နေတာပါ။




ဒီပမာဏက တရုတ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် အလွန်နည်းပါးတဲ့ ပမာဏပါ။ သူ့လူဦးရေ သန်း ၁၄၀၀ ကျော်အတွက်ဆိုရင် ၈ လလောက် စစ်ရမယ့်ပမာဏ ဖြစ်နေတယ်။

ထို့အတူ ကာကွယ်ဆေးကိုလည်း တစ်နေ့ကို သန်း ၂၀ နှုန်းလောက်နဲ့ တရကြမ်းထိုးနေတာ ခုဆို သန်း ၁၆၀၀ ကျော်ပမာဏ ထိုးပြီးသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။




ဒါပေမယ့် တရုတ်ဆေးက လက်ရှိ အိန္ဒိယမျိုးပြောင်း Delta ကို မနိုင်ဘူးဆိုတာ ကျယ်ကျယ်လောင်လောင် အသံထွက်လာသလို မြေပြင်ကူးစက်မှုတွေကလည်း အတင်းလိုက်ထိန်းချုပ်နေပေမယ့်

မထိန်းသိမ်းနိုင်ဘဲ နေ့စဉ်ကူးစက်မှုက ၁၀၀ နားထိ ကပ်လာသလို ၂၂ ပြည်နယ်ရှိရာမှာ ၁၈ ပြည်နယ်ကို ကူးစက်မှုတွေ ပျံ့နှံ့နေပါပြီ။




ထို့အတူ တရုတ်တစ်ပြည်လုံးနီးပါးကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်တာ၊ တချို့ဒေသတွေကို Lockdown ချတာတွေ

လုပ်ဆောင်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

ဘယ်လိုပင် ငွေအင်အား၊ လူအင်အားသုံးထိန်းချုပ်နေပေမယ့် တစ်နိုင်ငံလုံးအနှံ့ ပြည်တွင်းကူးစက်မှုတွေက ပျံ့နှံ့နေဆဲပါ။




လက်ရှိ တရုတ်စစ်ဆေးနှုန်း တစ်နေ့ လူဦးရေ ၆ သန်း ဆိုတဲ့ပမာဏဟာ အခုကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထားပြနေပါတယ်။

ဒီတော့ သူတို့ပြည်တွင်းကျွမ်းကျင်သူတွေ သုံးသပ်ချက်အရဆိုရင် လက်ရှိစစ်ဆေးနှုန်းကို ၇ ဆဝန်းကျင် တစ်နေ့ လူဦးရေ သန်း ၄၀ နီးပါး စစ်ဆေးပေးနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။ ဒီပမာဏက ဘယ်လိုမှမဖြစ်နိုင်တဲ့ ပမာဏပါ။




နောက်ပြီး ကာကွယ်ဆေးကလည်း Delta ကို မနိုင်တဲ့အတွက် ဒီတစ်ပွဲကတော့ တော်တော်လေး ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာပါပြီ။

ကျနော်ကတော့ လုံလောက်တဲ့ ကာကွယ်ဆေးနည်းပညာ၊ ဆေးဝါးအရင်းအမြစ်၊ ကျန်းမာရေးဝန်ထမ်းအင်အားမရှိတဲ့ တရုတ် ဒီတစ်ချီတော့ မှောက်ပြီထင်တာပဲ။

နိုင်ငံလုံးကျွတ် လနဲ့ချီ Lockdown ချရမလားဆိုတာ စောင့်ကြည့်ဖို့ပဲလိုတော့တယ်။

Credit : AungPhyoeKyaw.