Local News

ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပမှာကို ကြံ့ခိုင်ရေးနဲ့ ၂၈ ပါတီ ကြိုဆိုကြောင်း ကြေညာ

အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲအသစ်ကို ကြိုဆိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ၂၈ ခုက ဩဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

“စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကတိပြုချက်တွေကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်” လို့ ပူးတွဲ ၂၈ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းကြောင်း အာဏာသိမ်းစစ်ကောင်စီခန့် ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်က ဇူလိုင်လ ၂၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲအသစ်ကို ကြိုဆိုကြောင်း ထုတ်ပြန်တဲ့ ပါတီတွေအနက် ဒုတိယမဲဆန္ဒနယ်အများစု အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကလွဲရင် ကျန်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ တစ်နေရာမှ အနိုင်မရခဲ့တဲ့ ပါတီအများစု ဖြစ်ပါတယ်။

စစ်အာဏာသိမ်း ခြောက်လအကြာ ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က လာမယ့် ၂၀၂၃ ခုနှစ်အထိ အာဏာဆက်သိမ်းပြီး ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာခဲ့သလို အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်းလည်း ကြေညာခဲ့ပါတယ်။

ကိုယ်လိုချင်တဲ့ ရွေးကောက်ပွဲ ရလာဒ် မရမချင်း ရွေးကောက်ပွဲရလာဒ်တစ်ခုလုံးကို ဖျက်သိမ်းပြီး အသစ်ကျင်းပတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ တချို့က ဝေဖန်ထားကြပါတယ်။

—————————–

အာဏာသိမ္း စစ္ေကာင္စီက ျပန္လည္က်င္းပေပးမယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲအသစ္ကို ႀကိဳဆိုေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ (USDP) အပါအဝင္ ႏိုင္ငံေရးပါတီ ၂၈ ခုက ဩဂုတ္လ ၄ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာထားပါတယ္။

“စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ တည္ေဆာက္ေရးအတြက္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲကို မျဖစ္မေနလုပ္မယ္ဟူေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ကတိျပဳခ်က္ေတြကို ဝမ္းေျမာက္စြာ ႀကိဳဆိုပါသည္” လို႔ ပူးတြဲ ၂၈ ပါတီရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရားမွ်တမႈမရွိဘူးဆိုၿပီး ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲရလာဒ္ကို ဖ်က္သိမ္းေၾကာင္း အာဏာသိမ္းစစ္ေကာင္စီခန႔္ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္ မရွင္က ဇူလိုင္လ ၂၆ ရက္ေန႔က ေၾကညာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲအသစ္ကို ႀကိဳဆိုေၾကာင္း ထုတ္ျပန္တဲ့ ပါတီေတြအနက္ ဒုတိယမဲဆႏၵနယ္အမ်ားစု အႏိုင္ရခဲ့တဲ့ ႀကံ့ခိုင္ေရးပါတီကလြဲရင္ က်န္ပါတီေတြဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေနရာ တစ္ေနရာမွ အႏိုင္မရခဲ့တဲ့ ပါတီအမ်ားစု ျဖစ္ပါတယ္။

စစ္အာဏာသိမ္း ေျခာက္လအၾကာ ဩဂုတ္လ ၁ ရက္ေန႔မွာ စစ္ေကာင္စီဥကၠ႒ မင္းေအာင္လႈိင္က လာမယ့္ ၂၀၂၃ ခုႏွစ္အထိ အာဏာဆက္သိမ္းၿပီး ေ႐ြးေကာက္ပြဲျပန္လုပ္မယ္လို႔ ေၾကညာခဲ့သလို အိမ္ေစာင့္အစိုးရအဖြဲ႕ ျပင္ဆင္ဖြဲ႕စည္းေၾကာင္းလည္း ေၾကညာခဲ့ပါတယ္။

ကိုယ္လိုခ်င္တဲ့ ေ႐ြးေကာက္ပြဲ ရလာဒ္ မရမခ်င္း ေ႐ြးေကာက္ပြဲရလာဒ္တစ္ခုလုံးကို ဖ်က္သိမ္းၿပီး အသစ္က်င္းပတာဟာ ေကာင္းမြန္တဲ့ လုပ္ရပ္မဟုတ္ဘူးလို႔ အႏိုင္ရ တိုင္းရင္းသားႏိုင္ငံေရးပါတီ တခ်ိဳ႕က ေဝဖန္ထားၾကပါတယ္။