Local News

တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း – 5.8.2021 မှ 11.8.2021 အထိ

တနင်္ဂနွေ

မိမိအတွက်တွေဝေဒွိဟဖြစ်စရာများ ၊ဆုံးဖြတ်ရခက်စရာများကြုံရတတ်ပါတယ်။ ခရီးတွေလဲသွားရတတ် ပါတယ်။ မိမိကို လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲနေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာ ရဲရဲရှေ့တိုးဆောင်ရွက်ပါ။ သားသမီးရှိရင်လဲ ဆိုဆုံးမရခက်နေပါလိမ့်မယ်။ မိမိအနေနဲ့ အေးအေးဆေးဆေးပဲပြောဆိုဆုံးမပေးပါ။စိတ်လိုက် မာန်ပါမလုပ်ပါနဲ့။ အိမ်တွင်းရေးအနေနဲ့က အမွေကိစ္စနဲ့ပတ်သက်ပြီး ပြဿနာပေါ်ရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ လဲ ပြန်လည်ဆုံဆည်းရမှာပါ။

တရားဘာဝနာအားထုတ်နေတဲ့သူတွေအနေနဲ့လဲ တရားထူးရလာပါ လိမ့် မယ်။ လူမှုရေးကံအထူးကောင်းမွန်နေမဲ့အချိန်ပါပဲ။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက်အခဲပြဿနာများ ရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့်ဒုက္ခရောက်တတ်သည်။ ကြားကအာမခံပေးတာမျိုးမလုပ်ပါနဲ့။ သူများငွေ ခဏ သိမ်းခိုင်းတာမျိုး ၊အဖွဲ့အစည်းကငွေတွေခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။အလုပ်ပြောင်း၊နေရာ ပြောင်း၊ ဌာနပြောင်း ၊အိမ်ပြောင်းဆိုတာမျိုးတွေလဲကြုံရတတ်ပါတယ်။

ဒီကာလထဲ ရွှေဝယ်တာမျိုး မလုပ်ပါနဲ့။ လာဘ်ပိတ်သွားတတ်လို့ပါ။သားသမီးကိစ္စအထူးပူပန်ရတတ်တယ်။ လူငယ်တွေချစ်သူရဲ့ဥပက္ခာပြုခြင်းခံရတတ်ပါ တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက်မအီမသာဖြစ်တာ ၊သွေးတိုးတာလေးလံထိုင်းမှိုင်းနေတာမျိုး ကြုံရပါလိမ့် မယ်။

အကျိုးပေးဂဏန်း -ဝ၊၇၊၆ အထူးဟော -မလုပ်ချင်မကိုင်ချင်ဖြစ်နေမည်။ ယတြာ -ပေါင်မုန်ဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

တနင်္လာ

ကံကောင်းခြင်းတွေ အလှည့်ကျလာတဲ့ ၇ရက်တာအချိန်အခါလေးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံစည် သမျှ အောင် မြင်ခြင်း၊ ပြောသမျှသြဇာညောင်းခြင်းမျိုးတွေ ကြုံရမှာပါ။အနာဂတ်အတွက် targetသစ်တွေစတင် ချမှတ်လို့ကောင်းပါပြီ။ ရေရှည်စီမံလုပ်ကိုင်ရမဲ့ အလုပ်တွေကို ယခုအချိန်စတင်ခြင်းဖြင့် ခိုင်မာတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခြေတည်လာပါလိမ့်မယ်။

အလှူအတန်းကိစ္စများ ဘာသာရေးနဲ့ ပတ်သက်သော ကိစ္စများတွင် ဝင်ရောက် လုပ်ကိုင်ပေးရတတ်တဲ့အချိန်ပါပဲ။ ရွှေငွေလက်ဝတ်ရတနာတွေလဲဝင်လာတတ်ပါတယ်။ သားသမီးရှိရင် သားသမီး ကြောင့် မိဘတွေဂုဏ်တတ်မဲ့အချိန်ပါ။လုပ်ငန်းစီးပွား အထူးကောင်းမဲ့ကာလပါ။ လုပ်ငန်းသစ်စတင်ခြင်း၊ လုပ်ငန်းချဲ့ ထွင် ခြင်းပြုလုပ်လို့ကောင်းတဲ့အချိန်ပါပဲ။ အလုပ်မှာနေရာကောင်းရလွယ်တယ်။

ရာထူးတိုးပြီး အလုပ်နေရာပြောင်း ပြီး တာဝန်ထမ်းဆောင်ရတတ်တယ်။ မိမိအားကူညီမဲ့သူတွေအနားမှာရှိမဲ့ကာလပါ။ မိမိသြဇာညောင်းမဲ့အချိန်တွေ ပေါ့။ ကောင်းသောခရီးတွေသွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါလုပ်ဖြစ်နေလိမ့်မယ်။ လူငယ် တွေ ကတော့ ချစ်သူအချင်းချင်းအထင်လွဲမဲ့ကာလပါ။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရောဝင်တတ် တဲ့အတွက် သတိထားပါ။အိမ်တွင်းမှာငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ကျနးမာရေးအညံ့ရှိပေမဲ့ အရမ်းစိုးရိမ် ဖို့မလိုသေးပါ။

အကျိုးပေးဂဏန်း-၆၊၃၊ဝ /အထူးဟော -ကံကောင်းနေမည်။ ယတြာ -ပုစွန်ဟင်းချက်ပြီး ဘုရားရှင်ကိုဆွမ်းကပ်ပါ

အင်္ဂါ

ဒီကာလဟာ ဇာတာရှင်အတွက်အကောင်းဘက်ကို အလေးသာတဲ့ ကာလပါပဲ။ စိတ်ကူးထဲမှာရောလက်တွေ့ မှာ ရော မျော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိမိနဲ့အတူတူ လုပ်ကိုင်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေက မိမိကိုအချစ်ပိုလာတတ်ပါတယ်။ အလုပ်မှာ ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးကြုံ ရပါလိမ့်မယ်။ ပုဂ္ဂိုလ်ထူး တွေရဲ့ အိပ်မက်မက်ပေးခြင်းမျိုးကြုံ ရပါက ထီထိုးလိုက်ပါ။

ငွေအစုလိုက်ဝင်မဲ့ နိမိတ်မို့ပါ။စူးစမ်းလေ့လာရမဲ့ အလုပ်များ၊ဖောက်ထွက်ပြီးလမ်းသစ်ထွင်ရမဲ့အလုပ်များအထူးကောင်းမွန်ချိန်ပါပဲ။ဘာကိစ္စကိုမှအလောတကြီးမလုပ် ဘဲ ဖြေးဖြေးမှန်မှန်လုပ်ခြင်းဖြင့် အောင်မြင်မှုတွေရယူနိုင်ပါလိမ့်မယ်။အထည်၊ထီး၊ဖိနပ်ဝင်မဲ့ကာလပါ။ အချစ်ရေး မှာစန်းပွင့်နေတဲ့အတွက် ယုန်ကမတိုး ပိုက်ကတိုးတဲ့အခြေအနေမျိုးကြုံရနိုင်ပါတယ်။ ကံကောင်းနေတာတစ်ခုက ချစ်သူကစိတ်ကောက်နေတာ၊ အထင်လွဲနေတာမျိုး ရှိရင်တော့ ဖြေရှင်းနိုင်ပါလိမ့်မယ်။

လက်စမသတ်ရသေးသော ကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင်လုပ်နိုင်မဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူများအဖို့ အလုပ် ထဲငွေထပ်မထည့်သင့်သေးတဲ့ကာလပါ။ လင်မယားချင်း အလုပ်ကိစ္စနဲ့ပတ်သက်ပြီးစကားများရမည်။ ကျန်းမာရေးကတော့ ဒီကာလထဲမှာ အနည်းငယ်ညံ့နေတယ်လို့မြင်ပါတယ်။ အိမ်ရေးမပျက်စေနဲ့။ ကိုယ်ခံအားမကျ ပါစေနဲ့။

အကျိုးပေးဂဏန်း -၃၊၂၊ဝ အထူးဟော- ပုံမှန်အတိုင်းရှေ့တိုးဆောင်ရွက်ပါ။ ယတြာ -မျက်နှာသစ်ပြီးတိုင်း အရပ်ဆယ်မျက်နှာရည်မှန်းမေတ္တာပို့ပါ

ဗုဒ္ဓဟူး၊ရာဟု

အလုပ်သစ်စတင်ခြင်း ၊ဆိုင်အသစ်စဖွင့်ခြင်း၊အိမ်အသစ်စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ကာလ ပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။အထက်လူကြီး ငြိုငြင်မယ်။ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာ ဖြစ် သွားတတ်တဲ့ကာလပါပဲ။ ဘာကြောင့်မှန်းမသိ အလိုလိုနေရင်းစိတ်ညစ်နေရတတ်ပါတယ်။ ဘာလုပ်ရမှန်းမသိဘဲ စိတ်လေနေတာမျိုးလဲဖြစ်တတ်တယ်နော်။

ဒီကာလမှာ အနေအထိုင်မဆင်ခြင်တာနဲ့ ကျန်းမာရေး ခြူ ခြာတော့ တာ ပါပဲ။ မိုးမိတာမျိုး အရမ်းပင်ပန်းအောင်အလုပ်လုပ်လိုက်တာမျိုးရှောင်စေချင်ပါတယ်။ အိပ်ရေးလဲအပျက်မခံပါ နဲ့။ မိမိမှာရှိတဲ့ စက်ပစ္စည်းတွေခဏခဏပျက်နေရလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေလဲမဝယ်ပါနဲ့။ ဒီကာလဟာ ဘာသာတရားကို လေးလေးနက်နက်လုပ်ခြင်းဖြင့်ကံကောင်းမှုတွေရှိလာမှာပါ။ အနီးကပ်လူရင်းတွေက ဒုက္ခပေးတတ်ပါ တယ်။

အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ခွဲခွာရ တတ်ပါ တယ်။ခရီးကိစ္စကြုံလာပါက သွားလိုက်ပါ။ ကံတွေမြင့်လာ ပါလိမ့် မယ်။ကျန်းမာရေးအနေနဲ့ ခေါင်းကိုက် ၊ခေါင်းမူး၊အာရုံကြောအားနည်းခြင်းတွေဖြစ်လိမ့်မယ်။ အချစ်ရေးမှာ မတင်မကျနဲ့ ဆုံးဖြတ်ရခက်ရတာမျိုးကြုံလိမ့်မယ်။ အိမ်ထောင်ရေးကတော့တစ်ယောက်ကိုတစ်ယောက် ဖေးဖေး မမနဲ့ သာယာတဲ့အိမ်ထောင်ရေးဖြစ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၃၊၆၊၅ အထူးဟော -ကံအညံ့ထဲရောက်နေသည်။ ယတြာ -ကလေးတစ်ယောက်အား ကစားစရာ အရုပ်တစ်ခုဝယ်ပေးလိုက်ပါ။

ကြာသပတေး

ဒီကာလဟာ ငွေအထွက်များနေတတ်တဲ့ကာလပါပဲ။ အိမ်အတွက် ဝယ်စရာတွေရှိတဲ့အတွက် ငွေကုန်ရခြင်း မျိုးပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးတော့ အထူးသတိထားရပါလိမ့်မည်။ လင်မယားချင်း စကားများရတတ်တဲ့ ကာလမို့ပါပဲ။ မိသားစုအတွင်းအောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်စိတ်ရှုပ်ရတတ်ပါတယ်။ ခရီးရှည်သွား ဖို့ကိစ္စများ ရှိရင်ပျက်သွားတတ်ပါတယ်။ မိမိရဲ့ အဖိုးတန်ပစ္စည်းအသုံးအဆောင်များကို လွယ်လင့်တကူမထားပါနဲ့ ။

သူခိုးခိုးခံရတတ်လို့ပါပဲ။ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့်စိတ်ဆင်းရဲရလိမ့်မယ်။ဒီကာလအတွင်းအထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေလုံးဝမစားပါနဲ့။အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ဗိုက်အောက် ၊ဗိုက်နာ ဖြစ်မည်။အချစ်ရေးကိစ္စတော့အဆင်ပြေချောမွေ့နေမဲ့ကာလပါ။ချစ်သူမရှိသေးသူများချစ်သူသစ်ရလိမ့်မယ်။

ကိုယ် ရည်မှန်းထားသူက ကိုယ့်ကိုဖွင့်ပြောလာတတ်ပါတယ်။အထူးသဖြင့်ဒီကာလမှာလုံးဝငွေမချေးပါနဲ့။ဆုံး တတ် ပါ တယ်။ ကြီးမားတဲ့ငွေကြေးမြုပ်နှံမှုတွေမလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင်ဖော်ရခက်ခဲကာလပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ် စိတ်ဆင်း ရဲရတတ်ပါတယ်။

အကျိုးပေးဂဏန်း -၅၊၄၊၈ အထူးဟော -ငွေကြေးကိုသေချာစီမံခန့်ခွဲပါ။ ယတြာ -အားတဲ့တစ်ရက်မှာအိမ်ကဘုရားကိုရေသပ္ပါယ်ခြင်း၊ဘုရားဆောင်သန့်ရှင်းရေးလုပ်ပါ

သောကြာ

မိမိကို ဒုက္ခပေးနဲ့သူတွေရှိသလို မိမိကိုကူညီမဲ့သူတွေလဲရှိမဲ့ကာလပါ။ မိမိဘက်ကမှန်အောင်နေပါ။အရာ အားလုံးဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းတွေလဲ ရလာမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ လူကြီး တွေရဲ့ အရေးပေးခြင်းမျိုးခံရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ဖောက်သည်သစ်တိုးခြင်း လုပ်ငန်းချဲ့ထွင်နိုင် ခြင်းမျိုးရှိပါလိမ့်မယ်။ ဝန်ထမ်းများ အနေနဲ့လဲ အလုပ်ထဲမှာ မိမိပြောစကားများအောင်မြင်မဲ့အချိန် ပါ။

ကံကြမ္မာ ကောင်း နိမိတ်ကောင်းတွေရမဲ့နေ့ပါပဲ။ ရေရှည်စီမံကိန်းတွေချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန်စတင်ဝင်ရောက် မဲ့သူ တွေအတွက် အကောင်းဆုံးကာလပါပဲ။စတင်တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ ကောင်းရ စေတဲ့အချိန်ပါပဲ။ စီးပွားရေး လူမှုရေးအထူးကောင်းမယ်။ လုပ်သမျှအဆင်ပြေနေမယ်။ စိတ်ချမ်းသာရ မယ်။အရမ်းရင်းနှီသူတွေရဲ့ခွဲခွာရလိမ့်မယ်။အိမ်ထောင်ရေးသာယာမှုနည်းတဲ့အချိန်ပါပဲ။

ဖခင်ကျန်းမာရေးအထူးဂရုစိုက်ရလိမ့်မယ်။ အလုပ်ထွက်ချင်စိတ်ဖြစ်နေတဲ့ဝန်ထမ်းများအဖို့ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။အချစ်ရေး မှာတော့ချစ်သူထံကအကူအညီတွေအထူးရလာတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်အားနည်းတတ်ပါတယ်။ ဦးနှောက်၊အာရုံကြောနှင့်နှလုံးအားနည်းတတ်ချိန်ပါ။

အကျိုးပေးဂဏန်း -၆၊၃၊၂ အထူးဟော အလုပ်ကံမြင့်နေသည်။ ယတြာ ကန်စွန်းဥပြုတ် ဘုရားကပ်ပါ

စနေ

လုပ်သမျှတွေဟာ အထစ်အငေါ့လေးတွေဖြစ်ပြီးမှအဆင်ပြေရတတ်ပါတယ်။ ကြံစည်လိုက်တဲ့ကိစ္စတိုင်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတိုင်း အတားအဆီးကြုံရတတ်ပါတယ်။ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မနာလိုချောက်ချခြင်းကို ခံရမဲ့အချိန်ပါပဲ။ ဘယ်သူစကားပြောပြော သတိလေးကပ်ထားပါ။စကားအမှားတွေကြောင့် ပြဿ နာအကြီးအကျယ်တတ်ရပါလိမ့်မယ်။

အသံကြောင့်ဖားသေဆိုတာမျိုးပေါ့။ ခရီးရှည်သွားဖို့ရှိရင် ရက်ရွှေ့ လိုက်ပါ။ အထူးသဖြင့် ရေလမ်းခရီးဆို မသွားတာအကောင်းဆုံးပါပဲ။ အုပ်စုဖွဲ့ ပြဿ နာရှာခြင်းကြုံရတတ်သည်။ မိသားစုအတွင်းသဘောထားကွဲလွဲမည်။ အိမ်ထောင်ရေးသောက ကြီးကျယ်စွာကြုံရမည်။ အိုးအိမ်နေရာထိုင်ခင်း ကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီးစကားပြောရမည်။ အထက်လူကြီးငြိုငြင်တာခံရ မည်။

အဖေ့ဘက်ကအမျိုးတွေဒုက္ခပေးလိမ့်မည်။ ပညာရေးကိစ္စ ညံ့နေသည်။ စာမေးပွဲကိစ္စ ၊အင်တာဗျူးကိစ္စ အဆင် မပြေကြုံမည်။ မိမိအကျိုးစီးပွားမလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်သည်။ ကျန်းမာ ရေး ကတော့ကောင်းနေမှာပါ။ ချစ်သူနဲ့ဝေးဝေးနေသင့်တဲ့ကာလပါ။တွေ့တာနဲ့စကားများရတတ်တယ်။

အကျိုးပေးဂဏန်း- ၁၊၂၊၆ အထူးဟော -ဗျာများရမည် ယတြာ -မိမိအိမ်ရှေ့လမ်းမှာ ငွေ ၅၀၀ခန့်ပံ့သကူပစ်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

——————————

တနဂၤေႏြ

မိမိအတြက္ေတြေဝဒြိဟျဖစ္စရာမ်ား ၊ဆုံးျဖတ္ရခက္စရာမ်ားႀကဳံရတတ္ပါတယ္။ ခရီးေတြလဲသြားရတတ္ ပါတယ္။ မိမိကို လုပ္ေဖာ္ကိုင္ဖက္ေတြက အထင္လြဲေနပါလိမ့္မယ္။ မိမိလုပ္စရာရွိတာ ရဲရဲေရွ႕တိုးေဆာင္႐ြက္ပါ။ သားသမီးရွိရင္လဲ ဆိုဆုံးမရခက္ေနပါလိမ့္မယ္။ မိမိအေနနဲ႔ ေအးေအးေဆးေဆးပဲေျပာဆိုဆုံးမေပးပါ။စိတ္လိုက္ မာန္ပါမလုပ္ပါနဲ႔။ အိမ္တြင္းေရးအေနနဲ႔က အေမြကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာေပၚရတတ္ပါတယ္။ ေဝးကြာေနတဲ့ မိတ္ေဆြေတြနဲ႔ လဲ ျပန္လည္ဆုံဆည္းရမွာပါ။

တရားဘာဝနာအားထုတ္ေနတဲ့သူေတြအေနနဲ႔လဲ တရားထူးရလာပါ လိမ့္ မယ္။ လူမႈေရးကံအထူးေကာင္းမြန္ေနမဲ့အခ်ိန္ပါပဲ။ ကိုယ္စိတ္ႏွစ္ပါး ပင္ပန္းေနမည္။ အခက္အခဲျပႆနာမ်ား ရင္ဆိုင္ေျဖရွင္းရမည္။ သူမ်ားေငြေၾကာင့္ဒုကၡေရာက္တတ္သည္။ ၾကားကအာမခံေပးတာမ်ိဳးမလုပ္ပါနဲ႔။ သူမ်ားေငြ ခဏ သိမ္းခိုင္းတာမ်ိဳး ၊အဖြဲ႕အစည္းကေငြေတြခဏသိမ္းခိုင္းတာမ်ိဳးေတြ လက္မခံပါႏွင့္ ။အလုပ္ေျပာင္း၊ေနရာ ေျပာင္း၊ ဌာနေျပာင္း ၊အိမ္ေျပာင္းဆိုတာမ်ိဳးေတြလဲႀကဳံရတတ္ပါတယ္။

ဒီကာလထဲ ေ႐ႊဝယ္တာမ်ိဳး မလုပ္ပါနဲ႔။ လာဘ္ပိတ္သြားတတ္လို႔ပါ။သားသမီးကိစၥအထူးပူပန္ရတတ္တယ္။ လူငယ္ေတြခ်စ္သူရဲ႕ဥပကၡာျပဳျခင္းခံရတတ္ပါ တယ္။ က်န္မားေရးအေနနဲ႔ ကိုယ္လက္မအီမသာျဖစ္တာ ၊ေသြးတိုးတာေလးလံထိုင္းမႈိင္းေနတာမ်ိဳး ႀကဳံရပါလိမ့္ မယ္။

အက်ိဳးေပးဂဏန္း -ဝ၊၇၊၆ အထူးေဟာ -မလုပ္ခ်င္မကိုင္ခ်င္ျဖစ္ေနမည္။ ယၾတာ -ေပါင္မုန္ဝယ္ၿပီး ငါးစာေကြၽးလိုက္ပါ။

တနလၤာ

ကံေကာင္းျခင္းေတြ အလွည့္က်လာတဲ့ ၇ရက္တာအခ်ိန္အခါေလးပါပဲ။ လုပ္သမွ်အဆင္ေျပျခင္း၊ ႀကံစည္ သမွ် ေအာင္ ျမင္ျခင္း၊ ေျပာသမွ်ၾသဇာေညာင္းျခင္းမ်ိဳးေတြ ႀကဳံရမွာပါ။အနာဂတ္အတြက္ targetသစ္ေတြစတင္ ခ်မွတ္လို႔ေကာင္းပါၿပီ။ ေရရွည္စီမံလုပ္ကိုင္ရမဲ့ အလုပ္ေတြကို ယခုအခ်ိန္စတင္ျခင္းျဖင့္ ခိုင္မာတဲ့ လုပ္ငန္းတစ္ခု အေနနဲ႔ အေျခတည္လာပါလိမ့္မယ္။

အလႉအတန္းကိစၥမ်ား ဘာသာေရးနဲ႔ ပတ္သက္ေသာ ကိစၥမ်ားတြင္ ဝင္ေရာက္ လုပ္ကိုင္ေပးရတတ္တဲ့အခ်ိန္ပါပဲ။ ေ႐ႊေငြလက္ဝတ္ရတနာေတြလဲဝင္လာတတ္ပါတယ္။ သားသမီးရွိရင္ သားသမီး ေၾကာင့္ မိဘေတြဂုဏ္တတ္မဲ့အခ်ိန္ပါ။လုပ္ငန္းစီးပြား အထူးေကာင္းမဲ့ကာလပါ။ လုပ္ငန္းသစ္စတင္ျခင္း၊ လုပ္ငန္းခ်ဲ႕ ထြင္ ျခင္းျပဳလုပ္လို႔ေကာင္းတဲ့အခ်ိန္ပါပဲ။ အလုပ္မွာေနရာေကာင္းရလြယ္တယ္။

ရာထူးတိုးၿပီး အလုပ္ေနရာေျပာင္း ၿပီး တာဝန္ထမ္းေဆာင္ရတတ္တယ္။ မိမိအားကူညီမဲ့သူေတြအနားမွာရွိမဲ့ကာလပါ။ မိမိၾသဇာေညာင္းမဲ့အခ်ိန္ေတြ ေပါ့။ ေကာင္းေသာခရီးေတြသြားရတတ္တယ္။ ကုသိုလ္တရားေတြလဲ စိတ္ပါလက္ပါလုပ္ျဖစ္ေနလိမ့္မယ္။ လူငယ္ ေတြ ကေတာ့ ခ်စ္သူအခ်င္းခ်င္းအထင္လြဲမဲ့ကာလပါ။ အိမ္ေထာင္သည္ေတြကေတာ့ စုတ္ေရာ ၊လာဘ္ေရာဝင္တတ္ တဲ့အတြက္ သတိထားပါ။အိမ္တြင္းမွာေငြကုန္ေၾကးက်မ်ားမဲ့ ကာလတစ္ခုပါ။က်နးမာေရးအညံ့ရွိေပမဲ့ အရမ္းစိုးရိမ္ ဖို႔မလိုေသးပါ။

အက်ိဳးေပးဂဏန္း-၆၊၃၊ဝ /အထူးေဟာ -ကံေကာင္းေနမည္။ ယၾတာ -ပုစြန္ဟင္းခ်က္ၿပီး ဘုရားရွင္ကိုဆြမ္းကပ္ပါ

အဂၤါ

ဒီကာလဟာ ဇာတာရွင္အတြက္အေကာင္းဘက္ကို အေလးသာတဲ့ ကာလပါပဲ။ စိတ္ကူးထဲမွာေရာလက္ေတြ႕ မွာ ေရာ ေမ်ာ္လင့္ထားတာေလးေတြ ျဖစ္လာပါလိမ့္မယ္။ မိမိနဲ႔အတူတူ လုပ္ကိုင္ေနတဲ့လုပ္ေဖာ္ကိုင္ဖက္ေတြက မိမိကိုအခ်စ္ပိုလာတတ္ပါတယ္။ အလုပ္မွာ ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳးႀကဳံ ရပါလိမ့္မယ္။ ပုဂၢိဳလ္ထူး ေတြရဲ႕ အိပ္မက္မက္ေပးျခင္းမ်ိဳးႀကဳံ ရပါက ထီထိုးလိုက္ပါ။

ေငြအစုလိုက္ဝင္မဲ့ နိမိတ္မို႔ပါ။စူးစမ္းေလ့လာရမဲ့ အလုပ္မ်ား၊ေဖာက္ထြက္ၿပီးလမ္းသစ္ထြင္ရမဲ့အလုပ္မ်ားအထူးေကာင္းမြန္ခ်ိန္ပါပဲ။ဘာကိစၥကိုမွအေလာတႀကီးမလုပ္ ဘဲ ေျဖးေျဖးမွန္မွန္လုပ္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရယူႏိုင္ပါလိမ့္မယ္။အထည္၊ထီး၊ဖိနပ္ဝင္မဲ့ကာလပါ။ အခ်စ္ေရး မွာစန္းပြင့္ေနတဲ့အတြက္ ယုန္ကမတိုး ပိုက္ကတိုးတဲ့အေျခအေနမ်ိဳးႀကဳံရႏိုင္ပါတယ္။ ကံေကာင္းေနတာတစ္ခုက ခ်စ္သူကစိတ္ေကာက္ေနတာ၊ အထင္လြဲေနတာမ်ိဳး ရွိရင္ေတာ့ ေျဖရွင္းႏိုင္ပါလိမ့္မယ္။

လက္စမသတ္ရေသးေသာ ကိစၥမ်ား၊ အလုပ္ေႂကြးမ်ား ဒီအခ်ိန္မွာ ၿပီးဆုံးေအာင္လုပ္ႏိုင္မဲ့ကာလပါပဲ။ ကိုယ္ပိုင္အလုပ္လုပ္ေနတဲ့သူမ်ားအဖို႔ အလုပ္ ထဲေငြထပ္မထည့္သင့္ေသးတဲ့ကာလပါ။ လင္မယားခ်င္း အလုပ္ကိစၥနဲ႔ပတ္သက္ၿပီးစကားမ်ားရမည္။ က်န္းမာေရးကေတာ့ ဒီကာလထဲမွာ အနည္းငယ္ညံ့ေနတယ္လို႔ျမင္ပါတယ္။ အိမ္ေရးမပ်က္ေစနဲ႔။ ကိုယ္ခံအားမက် ပါေစနဲ႔။

အက်ိဳးေပးဂဏန္း -၃၊၂၊ဝ အထူးေဟာ- ပုံမွန္အတိုင္းေရွ႕တိုးေဆာင္႐ြက္ပါ။ ယၾတာ -မ်က္ႏွာသစ္ၿပီးတိုင္း အရပ္ဆယ္မ်က္ႏွာရည္မွန္းေမတၱာပို႔ပါ

ဗုဒၶဟူး၊ရာဟု

အလုပ္သစ္စတင္ျခင္း ၊ဆိုင္အသစ္စဖြင့္ျခင္း၊အိမ္အသစ္စတင္ေဆာက္ျခင္းေတြ မလုပ္သင့္ေသးတဲ့ကာလ ပါပဲ။ အလုပ္ထဲမွာ ရန္ေပၚတတ္တယ္။အထက္လူႀကီး ၿငိဳျငင္မယ္။ကိုယ္ကေစတနာနဲ႔ လုပ္လိုက္ေပမဲ့ ေဝဒနာ ျဖစ္ သြားတတ္တဲ့ကာလပါပဲ။ ဘာေၾကာင့္မွန္းမသိ အလိုလိုေနရင္းစိတ္ညစ္ေနရတတ္ပါတယ္။ ဘာလုပ္ရမွန္းမသိဘဲ စိတ္ေလေနတာမ်ိဳးလဲျဖစ္တတ္တယ္ေနာ္။

ဒီကာလမွာ အေနအထိုင္မဆင္ျခင္တာနဲ႔ က်န္းမာေရး ျခဴ ျခာေတာ့ တာ ပါပဲ။ မိုးမိတာမ်ိဳး အရမ္းပင္ပန္းေအာင္အလုပ္လုပ္လိုက္တာမ်ိဳးေရွာင္ေစခ်င္ပါတယ္။ အိပ္ေရးလဲအပ်က္မခံပါ နဲ႔။ မိမိမွာရွိတဲ့ စက္ပစၥည္းေတြခဏခဏပ်က္ေနရလိမ့္မယ္။ စက္ပစၥည္းအသစ္ေတြလဲမဝယ္ပါနဲ႔။ ဒီကာလဟာ ဘာသာတရားကို ေလးေလးနက္နက္လုပ္ျခင္းျဖင့္ကံေကာင္းမႈေတြရွိလာမွာပါ။ အနီးကပ္လူရင္းေတြက ဒုကၡေပးတတ္ပါ တယ္။

အရမ္းရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ခြဲခြာရ တတ္ပါ တယ္။ခရီးကိစၥႀကဳံလာပါက သြားလိုက္ပါ။ ကံေတြျမင့္လာ ပါလိမ့္ မယ္။က်န္းမာေရးအေနနဲ႔ ေခါင္းကိုက္ ၊ေခါင္းမူး၊အာ႐ုံေၾကာအားနည္းျခင္းေတြျဖစ္လိမ့္မယ္။ အခ်စ္ေရးမွာ မတင္မက်နဲ႔ ဆုံးျဖတ္ရခက္ရတာမ်ိဳးႀကဳံလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့တစ္ေယာက္ကိုတစ္ေယာက္ ေဖးေဖး မမနဲ႔ သာယာတဲ့အိမ္ေထာင္ေရးျဖစ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၃၊၆၊၅ အထူးေဟာ -ကံအညံ့ထဲေရာက္ေနသည္။ ယၾတာ -ကေလးတစ္ေယာက္အား ကစားစရာ အ႐ုပ္တစ္ခုဝယ္ေပးလိုက္ပါ။

ၾကာသပေတး

ဒီကာလဟာ ေငြအထြက္မ်ားေနတတ္တဲ့ကာလပါပဲ။ အိမ္အတြက္ ဝယ္စရာေတြရွိတဲ့အတြက္ ေငြကုန္ရျခင္း မ်ိဳးပါပဲ။ အိမ္ေထာင္ေရး အိမ္တြင္းေရးေတာ့ အထူးသတိထားရပါလိမ့္မည္။ လင္မယားခ်င္း စကားမ်ားရတတ္တဲ့ ကာလမို႔ပါပဲ။ မိသားစုအတြင္းေအာက္လက္ငယ္သားေတြေၾကာင့္ စိတ္ညစ္စိတ္ရႈပ္ရတတ္ပါတယ္။ ခရီးရွည္သြား ဖို႔ကိစၥမ်ား ရွိရင္ပ်က္သြားတတ္ပါတယ္။ မိမိရဲ႕ အဖိုးတန္ပစၥည္းအသုံးအေဆာင္မ်ားကို လြယ္လင့္တကူမထားပါနဲ႔ ။

သူခိုးခိုးခံရတတ္လို႔ပါပဲ။ခရီးသြားအလုပ္ေတြ၊ စပ္တူအလုပ္ေတြ၊ အုပ္စုဖြဲ႕လုပ္ကိုင္ရတဲ့အလုပ္ေတြနဲ႔ပတ္သက္ၿပီး ေသာကေရာက္ရတတ္တယ္။ သားသမီးေၾကာင့္စိတ္ဆင္းရဲရလိမ့္မယ္။ဒီကာလအတြင္းအထူးသတိျပဳရမွာကေတာ့ က်န္းမာေရးပါ။ ဝမ္းပ်က္စာေတြလုံးဝမစားပါနဲ႔။အစားမွားတာနဲ႔ ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္မယ္။ဗိုက္ေအာက္ ၊ဗိုက္နာ ျဖစ္မည္။အခ်စ္ေရးကိစၥေတာ့အဆင္ေျပေခ်ာေမြ႕ေနမဲ့ကာလပါ။ခ်စ္သူမရွိေသးသူမ်ားခ်စ္သူသစ္ရလိမ့္မယ္။

ကိုယ္ ရည္မွန္းထားသူက ကိုယ့္ကိုဖြင့္ေျပာလာတတ္ပါတယ္။အထူးသျဖင့္ဒီကာလမွာလုံးဝေငြမေခ်းပါနဲ႔။ဆုံး တတ္ ပါ တယ္။ ႀကီးမားတဲ့ေငြေၾကးျမဳပ္ႏွံမႈေတြမလုပ္ပါနဲ႔အုံး။ ေငြျမဳပ္ရင္ေဖာ္ရခက္ခဲကာလပါပဲ။ ကိုယ့္ေငြနဲ႔ ကိုယ္ စိတ္ဆင္း ရဲရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း -၅၊၄၊၈ အထူးေဟာ -ေငြေၾကးကိုေသခ်ာစီမံခန႔္ခြဲပါ။ ယၾတာ -အားတဲ့တစ္ရက္မွာအိမ္ကဘုရားကိုေရသပၸါယ္ျခင္း၊ဘုရားေဆာင္သန႔္ရွင္းေရးလုပ္ပါ

ေသာၾကာ

မိမိကို ဒုကၡေပးနဲ႔သူေတြရွိသလို မိမိကိုကူညီမဲ့သူေတြလဲရွိမဲ့ကာလပါ။ မိမိဘက္ကမွန္ေအာင္ေနပါ။အရာ အားလုံးေျဖရွင္းၿပီးသားျဖစ္သြားမွာပါ။ ဖခင္ရဲ႕ ကူညီေထာက္ပံ့ျခင္းေတြလဲ ရလာမဲ့အခ်ိန္ပါပဲ။ အလုပ္ထဲမွာ လူႀကီး ေတြရဲ႕ အေရးေပးျခင္းမ်ိဳးခံရပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမားမ်ား ေဖာက္သည္သစ္တိုးျခင္း လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ ျခင္းမ်ိဳးရွိပါလိမ့္မယ္။ ဝန္ထမ္းမ်ား အေနနဲ႔လဲ အလုပ္ထဲမွာ မိမိေျပာစကားမ်ားေအာင္ျမင္မဲ့အခ်ိန္ ပါ။

ကံၾကမၼာ ေကာင္း နိမိတ္ေကာင္းေတြရမဲ့ေန႔ပါပဲ။ ေရရွည္စီမံကိန္းေတြခ်မွတ္သင့္တဲ့ေန႔ျဖစ္သလို ၊အဓိဌာန္စတင္ဝင္ေရာက္ မဲ့သူ ေတြအတြက္ အေကာင္းဆုံးကာလပါပဲ။စတင္တရားအားထုတ္မဲ့သူေတြအတြက္ တရားရဖို႔ အေထာက္အပံ့ ေကာင္းရ ေစတဲ့အခ်ိန္ပါပဲ။ စီးပြားေရး လူမႈေရးအထူးေကာင္းမယ္။ လုပ္သမွ်အဆင္ေျပေနမယ္။ စိတ္ခ်မ္းသာရ မယ္။အရမ္းရင္းႏွီသူေတြရဲ႕ခြဲခြာရလိမ့္မယ္။အိမ္ေထာင္ေရးသာယာမႈနည္းတဲ့အခ်ိန္ပါပဲ။

ဖခင္က်န္းမာေရးအထူးဂ႐ုစိုက္ရလိမ့္မယ္။ အလုပ္ထြက္ခ်င္စိတ္ျဖစ္ေနတဲ့ဝန္ထမ္းမ်ားအဖို႔ မထြက္ပါနဲ႔အုံး။ ပိုဆိုးသြားတတ္ပါတယ္။အခ်စ္ေရး မွာေတာ့ခ်စ္သူထံကအကူအညီေတြအထူးရလာတတ္ပါတယ္။ က်န္းမာေရးအနည္းငယ္အားနည္းတတ္ပါတယ္။ ဦးေႏွာက္၊အာ႐ုံေၾကာႏွင့္ႏွလုံးအားနည္းတတ္ခ်ိန္ပါ။

အက်ိဳးေပးဂဏန္း -၆၊၃၊၂ အထူးေဟာ အလုပ္ကံျမင့္ေနသည္။ ယၾတာ ကန္စြန္းဥျပဳတ္ ဘုရားကပ္ပါ

စေန

လုပ္သမွ်ေတြဟာ အထစ္အေငါ့ေလးေတြျဖစ္ၿပီးမွအဆင္ေျပရတတ္ပါတယ္။ ႀကံစည္လိုက္တဲ့ကိစၥတိုင္း လုပ္ကိုင္ေဆာင္႐ြက္လိုက္တဲ့ ကိစၥတိုင္း အတားအဆီးႀကဳံရတတ္ပါတယ္။ မိတ္ေဆြေတြ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မနာလိုေခ်ာက္ခ်ျခင္းကို ခံရမဲ့အခ်ိန္ပါပဲ။ ဘယ္သူစကားေျပာေျပာ သတိေလးကပ္ထားပါ။စကားအမွားေတြေၾကာင့္ ျပႆ နာအႀကီးအက်ယ္တတ္ရပါလိမ့္မယ္။

အသံေၾကာင့္ဖားေသဆိုတာမ်ိဳးေပါ့။ ခရီးရွည္သြားဖို႔ရွိရင္ ရက္ေ႐ႊ႕ လိုက္ပါ။ အထူးသျဖင့္ ေရလမ္းခရီးဆို မသြားတာအေကာင္းဆုံးပါပဲ။ အုပ္စုဖြဲ႕ ျပႆ နာရွာျခင္းႀကဳံရတတ္သည္။ မိသားစုအတြင္းသေဘာထားကြဲလြဲမည္။ အိမ္ေထာင္ေရးေသာက ႀကီးက်ယ္စြာႀကဳံရမည္။ အိုးအိမ္ေနရာထိုင္ခင္း ကိစၥေၾကာင့္ စိတ္ညစ္ရမည္။ အေမြကိစၥ ေျမကိစၥနဲ႔ပတ္သက္ၿပီးစကားေျပာရမည္။ အထက္လူႀကီးၿငိဳျငင္တာခံရ မည္။

အေဖ့ဘက္ကအမ်ိဳးေတြဒုကၡေပးလိမ့္မည္။ ပညာေရးကိစၥ ညံ့ေနသည္။ စာေမးပြဲကိစၥ ၊အင္တာဗ်ဴးကိစၥ အဆင္ မေျပႀကဳံမည္။ မိမိအက်ိဳးစီးပြားမလုပ္ရဘဲ သူတစ္ပါးကိစၥ လူမႈေရးကိစၥေတြနဲ႔အခ်ိန္ကုန္ေနတတ္သည္။ က်န္းမာ ေရး ကေတာ့ေကာင္းေနမွာပါ။ ခ်စ္သူနဲ႔ေဝးေဝးေနသင့္တဲ့ကာလပါ။ေတြ႕တာနဲ႔စကားမ်ားရတတ္တယ္။

အက်ိဳးေပးဂဏန္း- ၁၊၂၊၆ အထူးေဟာ -ဗ်ာမ်ားရမည္ ယၾတာ -မိမိအိမ္ေရွ႕လမ္းမွာ ေငြ ၅၀၀ခန႔္ပံ့သကူပစ္ပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးႏွင့္ ကပ္၃ပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695