ဆင်းရဲနွမ်းပါးသူများအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Mask ၁ ခုကို ၂၀၀၀ ကျပ်တည်းဖြင့်ရောင်းချပေး
ဗီဒီယိုဖိုင်အားအောက်တွင်ဖေါ်ပြထားပါသည်..




နယ်စပ်ဒေသများတွင် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အဆင်ပြေစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှဦးစီးပြီး

နှာခေါင်းနှင့်ပါးစပ်အကာ Mask များကို ၁ ခုလျှင် ၂၀၀၀ ကျပ်ဖြင့် သက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးကြီးစိုးမြင့်ဦးက ထိုသို့ရောင်းချပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးအဆင်မပြေသူများ၊ Mask များအတွက်အပိုကုန်ကျမည်ကိုစိုးရိမ်ပြီး Mask မဝယ်နိုင်သူများ၊
Mask များကို ဈေးကြီးသဖြင့်မဝယ်လိုသူများပါ Mask ဝယ်လာကြပြီး ကိုဗစ်ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးမြင့်ဦးမှ ထပ်မံ၍ မိမိကိုယ်တိုင်လည်း အဆင်မပြေသူများကိုတတ်နိုင်သမျှကူညီလျက်ရှိပြီး ယခုအခါ Mask များဈေးမြင့်နေသဖြင့်
လူအားလုံးအဆင်ပြေစေရန် သက်သာစွာ Mask ၁ ခုကို ၂၀၀၀ ကျပ်တည်းဖြင့်ရောင်းချခြင်းဖြစ်ကြောင်း၊ နီးစပ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။