Local News

ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ် တင်သင်္ဘော ပင်လယ်ပြင်တွင် စမ်းသပ်မောင်းနှင်

ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ် တင်သင်္ဘော ပင်လယ်ပြင်တွင် စမ်းသပ်မောင်းနှင်





အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ပြည်တွင်း ဖြစ် လေယာဉ်တင်သင်္ဘောက ပင်လယ်ပြင်အတွင်း စမ်းသပ်မောင်း နှင်မှုများ စတင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ ကိုချီမြို့ရှိ သင်္ဘောကျင်းတစ်ခုက တည်ဆောက်ခဲ့သော ပြည်တွင်းဖြစ် ဗိုင်းကရန့် လေယာဉ် တင်သင်္ဘောက ပင်လယ်ပြင်အတွင်း စမ်းသပ်မောင်းနှင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၄ ရက်တွင် ကြေညာခဲ့သည်။

တန်ချိန် ၄၀၀၀၀ ရှိပြီး အလျား ၂၆၂ မီတာရှိသော ဗိုင်းကရန့် လေယာဉ်တင်သင်္ဘော၌ လေယာဉ်ဆင်းကွင်း ပါရှိကာ လာမည့်နှစ်အစောပိုင်းတွင် ရေချမည်ဖြစ်သည်။





“Make in India” အစီအစဉ်အရ ပြည်တွင်း၌ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုတိုးမြှင့်ရန် အိန္ဒိယဝန် ကြီးချုပ် နာရင်ဒရာမိုဒီက ရည်မှန်းနေသည်။

ဗိုင်းကရန့် လေယာဉ်တင်သင်္ဘော တည်ဆောက်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းကိရိယာများ၏ ၇၅ ရာ ခိုင်နှုန်းကို အိန္ဒိယနိုင်ငံ၌ ထုတ်လုပ်ခဲ့သည်။

အဆိုပါ လေယာဉ်တင်သင်္ဘော ပင်လယ်ပြင်အတွင်း စမ်းသပ်မောင်းနှင်မှုကို အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူ ဖွယ်ရာ အခိုက်အတန့်တစ်ရပ်ဟု ကာကွယ်ရေးဝန်ကြီး ရာဂ်ျနတ်ဆင်းက ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” ဆက်လက်ဖော်ဆောင်ရန် တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာအတွင်း အင် အားချထားမှု တိုးမြှင့်လျက်ရှိသည်။

တရုတ်ရေငုပ်သင်္ဘောများက အိန္ဒိယနိုင်ငံ၏အိမ်နီးချင်း သီရိလင်္ကာနိုင်ငံရှိ ဆိပ်ကမ်းများ၌ ဆိုက်ကပ်မှုများ ပြုလုပ်ခဲ့သည်။





တရုတ်ရေတပ် အင်အားကြီးမားလာမှုကို ယှဉ်ပြိုင်နိုင်ရန် အိန္ဒိယရေတပ်က လေယာဉ်တင်သင်္ဘောများအပြင် ပြည်တွင်းအခြေခံအဆောက်အအုံများ အသုံးပြု၍ စစ်ရေယာဉ် အစင်း ၄၀ ကျော် တည်ဆောက်လျက်ရှိသည်။

Ref; India’s first domestic carrier begins sea trials

Source PeopleMedia