Local News

“ကိုဗစ် ၁၉ ကာကွယ်ဆေးအတုများ မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ်တွင် ဖမ်းဆီးရမိ”

“ကိုဗစ် ၁၉ ကာကွယ်ဆေးအတုများ မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ်တွင် ဖမ်းဆီးရမိ” သြဂုတ် ၄မြန်မာနယ်စပ်ဒေသ မဏိပူရ်ပြည်နယ် အင်ဖာမြို့၌ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၉၀၀၀ ခန့်တန်ဖိုးရှိ COVID-19 ရောဂါကုသဆေး

Remdesivir အတုဟု ယူဆရသည့် ဆေးပုလင်းများနှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းနှင့် အမှုစုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ဘီဟာပြည်နယ် ဆမ်မတ်စတီပူရ်ခရိုင် ဆာဆမ်ရွာနေ ၎င်းအမျိုးသားအား(၈)ရက်ကြာ ချုပ်နှောင်ထားရန် အင်္ဂါနေ့တွင် ရမန်ချအပ်လိုက်သည်ဟု Indian Express က ယနေ့ရေးသားသည်။



အသက် ၅၅ နှစ်အရွယ် လာလိုရှားအမည်ရှိသူသည် ဆေးပုလင်းများကို လျှို့ဝှက်စွာ သယ်ဆောင်လာစဉ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟန့်တားကာကွယ်ရေး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်အရ ယာဉ်နှင့်လူအသွားအလာများကို ကြပ်မတ်သည့်

အင်ဖာမြို့အရှေ့ပိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုင်လုံသော စာရွက်စာတမ်းပြသနိုင်ခြင်း မရှိဘဲ Remdesivir အမည်ပါ COVID-19 ရောဂါကုသရာတွင်

အသုံးပြုသည့် သွေးကြောထိုးဆေး ၄၄၁ ပုလင်းကို အိတ် ၂ လုံးတွင် ထည့်သွင်းသယ်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိရသဖြင့် လာလိုရှားအား အရေးယူထားကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ပြောဆိုသည်။



ကျန်းမာရေးဌာန၏ ကနဦးတွေ့ရှိချက်များအရ ဖမ်းဆီးရမိသော ထိုးဆေးများမှာ အတုဖြစ်နိုင်သည်ဟု သိရှိရကြောင်း၊ အစိုးရ ကျန်းမာရေးဌာနတွင် ထိန်းသိမ်းထားသည့် Remdesivir ဆေးအစစ်တို့၏ အမှတ်တံဆိပ်နှင့် နှိုင်းယှဉ်ကြည့်ရာတွင်

ကွဲလွဲချက်များ တွေ့ရှိရကြောင်း၊ ထို့ပြင် အဆိုပါ ဆေးဝါးများမှာ လုံလောက်သည့် အထောက်အထား မပါရှိဘဲ ပုဂ္ဂလိကမည်သူတစ်ဦးတစ်ယောက်မျှ ဝယ်ယူပိုင်ဆိုင်နိုင်ခြင်း မရှိရကြောင်းလည်း ဆိုသည်။



ယခုကဲ့သို့ ဆေးဝါးအတု တရားမဝင်လုပ်ငန်းအကြောင်း အသေးစိတ် မသိရှိရသေးသော်လည်း မြန်မာနိုင်ငံ၌ ဝယ်လိုအား အထူးမြင့်မားနေသည်ဟု သိရှိရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသဆေး အတုလုပ်ငန်းနှင့် ဆက်စပ်သည်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ရှင်းပြသည်။
Crd

Unicode

 

သြဂုတ် ၄မြန်မာနယ်စပ်ဒေသ မဏိပူရ်ပြည်နယ် အင်ဖာမြို့၌ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၉၀၀၀ ခန့်တန်ဖိုးရှိ COVID-19 ရောဂါကုသဆေး Remdesivir အတုဟု ယူဆရသည့် ဆေးပုလင်းများနှင့် အတူ

ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းနှင့် အမှုစုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ဘီဟာပြည်နယ် ဆမ်မတ်စတီပူရ်ခရိုင် ဆာဆမ်ရွာနေ ၎င်းအမျိုးသားအား(၈)ရက်ကြာ ချုပ်နှောင်ထားရန် အင်္ဂါနေ့တွင် ရမန်ချအပ်လိုက်သည်ဟု Indian Express က ယနေ့ရေးသားသည်။



အသက် ၅၅ နှစ်အရွယ် လာလိုရှားအမည်ရှိသူသည် ဆေးပုလင်းများကို လျှို့ဝှက်စွာ သယ်ဆောင်လာစဉ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟန့်တားကာကွယ်ရေး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်အရ ယာဉ်နှင့်လူအသွားအလာများကို

ကြပ်မတ်သည့် အင်ဖာမြို့အရှေ့ပိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုင်လုံသော စာရွက်စာတမ်းပြသနိုင်ခြင်း မရှိဘဲ Remdesivir အမည်ပါ

COVID-19 ရောဂါကုသရာတွင် အသုံးပြုသည့် သွေးကြောထိုးဆေး ၄၄၁ ပုလင်းကို အိတ် ၂ လုံးတွင် ထည့်သွင်းသယ်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိရသဖြင့် လာလိုရှားအား အရေးယူထားကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ပြောဆိုသည်။



ကျန်းမာရေးဌာန၏ ကနဦးတွေ့ရှိချက်များအရ ဖမ်းဆီးရမိသော ထိုးဆေးများမှာ အတုဖြစ်နိုင်သည်ဟု သိရှိရကြောင်း၊ အစိုးရ ကျန်းမာရေးဌာနတွင် ထိန်းသိမ်းထားသည့် Remdesivir ဆေးအစစ်တို့၏ အမှတ်တံဆိပ်နှင့်

နှိုင်းယှဉ်ကြည့်ရာတွင် ကွဲလွဲချက်များ တွေ့ရှိရကြောင်း၊ ထို့ပြင် အဆိုပါ ဆေးဝါးများမှာ လုံလောက်သည့် အထောက်အထား မပါရှိဘဲ ပုဂ္ဂလိကမည်သူတစ်ဦးတစ်ယောက်မျှ ဝယ်ယူပိုင်ဆိုင်နိုင်ခြင်း မရှိရကြောင်းလည်း ဆိုသည်။



ယခုကဲ့သို့ ဆေးဝါးအတု တရားမဝင်လုပ်ငန်းအကြောင်း အသေးစိတ် မသိရှိရသေးသော်လည်း မြန်မာနိုင်ငံ၌ ဝယ်လိုအား အထူးမြင့်မားနေသည်ဟု သိရှိရကြောင်း၊

ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသဆေး အတုလုပ်ငန်းနှင့် ဆက်စပ်သည်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ရှင်းပြသည်။

Credit