Local News

သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ငွေကြေးပေးငှါးထားသူ အမေရိကန်ရဲတပ်ဖွဲ့ စစ်ဆေးနေ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုက ဒီရက်ပိုင်းအတွင်း အခကြေးငွေပေးပြီး ကြိုးစားခဲ့ကြောင်း သိရပါတယ်။

သံအမတ်ကြီးကို သတ်ဖြတ်ပေးဖို့ နယူးယောက်မြို့မှာ လက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေးငွေပေး ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီ မြန်မာနိုင်ငံသားက ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကို ပြောပြခဲ့ပြီးနောက်မှာ သံအမတ်ကြီးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့် တောင်းထားသူဖြစ်ကြောင်းနဲ့ သူ့ကို အခု အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သတင်းရပါတယ်။

ရိုက်တာသတင်းဌာနကတော့ သံအမတ်ကြီးက သူ့ရဲ့လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က သိရှိရတဲ့အတွက် အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် အခု စုံစမ်းအရေးယူနေကြောင်း၊ သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားကြောင်း ပြောဆိုတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မိမိတို့ရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို အသေးစိတ် ပြောဆိုထုတ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တဲ့အတွက် အသေးစိတ် ထုတ်ပြန်ပြောဆိုနိင်ခြင်း မရှိသေးကြောင်း၊ အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူ့အပေါ် နားလည်စေလိုကြောင်း ပြောဆိုပါတယ်။

ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် လက်ရှိတာဝန်ယူထားတဲ့ နယူးယောက်မြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ သံအမတ်ကြီးအတွက် လုံခြုံရေးကို အရင်ကထက် ပိုမိုအဆင့်မြင့် ဆောင်ရွက်နေတယ်လို့ပဲ RFA ကိုပြောဆိုပြီး အသေးစိတ်ပြောကြားဖို့ ငြင်းဆိုပါတယ်။

ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့် ရှိသူတွေကိုလည်း လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

အခုလို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် အခကြေးငွေပေး ခိုင်းစေမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

—————————–

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ဖို႔အတြက္ အဖြဲ႕အစည္းတစ္ခုက ဒီရက္ပိုင္းအတြင္း အခေၾကးေငြေပးၿပီး ႀကိဳးစားခဲ့ေၾကာင္း သိရပါတယ္။

သံအမတ္ႀကီးကို သတ္ျဖတ္ေပးဖို႔ နယူးေယာက္ၿမိဳ႕မွာ လက္ရွိေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံသားတစ္ဦးကို အဲဒီအဖြဲ႕အစည္းက အခေၾကးေငြေပး ငွားရမ္းခဲ့တာျဖစ္ၿပီး အဲဒီ ျမန္မာႏိုင္ငံသားက ဦးေက်ာ္မိုးထြန္းကို ဆက္သြယ္ၿပီး အေၾကာင္းစုံကို ေျပာျပခဲ့ၿပီးေနာက္မွာ သံအမတ္ႀကီးက အေမရိကန္အစိုးရ လုံၿခဳံေရးဆိုင္ရာ ပုဂၢိဳလ္ေတြကို အေၾကာင္းၾကားခဲ့တယ္လို႔ သိရပါတယ္။

အဲဒီျမန္မာႏိုင္ငံသားဟာ အေမရိကန္ျပည္ေထာင္စုကို အလည္အပတ္ဗီဇာနဲ႔ လာေရာက္ၿပီးေနာက္မွာ ခိုလႈံခြင့္ ေတာင္းထားသူျဖစ္ေၾကာင္းနဲ႔ သူ႔ကို အခု အေမရိကန္ ျပည္ေထာင္စု ေထာက္လွမ္းေရးအရာရွိေတြက စစ္ေဆးေမးျမန္းေနေၾကာင္းလည္း သတင္းရပါတယ္။

႐ိုက္တာသတင္းဌာနကေတာ့ သံအမတ္ႀကီးက သူ႔ရဲ႕လုံၿခဳံေရးၿခိမ္းေျခာက္မႈ အႏၲရာယ္ကို ၿပီးခဲ့တဲ့အဂၤါေန႔က သိရွိရတဲ့အတြက္ အေမရိကန္ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ၿပီးေနာက္ အခု စုံစမ္းအေရးယူေနေၾကာင္း၊ သူ႔လုံၿခဳံေရးအတြက္ ရဲတပ္ဖြဲ႕က ေဆာင္႐ြက္ေပးထားေၾကာင္း ေျပာဆိုတယ္လို႔ ေဖာ္ျပပါတယ္။

အေမရိကန္ျပည္ေထာင္စု ဗဟိုအစိုးရ စုံစမ္းစစ္ေဆးေရးအဖြဲ႕ (FBI) ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ အေမရိကန္ ႏိုင္ငံျခားေရးဌာနကလည္း မိမိတို႔ရဲ႕ ကာကြယ္ေရးအစီအစဥ္ေတြကို အေသးစိတ္ ေျပာဆိုထုတ္ျပန္ျခင္း မရွိပါဘူးလို႔ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို RFA က ၿပီးခဲ့တဲ့ မိနစ္ပိုင္းအတြင္း ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဒီကိစၥကို လုံၿခဳံေရးအရ ဆက္လက္ေဆာင္႐ြက္ေနဆဲ ျဖစ္တဲ့အတြက္ အေသးစိတ္ ထုတ္ျပန္ေျပာဆိုနိင္ျခင္း မရွိေသးေၾကာင္း၊ အေမရိကန္အစိုးရ လုံၿခဳံေရးဆိုင္ရာ ပုဂၢိဳလ္ေတြကလည္း သတင္းထုတ္ျပန္ျခင္း မရွိေသးတဲ့အတြက္ သူ႔အေပၚ နားလည္ေစလိုေၾကာင္း ေျပာဆိုပါတယ္။

ဦးေက်ာ္မိုးထြန္းရဲ႕ လုံၿခဳံေရးအတြက္ လက္ရွိတာဝန္ယူထားတဲ့ နယူးေယာက္ၿမိဳ႕ရွိ ျမန္မာ့ ဒီမိုကေရစီအေရး လႈပ္ရွားသူေတြကေတာ့ သံအမတ္ႀကီးအတြက္ လုံၿခဳံေရးကို အရင္ကထက္ ပိုမိုအဆင့္ျမင့္ ေဆာင္႐ြက္ေနတယ္လို႔ပဲ RFA ကိုေျပာဆိုၿပီး အေသးစိတ္ေျပာၾကားဖို႔ ျငင္းဆိုပါတယ္။

ဒီအမႈရဲ႕ ေနာက္ကြယ္မွာ အာဏာသိမ္းခဲ့တဲ့ ျမန္မာစစ္တပ္ ပါဝင္ပတ္သက္ေနတယ္လို႔ လူတခ်ိဳ႕က ယူဆေပမယ့္ RFA က အတည္ျပဳႏိုင္ျခင္း မရွိေသးသလို ျမန္မာစစ္တပ္ ေျပာေရးဆိုခြင့္ ရွိသူေတြကိုလည္း လတ္တေလာ ဆက္သြယ္လို႔ မရေသးပါဘူး။

အခုလို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ရန္ အခေၾကးေငြေပး ခိုင္းေစမႈနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြ ပိုမိုရရွိဖို႔ RFA က ႀကိဳးစားေနဆဲျဖစ္ပါတယ္။